ဇူလိုင်-၃၊၂၀၂၅။ဒီပ/People’s Spring
စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးလေယာဥ် ၁ စင်းဟာ ဇူလိုင် ၁ ရက်ညမှာ လေ့ကျင့်ပျံသန်းရင်း ပျောက်
ဆုံးနေတယ်လို့ စစ်ကောင်စီက ဇူလိုင် ၃ ရက်မှာထုတ်ပြန်ပါတယ် ။
စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးလေယာဥ် ၁ စင်းဟာ ဇူလိုင် ၁ ရက်ညမှာခရီးဝေးလေ့ကျင့်ပျံသန်းစဥ်နေပြည်တော်ရဲ့အရှေ့တောင်ဘက် ၁၃၀ ကီလိုမီတာအကွာမှာရုတ်တရက်ရေဒါမြင်ကွင်းကပျောက်ကွယ်ပြီး အဆက်အသွယ်ပြတ်တောက်သွားတာလို့ဖော်ပြထားပါတယ် ။ တာဝန်ရှိသူတွေရဲ့ ပဏာမစစ်ဆေူချက်အရ စက်ချွတ်ယွင်းမှု ဒါမှမဟုတ် ရုတ်တရက်ရာသီဥတု ဆိုးရွားမှုကြောင့်ဖြစ်နိုင်တယ်လို့လည်းဆိုပါတယ် ။အဆက်အသွယ်ပြတ်တောက်ခဲ့တဲ့နေရာကို ရာသီဥတုဆိုးရွားနေပေမယ့် ရှာဖွေကယ်ဆယ်ရေးစေလွှတ်ဖို့ဆောင်ရွက်နေတယ်လို့လည်းဆိုပါတယ် ။

Public Service Announcement
စစ်ကောင်စီက တိုက်လေယာဥ်အမျိုးအစားကိုဖော်ပြမထားပါဘူး ။ အဆက်အသွယ်ပြတ်တောက်သွားတယ်ဆိုတာဟာစစ်ကောင်စီအဆိုအရ ဇူလိုင် ၁ ရက်ည ကတွက်ရင် သတင်းထုတ်ပြန်တဲ့ ဇူလိုင် ၃ ရက်နေ့မနက်ပိုင်းအထိ နာရီ ၃၀ ကျော်ရှိနေပြီဖြစ်ပါတယ် ။
ဒါအပြင်အဆက်အသွယ်ပြတ်တောက်ခဲ့တယ်ဆိုတဲ့ နေပြည်တော် ရဲ့အရှေ့တောင်ဘက်နဲ့ ကီလို
မီတာ ၁၃၀ အကွာ (မိုင် ၈၀ ဝန်းကျင်)ဆိုတာ အဖြောင့်တိုင်းရင် အကြမ်းဖျင်းကရင် နဲ့ ကရင်နီပြည် အစပ်တွေဖြစ်နေပါတယ် ။ကရင်နီပြည်မှမော်ချီး၊ဖားဆောင်း ၊ ကရင် ပြည်နယ်မှာဆိုရင် ဘောဂလိ ၊သံတောင်ကြီးဝန်းကျင်တဝိုက်ဖြစ်နေပါတယ်။အဆိုပါဒေသတွေမှာလတ်တလောတိုက်ပွဲတွေဖြစ်နေပါတယ် ။အထူးသဖြင့် ကရင်နီတပ်ပေါင်းစုက ဖားဆောင်းမြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့ စစ်တပ်ရဲ့ လက်ကျန်တပ်ရင်း နှစ်ခုကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့ အပြင်းအထန်ထိုးစစ်ဆင်နေတာဖြစ်ပါတယ် ။ အခုတိုက်လေယာဥ်နဲ့ရေဒါမှစပျောက်အဆက်အသွယ်ပြတ်သွားတဲ့ဆိုတဲ့နေရာဟာဖားဆောင်းမြို့နဲ့ အကြမ်းဖျင်း၂၄ မိုင်ကျော်
(၄၀ ကီလိုမီတာ)ဝန်းကျင်ပဲကွာဝေးပါတယ်။
နေပြည်တော်အရှေ့တောင်ဘက် ကီလိုမီတာ ၂၂၀ ဆိုရင် မြန်မာ-ထိုင်းနယ်စပ်ကိုရောက်သွားမှာဖြစ်ပါတယ်။
စစ်ကောင်စီဟာ နွေဦးတော်လှန်ရေးကာလတလျှောက် တော်လှန်ရေးတပ်တွေက တိုက်လေယာဥ် ၊ရဟတ်ယာဥ်တွေ ပစ်ချခဲ့ရင်လည်း စက်ချို့ယွင်းပျက်ကျတာ၊ ရာသီဥတုဆိုးရွားလို့ပျက်ကျတာလို့ပဲထုတ်ပြန်လေ့ရှိတာမို့ ဒီတကြိမ် တိုက်လေယာဥ် ပျောက်နေတာဟာ အမှန်ဘယ်လိုလဲဆိုတာ မသိနိုင်သေးပါဘူး။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော်လှန်ရေးအဖွဲ့တွေက စစ်တပ်ရဲ့ တိုက်လေယာဥ် ၊ရဟတ်ယာဥ် အစီးရေ အနည်းဆုံး ၁၂ စင်းကိုပစ်ချထားနိုင်ပါတယ် ။ဒါအပြင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာပဲစစ်ကောင်စီရဲ့လေယာဥ်၊ရ
ဟတ်ယာဥ် ပျက်ကျတာ အနည်းဆုံး ၇ စင်းရှိခဲ့ပါသေးတယ် ။ဒါဟာ ဇူလိုင် ၁ ရက်ညမှာပျောက်ဆုံးနေတဲ့ တိုက်လေယာဥ် မပါသေးပါဘူး။


















































