Connect with us

Hi, what are you looking for?

သတင်း

တိုက်ပွဲဖြစ်နေတဲ့ မြဝတီမြို့တောင်ဘက်မှာ စစ်တပ်တိုက်ခိုက်လို့အရပ်သား ၉ ဦးဒဏ်ရာရ

ဝေါလေဗျူဟာကုန်းတိုက်ပွဲထိုင်းစစ်တပ်ဂျန်မာဖွင့်ပေးထားဟုကရင်စစ်ရေးသတင်းရင်းမြစ်ပြော

စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်လို့ တီသဲလယ်ရွာက နေအိမ်တစ်လုံး ပျက်စီးနေတာကို ဒီကနေ့ တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့

“ထိုင်းကဝေါလေဘက်ကိုဂျန်မာဖွင့်ပေးထာတယ်။ သူတို့ကပေါ်ပေါ်တင်တင်ထောက်ခံတဲ့သဘောပေါ့။ဒါပေမယ့်တော်လှန်ရေးတပ်ဖွဲ့တွေက ရအောင်သိမ်းမှာပါ”

— ကရင်စစ်ရေးသတင်းရင်းမြစ်

ဇူလိုင် ၄၊ ၂၀၂၅။ People’s Spring

တိုက်ပွဲဖြစ်ပွားနေတဲ့ကရင်ပြည်နယ်မြဝတီမြို့နယ်တောင်ဘက်မှာစစ်ကောင်စီတပ်ပစ်ခတ်တိုက်ခိုက်လို့ တီသဲလယ်ရွာသား ခြောက်ဦးနဲ့ ဝေါလေမြို့ခံ သုံးဦး စုစုပေါင်း ၉ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ လူထုနွေဦးရဲ့ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

တော်လှန်ရေးတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ဝေါလေဗျူဟာကုန်းစခန်းရှိရာ ဝေါလေမြို့ကိုဒီကနေ့(ဇူလိုင် ၄ရက်)မှာစစ်တပ်က ၁၂၀ မမလက်

နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာမှာအရပ်သား သုံးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် တော်လှန်ရေးတပ်တွေထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ဥကရစ်ထတပ်စခန်းအနီးကတီသဲလယ်ရွာက ကာကင်းစခန်းကို တော်လှန်ရေးတပ်တွေက တပြိုင်တည်း တိုက်ခိုက်နေရာ စစ်ကောင်စီက Y12လေယာဉ်နဲ့ လေကြောင်းက ဗုံးကြဲတိုက်ခိုက်လို့ တီသလယ်ရွာသားခြောက်ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ်နဲ့ ကားတွေလည်း ပျက်စီးခဲ့ရတယ်လို့ ၎င်းက ဆက်ပြောပါတယ်။

“သေဆုံးတာတော့ မရှိဘူး။ဒီညနေ Y12ကြဲတာတော့ ခြောက်ဦးထိတယ်။ဒီနေ့ ရွာသားတွေ တော်တော်ထိတယ်။ အခုဒီတခါ စခန်းသိမ်းတွေက

တော့ အထိအခိုက်နည်းအောင် လုပ်နေပါတယ်”လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

မြန်မာ – ထိုင်းနယ်စပ်မျဉ်းအနီးက ဝေါလေဗျူဟာကုန်းစခန်းသိမ်းတိုက်ပွဲကြောင့် ဝေါလေမြို့ခံ ၃၀၀၀ ကျော်ဟာ ထိုင်းနိုင်ငံထဲကို တိမ်းရှောင်သွားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ဝေါလေဗျူဟာကုန်းစခန်းသိမ်းတိုက်ပွဲ တိုက်​နေစဥ်မှာထိုင်းစစ်တပ်က စစ်​ကောင်စီအတွက် ဂျန်မာ(Jammer)ဖွင့်ပေးထားတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

“ထိုင်းကဝေါလေဘက်ကိုဂျန်မာဖွင့်ပေးထာတယ်။

သူတို့က ပေါ်ပေါ်တင်တင်ထောက်ခံတဲ့ သဘောပေါ့။ ဒါပေမယ့် တော်လှန်ရေးတပ်ဖွဲ့တွေက ရအောင်သိမ်းမှာပါ”လို့ ၎င်းက ပြောပါတယ်။

မြန်မာ−ထိုင်းနယ်စပ်၊ စစ်တပ်ရဲ့ခြေကုပ်စခန်းဖြစ်တဲ့ ဥကရစ်ထစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ဇူလိုင် ၃ရက်မှာ စတင်တိုက်ခိုက်ခဲ့ပြီး ၊ ဝေါလေဗျူဟာကုန်းတပ်စခန်းကို တော်လှန်ရေးတပ်တွေက ဇူလိုင် ၂ရက်မှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး(KNU)လက်အောက်ခံ ကရင်လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)နဲ့ PDFပူးပေါင်း စစ်ကြောင်းတွေက KNU တပ်မဟာ(၇)၊ တပ်မဟာ(၆) ၊ တပ်မဟာ(၄)က ထိုင်းနယ်စပ်တ​​လျှောက်မှာရှိတဲ့ စစ်တပ်စခန်း​တွေကို ဧပြီလကစပြီထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်​နေတာပါ။

KNU ဌာနချုပ်ရှိတဲ့တပ်မဟာ (၇)က စခန်း​တွေကို ​မေလမှာဆက်တိုက်သိမ်းပိုက်ခဲ့ပြီးဇွန်လမှာ တပ်မဟာ(၆)က နယ်စပ်ကစစ်စခန်း​တွေကိုဆက်တိုက်သိမ်းပိုက်ခဲ့ပါတယ်။ဒါ​ကြောင့် အခုဆိုရင် မြဝတီမြို့​တောင်ဘက်မှာ ​ဝေါ​လေဗျူဟာ၊ ဥကရစ်ထစခန်း ၊တီသဲလယ်ကာကင်းစခန်းတို့ပဲကျန်ပါ​တော့တယ် ။ကျန်​နေတဲ့ စစ်စခန်း​တွေကို ဒီရက်မှာ KNLA ၊KNDO ၊PDFစတဲ့ ပူး​ပေါင်းတပ်​​တွေက အပြီးသတ်သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်​နေပါတယ်။

တော်လှန်းရေးတပ်ဖွဲ့တွေဟာ ဥကရစ်ထတပ်စခန်းကို ပြီးခဲ့တဲ့ ဇွန်လ ၁၁ရက်က စတင်ပိတ်ဆို့ထားပြီး ရက်ပေါင်း ၂၀ကျော်အကြာမှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ဥကရစ်ထရွာဟာ မြဝတီမြို့တောင်ဘက်လေးကေကော်ဒေသနှင့် မြဝတီမြို့ရဲ့ အရှေ့တောင်ဘက် ဝေါလေဒေသကို ဆက်သွယ်ထားတဲ့ ကားလမ်းကြောင်းပေါ်မှာ တည်ရှိပြီး စစ်ကောင်စီရဲ့ အဓိကတပ်စခန်းဟာ ဥကရစ်ထရွာရဲ့ မြောက်ဘက် ရွာလမ်းမကြီးဘေးမှာ တည်ရှိပါတယ်။

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့အရှေ့တောင်ဘက်မှာရှိတဲ့ စစ်ကောင်စီရဲ့ ဝေါလေဗျူဟာကုန်းတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေကကာလရှည် ပိတ်ဆို့ဖြတ်​တောက်ထားတာဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ ဝေါလေဗျူဟာကုန်းဟာ ဝေါ်လေကျေးရွာရဲ့တောင်ဘက်မှာတည်ရှိပါတယ်။

အဲဒီ ဝေါလေဗျူဟာကုန်းနဲ့ ဥကရစ်ထတပ်စခန်းဟာ(၉)မိုင်လောက်ပဲ ကွာဝေးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲ ပြင်းထန်နေတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်တပ်က ၃ရက်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြောင်း ဒေသခံက အသိပေးထားပါတယ်။

သတင်း

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNA ကအရပ်သားအိမ်​တွေရှိရာ ပစ်ခတ်​နေတဲ့ရုပ်သံဖိုင်ပျံ့နှံ့

သတင်း

ကရင်ပြည်နယ်၊မြ၀တီမြို့ကနေအိမ်တစ်လုံးမှာဒီနေ့ (ဇွန်လ၁၉ ရက်) နေ့ခင်းပိုင်းကမီးလောင်မှုဖြစ်ရာကလေးနှစ်ဦးသေဆုံးသွားပြီးသက်ကြီးပိုင်းအမျိုးသားတစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ မြ၀တီမီးသတ်ကသတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။