Connect with us

Hi, what are you looking for?

သတင်း

တောင်ပြုံးပွဲတော် ကျင်းပဖို့ စစ်ကောင်စီ ထပ်မံစီစဉ်

မန္တလေးတိုင်း ၊ မတ္တရာမြို့နယ်ထဲမှာ တိုက်ပွဲတွေဖြစ်နေပေမယ့် အခုနှစ်အတွက် တောင်ပြုံးပွဲတော်ကို ကျင်းပ ဖို့ စီစဉ်နေတယ်လို့ဒေသခံတွေထံကသိရပါတယ်။

ဓာတ်ပုံ - ဟိုတယ်ခရီး

ဇူလိုင် – ၅ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring

မန္တလေးတိုင်း ၊ မတ္တရာမြို့နယ်ထဲမှာ တိုက်ပွဲတွေဖြစ်နေပေမယ့် အခုနှစ်အတွက် တောင်ပြုံးပွဲတော်ကို ကျင်းပ ဖို့ စီစဉ်နေတယ်လို့ဒေသခံတွေထံကသိရပါတယ်။

နတ်ကိုးကွယ် ယုံကြည်ကြသူတွေကြားမှာထင်ရှားတဲ့ တောင်ပြုံးပွဲကို နှစ်စဉ် နှစ်စဥ် ဝါခေါင်လဆန်း ၈ရက်ကနေ ၁၅ရက်အထိ ကျင်းပလေ့ရှိတာပါ။

ပြည်တွင်းမှာ ကိုဗစ်ကပ်ရောဂါ စတင်ဖြစ်ပွားချိန်ကနေ အာဏာသိမ်းပြီးနောက်ပိုင်း ပွဲတော်ကို အကျဉ်းရုံးသာ ကျင်းပခဲ့တာလည်းဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

တောင်ပြုံးရွာဟာ မတ္တရာမြို့နယ်ထဲမှာ တည်ရှိပြီး မတ္တရာ နယ်မှာတော့ တိုက်ပွဲတွေ ရှိနေတာပါ​။

စစ်ကောင်စီတပ်က လက်ရှိစိုးမိုးထားတဲ့ တောင်ပြုံးရွာ မှာ ပွဲတော်ပြုလုပ်ပြီး နယ်မြေ အေးချမ်းသယောင် ပြသဖို့ အတွက် ပွဲတော်ကို ကျင်းပဖို့ စီစဉ်နေတာလို့ သိရပါတယ်။

“ပွဲတော်ကျင်းပဖို့စီစဥ်နေပါတယ်၊ ပွဲကျင်းပဖို့လည်းလုပ်နေပါတယ်”လို့ တောင်ပြုံးပွဲတော်ကျင်းပရေးကော်မတီဝင်တစ်ဦးကပြောပါတယ်။

တောင်ပြုံးနဲ့အနီးတစ်ဝိုက်က ကျေးရွာတွေကိုတော့ စစ်ကောင်စီက စိုးမိုးထားဆဲဖြစ်ပါတယ်။

“အဲဘက်တွေက သူတို့စိုးမိုးတဲ့နယ်မြေတွေဆိုတော့ ပွဲတော့လုပ်မှာ ” လို့ မတ္တရာမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားမှုမှာပါဝင်တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ တောင်းပြုံးရွာကနေ ၁၀မိုင်ခန့်ပဲဝေးတဲ့ ကျောက်တံတားကျေးရွာမှာ နှစ်ဖ​က်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်ကလည်း တောင်ပြုံးပွဲ ကျင်းပမယ့်နေရာနဲ့ ၅ မိုင်ခန့် သာဝေးတဲ့ အောင်သပြေရွာက အယ်လ်ဖာ ဘိလပ်မြေစက်ရုံ တဝိုက်မှာ တိုက်ပွဲ တွေပြင်းထန်ခဲ့တာကြောင့် နယ်မြေအခြေနေအရ ပွဲတော်ကိုပြုလုပ်ဖို့ မဖြစ်နိုင်တော့တဲ့အတွက် အကျဥ်းရုံးပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ ပြုလုပ်နေတဲ့ တောင်ပြုံးပွဲမှာ ပျူစောထီးတွေက ဝင်ကြေးအဆမတန် ကောက်ခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook