Connect with us

Hi, what are you looking for?

LuduNwayOo

News

ထောင်ဒဏ် ၁၁ နှစ်ချထားတဲ့အမေရိကန်သတင်းထောက် ကို စစ်ကောင်စီပြန်လွှတ်ပေး

ဒန်နီဖန်စတာကို အများပြည်သူမငြိမ်မသက်ဖြစ်စေဖို့လှုံဆော်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) ၊ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) ၊ ဗီဇာစည်းကမ်းမလိုက်နာမှု လဝက ဥပဒေပုဒ်မ ၁၃ (၁) တို့ နဲ့ စစ်ကောင်စီက တရားစွဲဆိုပြီး နိုဝင်ဘာလ ၁၂ ရက်က ထောင်ချခဲ့တာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းက ထောင်ဒဏ် ၁၁ နှစ်ချလိုက်တဲ့ အမေရိကန်သတင်းထောက် ဒန်နီဖန်စတာကို ဒီနေ့မှာပြန်လွှတ်ပေးလိုက်တယ်လို့သိရပါတယ်။

ဒီနေ့ ပြန်လွှတ်ပေးပြီး ရန်ကုန်ကနေ ထွက်ခွာမယ့်လေယာဉ်ပေါ် စစ်ကောင်စီကတင်ပေးလိုက်တယ်လို့သိရပါတယ်။

ဒန်နီဖန်စတာကို အများပြည်သူမငြိမ်မသက်ဖြစ်စေဖို့လှုံဆော်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) ၊ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) ၊ ဗီဇာစည်းကမ်းမလိုက်နာမှု လဝက ဥပဒေပုဒ်မ ၁၃ (၁) တို့ နဲ့ စစ်ကောင်စီက တရားစွဲဆိုပြီး နိုဝင်ဘာလ ၁၂ ရက်က ထောင်ချခဲ့တာပါ။

ဒီနေ့ အမိန့်ချရာမှာ ပုဒ်မ ၅၀၅ (က) အတွက် ထောင် ၃ နှစ် ၊ ပုဒ်မ ၁၇(၁) အတွက် ထောင် ၃ နှစ်နဲ့ လဝက ဥပဒေပုဒ်မ ၁၃ (၁) အတွက် ထောင် ၅ နှစ်နဲ့ ငွေဒဏ် ၁ သိန်း စုစုပေါင်း ထောင်ဒဏ် ၁၁ နှစ် ချလိုက်တာ လို့ Frontier Myanmar သတင်းဌာနက ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

ဒန်နီဖန်စတာဟာရန်ကုန်အခြေစိုက် သတင်းမီဒီယာ Frontier Myanmar ရဲ့ အုပ်ချုပ်မှုအယ်ဒီတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့မေလ အတွင်း အမေရိကန်နိုင်ငံ၊ ဒက်ထရွိုက်မှာရှိတဲ့ မိသားစုဆီပြန်ဖို့အတွက် ရန်ကုန်လေဆိပ်မှာ ရောက်ရှိချိန် စစ်ကောင်စီ က ဖမ်းဆီးခဲ့တာပဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

နိုင်ငံတကာ

အမေရိကန်ဟာ အစ္စရေးအတွက် စစ်ရေးအရ အဓိက ကျောထောက်နောက်ခံ ပေးထားတဲ့ စူပါပါဝါ နိုင်ငံဖြစ်ပြီး နှစ်စဉ် ဒေါ်လာ ၄ ဘီလီယံဖိုးလောက် လက်နက်နဲ့ စစ်အသုံးအဆောင်တွေ ပေးပို့နေခဲ့ပါတယ်။