Connect with us

Hi, what are you looking for?

သတင်း

ပြင်ဦးလွင်ကလာတဲ့စစ်တပ်စစ်ကြောင်း ရှေ့တိုးလာပြီး နောင်ချိုနဲ့ ပိုနီးလာ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့အနီးမှာ တိုက်ပွဲတွေပြင်းထန်နေပြီး ပြင်ဦးလွင်ကနေလာတဲ့ စစ်ကြောင်းက မြို့နဲ့ လေးမိုင်လောက်ပဲကွာဝေးတဲ့ ကျောက်ကြမ်းကျေးရွာနားကို ရောက်လာနေပြီလို့ နောင်ချိုမြို့ခံတွေက ပြောပါတယ်။

နောင်ချိုဒေသ တိုက်ပွဲအတွင်း တွေ့ရတဲ့ TNLA ရဲဘော်တွေ။ ဓာတ်ပုံ - TNLA

ဇူလိုင် ၄၊ ၂၀၂၅။ People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့အနီးမှာ တိုက်ပွဲတွေပြင်းထန်နေပြီး ပြင်ဦးလွင်ကနေလာတဲ့ စစ်ကြောင်းက မြို့နဲ့ လေးမိုင်လောက်ပဲကွာဝေးတဲ့ ကျောက်ကြမ်းကျေးရွာနားကို ရောက်လာနေပြီလို့ နောင်ချိုမြို့ခံတွေက ပြောပါတယ်။

ပြင်ဦးလွင်မြို့နယ်က စစ်ကောင်စီတပ်အထိုင်ချထားတဲ့ ဝက်ဝံဂိတ်ကနေ တက်လာတဲ့ စစ်ကြောင်းဟာဇူလိုင် ၂ ရက်ကအုမ္မခါးကျေးရွာကိုကျော်လွန်လာပြီလို့ နောင်ချိုမြို့ခံတွေကပြောပါတယ်။လတ်

တလောမှာ စစ်ကောင်စီတပ်က ကျောက်ကြမ်းရွာကို ထိုးစစ်ဆင်နေတယ်လို့လည်း ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ကျောက်ကြမ်းရွာဟာနောင်ချိုမြို့နဲ့ လေးမိုင်လောက်ပဲ ကွာဝေးပါတယ်။ ကျောက်ကြမ်းရွာနဲ့ နောင်ချိုမြို့ကြားမှာ သဖန်းကိုင်းကျေးရွာ ကျန်ရှိနေပါသေးတယ်။

ကျောက်ကြမ်းရွာအကျော်လေးမှာတော့တော်လှန်ရေးတပ်တွေ အလွယ်တကူသိမ်းပိုက်ထားတဲ့ အမှတ်(၁၁၄)ခြေမြန်တပ်ရင်း(ခလရ-၁၁၄)တပ် ရှိပါတယ်။

“ကျောက်ကြမ်းထိရောက်လာပြီလို့ ကြားတယ်။ ကျောက်ကြမ်းဆိုရင် မြို့အခြေပဲလေ”လို့ နောင်ချိုမြို့ခံတစ်ဦးကပြောပါတယ်။

ဒါ့အပြင် မြို့တောင်ဘက်မှာလည်း တောင်းခမ်းဒေသကနေလာတဲ့ စစ်ကောင်စီတပ်က မျက်ချင်းနုကျေးရွာကို ဇွန်လ ၃၀ရက်က သိမ်းယူထားပါတယ်။ မျက်ချင်းနုရွာဟာလည်း နောင်ချိုမြို့နဲ့ လေးမိုင်​ကျော်ပဲ ကွာဝေးပါတယ်။

“မြို့ပေါ်ကနေ လက်နက်ငယ်တွေကို ကြားရတယ်။ အတော်လေးကပ်နေပြီ”လို့ နောင်ချိုမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာဆုံးရှုံးထားတဲ့ရှမ်းပြည်မြောက်ပိုင်းကို ပြန်လည်ထိုးစစ်ဆင်နိုင်ဖို့အတွက် ပြီးခဲ့တဲ့ လပိုင်းတွေကတည်းကနောင်ချိုမြို့ဆီကိုစစ်ကြောင်းသုံးကြောင်းနဲ့အပြင်းအထန် ထိုးစစ်ဆင်​​နေတာ​ကြောင့် တိုက်ပွဲ​တွေ ​နေ့စဥ်ပြင်းထန်​နေပါတယ်။

နောင်ချိုဒေသတိုက်ပွဲတွေနဲ့ပတ်သက်ပြီး TNLAထံ ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။ဒီကနေ့(ဇူလိုင် ၄ရက်) TNLAရဲ့ ထုတ်ပြန်ချက်မှာတော့ နောင်ချိုမြို့နယ်က နောင်လင်၊ ကျောက်တော်၊ အုမ္မခါး၊ လုံစံနဲ့ လုံရဲကျေးရွာကြား၊ အုမ္မသီးနဲ့ ဆမ္မဆယ်ကျေးရွာကြားတွေမှာ ဇူလိုင် ၂ရက်က စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားခဲ့တယ်လို့ဖော်ပြထားပါတယ်။အဲဒီတိုက်ပွဲတွေ အတွင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံး (၆)လုံး၊လက်နက်ကြီး (၁၁၂)လုံးနဲ့ ဒရုန်းနဲ့ဗုံး (၂၀)လုံး လာရောက်ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ထုတ်ပြန်ပါတယ်။

နောင်လင်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားနေချိန်စစ်ကောင်စီတပ်ကလေကြောင်းကနေ ဗုံး (၂)လုံး၊ လက်နက်ကြီး (၈၅)လုံးနဲ့ ဒရုန်းနဲ့ ဗုံး (၁၃)လုံးပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ထပ်မံဖော်ပြထားပါတယ်။

ဒါ့အပြင်ကျောက်တောနဲ့ နောင်ရဲကျေးရွာကြားကိုလည်း စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံး (၇)လုံး၊ ဆမ္မဆယ်ကျေးရွာကို လက်နက်ကြီး(၁၅)လုံး၊ နောင်ရဲနဲ့ လုံစံကျေးရွာကြားကိုလည်း လက်နက်ကြီး ၁၂ လုံး ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ငုက္ခလေးကျေးရွာဘက်ကိုလည်း စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံး (၄)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပြင်ဦးလွင်မြို့၊ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်း ပြန်စဖို့ ဖွင့်ပွဲကို စစ်ခေါင်းဆောင်မင်း အောင်လှိုင် တက်မှာဖြစ်ပြီး လမ်းပိုင်းလုံခြုံရေးတွေတင်းကြပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့မှာ စစ်ကောင်စီလက်အောက်ခံ စည်ပင်ဝန်ထမ်းတွေက အသစ်ဖွင့်တဲ့ လမ်းဘေးဆိုင်တွေကို ပိုက်ဆံမပေးဘဲ အလကားဝင်စားနေလို့ အခက်တွေ့နေတယ်လို့ စျေးသည်တွေက ပြောပါတယ်။

သတင်း

စစ်တပ်လုံခြုံ​ရေးမြှင့်ထားချိန်ဖြစ်၍ ဓါးပြတိုက်သူ​တွေကစစ်အုပ်စုနဲ့ ဆက်စပ်နိုင်ဟု​ဒေသခံအချို့သံသယရှိ​နေ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိမ်းမကားရဲစခန်းကနေ မြောက်ဘက်ကို စစ်တပ်စစ်ကြောင်းထိုးလာပြီး ဒေသခံ ၁၀၀နီးပါးကို ဖမ်းဆီးထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။