Connect with us

Hi, what are you looking for?

သတင်း

လင်းခေးနှင့်ဟုမ္မလင်းတွင် ငလျင်လှုပ်

ရှမ်းပြည်နယ်၊လင်းခေးမြို့နှင့်စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့အနီးတွင် ယနေ့(ဇူလိုင်လ ၁ရက်)နံနက်ပိုင်း၌ ရစ်ခ်တာစကေး ၄ဒဿမ၂အဆင့်ရှိ မြေငလျင် တစ်ကြိမ်စီလှုပ်ရှားသွားသည်။

ဇူလိုင်-၁၊၂၀၂၅။အိမ်သွင်/People’s Spring

ရှမ်းပြည်နယ်၊လင်းခေးမြို့နှင့်စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့အနီးတွင် ယနေ့(ဇူလိုင်လ ၁ရက်)နံနက်ပိုင်း၌ ရစ်ခ်တာစကေး ၄ဒဿမ၂အဆင့်ရှိ မြေငလျင် တစ်ကြိမ်စီလှုပ်ရှားသွားသည်။

လင်းခေးမြို့တွင် နံနက်အ​​စော ၂နာရီ ၁၃မိနစ်က မြေအနက် ၁၀ ကီလိုမီတာ( ‌‌၆မိုင်ခန့်)ကိုဗဟိုပြု၍ လှုပ်ခဲ့ပြီး ဟုမ္မလင်းမြို့အနီးတွင် မြေအနက် ၁၃၅ ကီလိုမီတာ(၈၃မိုင်ခန့်)ကိုဗဟိုပြု၍ နံနက် ၉နာရီ ၁၄မိနစ်၌ လှုပ်ရှားခဲ့သည်။

လင်းခေးတွင်လှုပ်သောငလျင်မှာ ​​ဇောက်တိမ်ငလျင်ဖြစ်၍ ငလျင်လှုပ်သည်ကို ပိုသိသာခဲ့ပြီး လက်ရှိ သတင်းများအရ ထိခိုက်မှုမရှိကြောင်း ဒေသခံများထံမှ သိရသည်။

Public Service Announcement

Public Service Announcement

မတ်လ ၂၈ရက် စစ်ကိုင်းငလျင်ငလျင်လှုပ်ခဲ့ပြီး​နောက် သုံးလအကြာတွင် ရစ်ခ်တာစကေး ၄ အဆင့်ပတ်ဝန်းကျင် ငလျင်များမကြာခဏလှုပ်ရှားနေ၍ ဘေးသင့်ဒေသမှပြည်သူများ စိုးရိမ်နေကြသည်။

ဇွန်လဆန်းပိုင်းကရစ်ခ်တာစကေး ၄ မှ ၅ ကြား ငလျင်အချို့သည် ပဲခူးတိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကချင်ပြည်နယ်နှင့် မန္တလေးတိုင်းအတွင်း မကြာခဏ လှုပ်ခဲ့ပြီး လလယ်ပိုင်းတွင် ငြိမ်သက်နေရာမှ ဇွန်လကုန်ပိုင်းမှစ၍ ထပ်မံလှုပ်ရှားနေခြင်းဖြစ်သည်။ဇွန်လ၂၉ရက်က မန္တလေးတိုင်း၊ မြစ်သားမြို့အနီးတွင် ရစ်ခ်တာစကေး ၄ ဒဿမ၈အဆင့်၊ ဇွန်လ ၂၇ရက်က မန္တလေးမြို့အနီး၌ ရစ်ခ်တာစကေး ၄ဒဿမ၃အဆင့်၊ဇွန်လ ၂၅ရက်က ပြင်ဦးလွင်မြို့အနီး၌ ရစ်ခ်တာစကေး ၄ဒဿမ၄အဆင့်၊ဇွန်လ ၂၃ရက်ကပဲခူးတိုင်း ပြည်မြို့အနီး၌ ရစ်ခ်တာစကေး ၄ဒဿမ၂ အဆင့်ငလျင်များလှုပ်ရှားခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကျူရှူးကျွန်းပေါ်က ငလျင်ဘေးသင့် ကူမာမိုတို ဒေသဆီ ဂျပန်ဝန်ကြီးချုပ် စနအဲ တကိချိက ကိုယ်တိုင် သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

ဇွန်လတုန်းက ဗင်နီဇွဲလား နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ စုံတွဲငလျင်ကြီး နှစ်ခုကြောင့် သေဆုံးသူ အရေအတွက်ဟာ ၆၀၀၀ ကျော်လွန်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။