Connect with us

Hi, what are you looking for?

သတင်း

ပဲခူးတိုင်းအရှေ့ခြမ်းမှာ ဇွန်လကုန်ပိုင်းက စစ်တပ်လက်ချက်ကြောင့် အရပ်သား ၅ ဦးသေဆုံး

ပဲခူးတိုင်းအရှေ့ခြမ်း ၊ ညောင်လေးပင်ခရိုင်ထဲက ကျောက်ကြီးနဲ့ ရွှေကျင်မြို့နယ်တွေမှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးပစ်ခတ်မှု ၊လေကြောင်းတိုက်ခိုက်မှုတွေကြောင့်အရပ်သား ၅ ဦးသေဆုံးပြီး ၂၅ ဦး ဒဏ်ရာရတယ်လို့ KNU ဗဟိုကထုတ်ပြန်ပါတယ်။

ဇူလိုင် – ၅ ၊၂၀၂၅ ၊ နိုင်ပကောင်း/People’s Spring

ပဲခူးတိုင်းအရှေ့ခြမ်း ၊ ညောင်လေးပင်ခရိုင်ထဲက ကျောက်ကြီးနဲ့ ရွှေကျင်မြို့နယ်တွေမှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးပစ်ခတ်မှု ၊လေကြောင်းတိုက်ခိုက်မှုတွေကြောင့်အရပ်သား ၅ ဦးသေဆုံးပြီး ၂၅ ဦး ဒဏ်ရာရတယ်လို့ KNU ဗဟိုကထုတ်ပြန်ပါတယ်။

အရပ်သား ထိခိုက်သေဆုံးမှုတွေဟာ ကျောက်ကြီးမြို့နယ် ၊ ဝဲဒေါကျေးရွာနဲ့ ရွှေကျင်မြို့နယ်၊ ချုံအင်းရွာတို့မှာ ဇွန်လ ၂၈ ရက်နဲ့ ၂၉ ရက်တွေမှာ ဖြစ်ပွားခဲ့တာပါ။

ဇွန်လ ၂၈ ရက် ည ၇ နာရီခန့်က ပိန်းဇလုပ်အခြေစိုက် ခလရ ၂၆၄ တပ်ရင်း ကနေ လက်နက်ကြီးနဲ့ပစ်ခတ်လို့ ချုံအင်းရွာထဲ ကျရောက် ပေါက်ကွဲရာမှာ သက်ကြီးပိုင်းတစ်ဦး သေဆုံးခဲ့တယ်လို့ KNU က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

နောက်ရက် ဇွန်လ ၂၉ ရက် မှာတော့ တောင်ငူလေတပ်က ဝဲဒေါရွာထဲ တိုက်လေယာဉ်နဲ့ လေကြောင်းကနေ တိုက်ခိုက်ရာမှာ ကလေး ၁ ဦး ၊အမျိုးသမီး ၃ ဦးသေဆုံးပြီး အရပ်သား ၂၅ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ KNU က ဖော်ပြပါတယ်။

ဒါအပြင် ဇူလိုင်လ ၁ ရက်နေ့ ညပိုင်းကလည်း ခလရ ၂၆၄ တပ်ရင်းက လက်နက်ကြီးနဲ့ ထပ်မံ ပစ်ခတ်တာကြောင့် ကျောက်ကြီးမြို့နယ် ၊ ရေတွင်းကုန်းရွာထဲ ကျရောက်ပြီးနေအိမ် ထိခိုက်ပျက်စီးသလို ခိုင်းနွား ၃ ကောင် သေဆုံးခဲ့တယ်လို့သိရပါတယ်။

ပဲခူးတိုင်းအရှေ့ခြမ်းမှာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း စစ်ကောင်စီတပ်ရဲ့ တပ်စခန်းတွေကို KNUနဲ့ PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တာရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။