Connect with us

Hi, what are you looking for?

သတင်း

ဖား​ဆောင်းမှာ မြေခခဲ့တဲ့စစ်တပ်တိုက်​လေယာဥ်ရဲ့အပျက်အစီးဓါတ်ပုံ​တွေကို KNDFထပ်မံထုတ်ပြန်

ကရင်နီတပ်​ပေါင်းစုက ဖား​ဆောင်းမြို့နယ်မှာပစ်ချခဲ့တဲ့ စစ်တပ်တိုက်​လေယာဥ်ရဲ့ အပျက်အစီး​တွေဓါတ်ပုံ​တွေကို ဇူလိုင် ၄ ရက်မှာထပ်မံထုတ်ပြန်ပါတယ် ။

ဇူလိုင်-၅၊၂၀၂၅။People’s Spring

ကရင်နီတပ်​ပေါင်းစုက ဖား​ဆောင်းမြို့နယ်မှာပစ်ချခဲ့တဲ့ စစ်တပ်တိုက်​လေယာဥ်ရဲ့ အပျက်အစီး​တွေဓါတ်ပုံ​တွေကို ဇူလိုင် ၄ ရက်မှာထပ်မံထုတ်ပြန်ပါတယ် ။

ဇူလိုင်လ(၂) ရက်နေ့ နံနက် (၁)နာရီခန့်မှာဖားဆောင်မြို့သိမ်းတိုက်ပွဲအတွင်းကို ဗုံးလာကြဲခဲ့တဲ့ စစ်ကောင်စီရဲ့ဂျက်လေယာဉ် (၄) စင်းကို ကရင်နီတပ်ပေါင်းစုံ တော်လှန်ရေးတပ်ဖွဲ့​တွေက တန်ပြန်တိုက်ခိုက်ခဲ့ရာ တရုတ်နိုင်ငံထုတ် FTC-2000G တိုက်လေယာဉ်ကို ပစ်ချနိုင်ခဲ့တယ်လို့​ဖော်ပြပါတယ် ။

ပျက်ကျခဲ့တဲ့ စစ်တပ် တိုက်လေယာဉ်ကို ဇူလိုင်လ ၃ ရက်နေ့ မွန်းလွဲပိုင်းမှာ ဖားဆောင်းမြို့နယ်အတွင်း တစ်နေရာမှာ ရှာဖွေတွေ့ရှိခဲ့တယ်လို့သိရပါတယ် ။

Public Service Announcement

Public Service Announcement

စစ်​ကောင်စီက​တော့ တိုက်​လေယာဥ်ဟာ ဇူလိုင် ၁ ရက်ညမှာ​လေ့ကျင့်ပျံသန်းရင်းစက်ချို့ယွင်းတာ ဒါမှမဟုတ် ရာသီဥတုဆိုးဝါတာ တစ်ခုခု​ကြောင့်အဆက်အ

သွယ်ပျက်သွား​နေပြီရှာ​ဖွေ​​နေပြီလို့ဇူလိုင် ၃ ရက်မှာထုတ်ပြန်ခဲ့ပါတယ် ။ လက်​တွေ့မှာ ကရင်နီတပ်​ပေါင်းစုက တိုက်​လေယာဥ်ကိုရှာ​ဖွေ့ပြီး သတင်းဓါတ်ပုံ​တွေကို ဓါတ်ပြန်​ပေးလိုက်တာဖြစ်ပါတယ်။

ဓါတ်ပုံ-KNDF

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်မှာ ညီညွတ်တဲ့အစိုးရနဲ့အတူ ပြည်နယ်တပ်တစ်ခုတည်းဖြစ်ပေါ်လာဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDFက ဒီကနေ့ စက်တင်ဘာ ၁ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ရဲ့ အတွင်းရေးမှူး အဖွဲ့ဝင်တစ်ဦးဖြစ်သလို ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC)ရဲ့ဥက္ကဋ္ဌ၊ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲ့ အထွေထွေအတွင်းရေးမှူး စတဲ့ တာဝန်တွေယူထားတဲ့ ဦးအောင်ဆန်းမြင့် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း၊ကောင်းရာသုဂတိမှာငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ​ကြောင်း SCEFကထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်နဲ့ ပတ်သက်ဆက်နွှယ်တဲ့ အရက်၊ ဘီယာနဲ့ ဆေးလိပ်ထုတ်ကုန်တွေ ရောင်း၀ယ်ပါက ထိရောက်စွာအရေးယူမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)အမှတ်- ၂ စစ်ဒေသ က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

Facebook