Connect with us

Hi, what are you looking for?

သတင်း

ပေါင်းတည်ထောင်မှာ နိုင်ကျဥ်းတစ်ဦး ရုတ်တရက်နှလုံးရပ် ကွယ်လွန်

ပေါင်းတည်ထောင်မှာ နိုင်ငံရေးအကျဥ်းသားတစ်ဦး ရုတ်တရက် နှလုံးရပ်ပြီး ကွယ်လွန်ခဲ့ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က သတင်းထုတ်ပြန်ပါတယ်။

ပေါင်းတည်အကျဥ်းထောင်ကို တွေ့ရစဥ်။ ဓာတ်ပုံ-PPNM

ဇူလိုင်-၈၊၂၀၂၅။ဇေအောင်/People’s Spring

ပေါင်းတည်ထောင်မှာ နိုင်ငံရေးအကျဥ်းသားတစ်ဦး ရုတ်တရက် နှလုံးရပ်ပြီး ကွယ်လွန်ခဲ့ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၅ရက်​နေ့က ပဲခူးတိုင်း၊ ပေါင်းတည် အကျဥ်းထောင်မှာအကျဥ်းချခံထားရတဲ့အသက်(၄၅)နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ကိုလှမင်း(ခ)ကိုလှကြီးဟာ ပုဒ်မ၅၀(ည)နဲ့ထောင်ဒဏ်(၁၀)နှစ်ကျခံနေရသူတစ်ဦးဖြစ်ပြီး ယခင်ကတည်းက ရောဂါအခံမရှိဘဲကျန်းမာသူဖြစ်ကြောင်း၊ ရုတ်တရက် နှလုံးရပ်ကာ ကွယ်လွန်သွားခဲ့ခြင်းကြောင့် PPNMက အသိပေးပါတယ်။

“ကျနော်တို့ အတည်ပြုထားမှုအရတော့ ရုတ်တရက် နှလုံးရပ်ပြီး ဆုံးတယ်လို့ သိထားပါတယ်။ နောက်ကွယ်မှာတော့ ရိုက်နှက် နှိပ်စက်တာမျိုးကြောင့် သေဆုံးတာမဟုတ်ဘူး။ နောက်တခုကတော့ ပြင်ပဆေးရုံကိုလည်း ထုတ်ခဲ့တယ်ဆိုပေမဲ့ အဲဒီထုတ်ဖို့ ကြိုးစားနေစဥ်အတွင်းမှာပဲ အသက်သေဆုံးခဲ့ရတယ်ဆိုတဲ့ အခြေအနေတခုကို ကျနော်တို့ အတည်ပြုထားပါတယ်”လို့ PPNM ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

သေဆုံးခဲ့မှုအပေါ် အခြားအကြောင်းအရင်းတွေ ရှိ၊ မရှိ ဆက်လက်စုံစမ်းနေကြောင်း PPNMက ထပ်မံအသိပေးပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ရဲ့စောင့်ကြည့်မှုတွေအရ ပေါင်းတည်ထောင်ဟာလည်း အခြားအကျဉ်းထောင်များနည်းတူ ဆေးဝါးမလုံလောက်မှုနဲ့ ကျန်းမာရေးစောင့်‌ရှောက်မှု လိုအပ်ချက်တွေ ရှိနေတယ်လို့ PPNMက ထုတ်ပြန်ထားပါတယ်။

PPNM ရဲ့ စောင့်ကြည့်လေ့လာမှု မှတ်တမ်းများအရ ၂၀၂၅ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လ ၈ရက်နေ့အထိ မြန်မာနိုင်ငံရှိ အကျဥ်းထောင်များအတွင်း ကျန်းမာရေးကြောင့် သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား စုစုပေါင်း (၁၄)ဦးအထိ ရှိနေပြီဖြစ်ကြောင်း သိရပါတယ်။

စစ်ကောင်စီရဲ့ ထောင်အာဏာပိုင်များအနေနဲ့ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအပေါ် လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝမပေးဘဲ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ကျူးလွန်မှုတွေကို အမြန်ဆုံး ရပ်တန့်ဖို့အတွက် PPNM က တောင်းဆိုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

ဆောင်းပါး

၂၀၂၁ ခုနှစ် နွေဦးကာလကစလို့ မြန်မာနိုင်ငံရဲ့ လမ်းမတွေပေါ်မှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး ရဲရဲဝံ့ဝံ့ ကြွေးကြော်ခဲ့ကြတဲ့ လူငယ်တွေထဲမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍဟာ အထူးပဲ ထင်ရှားခဲ့ပါတယ်။

သတင်း

​မကွေးအကျဉ်းထောင်အတွင်းမှာ နိုင်ငံရေးအကျဉ်းသား ၄၂ ဦး နှိပ်စက်တိုက်ပိတ်ခံထားရပြီး ၁၂ ဦးဟာ အသက်အန္တရာယ် စိုးရိမ်နေရကြောင်း နွေဦးနိုင်ငံရေးအကျဉ်းသားများအစည်းအရုံးရဲ့ ဦးဆောင်အဖွဲ့ဝင် ကိုရှင်းသန့်က ပြောပါတယ်။

သတင်း

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဥ်းသားတွေအားလုံး အမြန်ဆုံးလွတ်မြောက်ဖို့ တောင်းဆိုဆန္ဒပြမှု ဇွန်လ ၇ ရက်က ပြုလုပ်ခဲ့ပါတယ်။