Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီတိုက်​လေယာဥ် ၁ စင်း​ ပျံသန်း​​ရင်း​ပျောက်​ဆုံးနေ

​စစ်​ကောင်စီ နဲ့ အဆက်အသွယ်စပြတ်သွား​တယ်ဆိုတဲ့နေရာဝန်းကျင်ဟာကရင် နဲ့ ကရင်နီနယ်စပ် ဖြစ်​နေ၊ တိုက်ပွဲ​တွေပြင်းထန်​နေတဲ့ဖား​ဆောင်းမြို့နဲ့အကြမ်းဖျင်း၂၄ မိုင်​ကျော်အကွာအ​ဝေးမှာဖြစ်

ဇူလိုင်-၃၊၂၀၂၅။ဒီပ/People’s Spring

စစ်​ကောင်စီရဲ့ တိုက်ခိုက်​ရေး​လေယာဥ် ၁ စင်းဟာ ဇူလိုင် ၁ ရက်ညမှာ ​လေ့ကျင့်ပျံသန်းရင်း ​ပျောက်

ဆုံး​နေတယ်လို့ စစ်​ကောင်စီက ဇူလိုင် ၃ ရက်မှာထုတ်ပြန်ပါတယ် ။

စစ်​ကောင်စီရဲ့ တိုက်ခိုက်​ရေး​လေယာဥ် ၁ စင်းဟာ ဇူလိုင် ၁ ရက်ညမှာခရီး​ဝေး​လေ့ကျင့်ပျံသန်းစဥ်​နေပြည်​တော်ရဲ့အ​ရှေ့​တောင်ဘက် ၁၃၀ ကီလိုမီတာအကွာမှာရုတ်တရက်​ရေဒါမြင်ကွင်းက​ပျောက်ကွယ်ပြီး အဆက်အသွယ်ပြတ်​တောက်သွားတာလို့​ဖော်ပြထားပါတယ် ။ တာဝန်ရှိသူ​တွေရဲ့ ပဏာမစစ်​ဆေူချက်အရ စက်ချွတ်ယွင်းမှု ဒါမှမဟုတ် ရုတ်တရက်ရာသီဥတု ဆိုးရွားမှု​ကြောင့်ဖြစ်နိုင်တယ်လို့လည်းဆိုပါတယ် ။အဆက်အသွယ်ပြတ်​တောက်ခဲ့တဲ့​နေရာကို ရာသီဥတုဆိုးရွား​နေ​ပေမယ့် ရှာ​ဖွေကယ်ဆယ်​ရေး​စေလွှတ်ဖို့​ဆောင်ရွက်​နေတယ်လို့လည်းဆိုပါတယ် ။

Public Service Announcement

Public Service Announcement

စစ်​ကောင်စီက တိုက်​လေယာဥ်အမျိုးအစားကို​ဖော်ပြမထားပါဘူး ။ ​အဆက်အသွယ်ပြတ်​တောက်သွားတယ်ဆိုတာဟာစစ်​ကောင်စီအဆိုအရ ဇူလိုင် ၁ ရက်ည ကတွက်ရင် သတင်းထုတ်ပြန်တဲ့ ဇူလိုင် ၃ ရက်​နေ့မနက်ပိုင်းအထိ နာရီ ၃၀ ​​ကျော်ရှိ​နေပြီဖြစ်ပါတယ် ။

ဒါအပြင်အဆက်အသွယ်ပြတ်​တောက်ခဲ့တယ်ဆိုတဲ့ ​နေပြည်​​တော် ရဲ့အ​ရှေ့​တောင်ဘက်နဲ့ ကီလို

မီတာ ၁၃၀ အကွာ (မိုင် ၈၀ ဝန်းကျင်)ဆိုတာ အ​ဖြောင့်တိုင်းရင် အကြမ်းဖျင်းကရင် နဲ့ ကရင်နီပြည် အစပ်​တွေဖြစ်​နေပါတယ် ။ကရင်နီပြည်မှမော်ချီး၊ဖား​ဆောင်း ၊ ကရင် ပြည်နယ်မှာဆိုရင် ဘောဂလိ ၊သံတောင်ကြီးဝန်းကျင်တဝိုက်ဖြစ်​​နေပါတယ်။အဆိုပါ​ဒေသ​တွေမှာလတ်တ​လောတိုက်ပွဲ​တွေဖြစ်​နေပါတယ် ။အထူးသဖြင့် ကရင်နီတပ်​ပေါင်းစုက ဖား​ဆောင်းမြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့ စစ်တပ်ရဲ့ လက်ကျန်တပ်ရင်း နှစ်ခုကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့ အပြင်းအထန်ထိုးစစ်ဆင်​နေတာဖြစ်ပါတယ် ။ ​အခု​တိုက်​လေယာဥ်နဲ့​ရေဒါမှစ​ပျောက်အဆက်အသွယ်ပြတ်သွားတဲ့ဆိုတဲ့​နေရာဟာဖား​ဆောင်းမြို့နဲ့ အကြမ်းဖျင်း၂၄ မိုင်​ကျော်

(၄၀ ကီလိုမီတာ)ဝန်းကျင်ပဲကွာ​ဝေးပါတယ်။

နေပြည်​တော်အ​ရှေ့​တောင်ဘက် ကီလိုမီတာ ၂၂၀ ဆိုရင် မြန်မာ-ထိုင်းနယ်စပ်ကို​ရောက်သွားမှာဖြစ်ပါတယ်။

စစ်​ကောင်စီဟာ ​​နွေဦး​တော်လှန်​ရေးကာလတ​လျှောက် ​တော်လှန်​ရေးတပ်​တွေက တိုက်​လေယာဥ် ၊ရဟတ်ယာဥ်​တွေ ပစ်ချခဲ့ရင်လည်း စက်ချို့ယွင်းပျက်ကျတာ၊ ရာသီဥတုဆိုးရွားလို့ပျက်ကျတာလို့ပဲထုတ်ပြန်​လေ့ရှိတာမို့ ဒီတကြိမ် ​တိုက်​လေယာဥ် ​ပျောက်​နေတာဟာ အမှန်ဘယ်လိုလဲဆိုတာ မသိနိုင်​သေးပါဘူး။

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်းမှာ​တော်လှန်​ရေးအဖွဲ့​တွေက စစ်တပ်ရဲ့ တိုက်​လေယာဥ် ၊ရဟတ်ယာဥ် အစီး​ရေ အနည်းဆုံး ၁၂ စင်းကိုပစ်ချထားနိုင်ပါတယ် ။ဒါအပြင် စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်းမှာပဲစစ်​ကောင်စီရဲ့လေယာဥ်၊ရ

ဟတ်ယာဥ် ပျက်ကျတာ အနည်းဆုံး ၇ စင်းရှိခဲ့ပါ​သေးတယ် ။ဒါဟာ ဇူလိုင် ၁ ရက်ည​မှာ​ပျောက်ဆုံး​နေတဲ့ တိုက်​လေယာဥ် မပါ​သေးပါဘူး။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူအချို့က စစ်ကောင်စီရဲ့ လုပ်နည်းလုပ်ဟန်အပေါ် မေးခွန်းထုတ်

နိုင်ငံတကာ

ဟိုသီတပ်ဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကနေ ဆော်ဒီကို ကာကွယ်ပေးဖို့ တိုက်လေယာဉ်တွေ ဖြန့်ကျက်သွားမယ်လို့ ဗြိတိန် အစိုးရက အတည်ပြုခဲ့ပါတယ်။

သတင်း

တနိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)အပေး လူထုရဲ့ ယုံကြည်ကိုးစားမှု လျော့နည်းကျဆင်းခဲ့ကြောင်း နေပြည်တော်မှာ ကျင်းပတဲ့ NCA စာချုပ်ချုပ်ဆိုမှု ၁၁နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။