Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ၏ သွေးခွဲရေးဗျူဟာ သတိထားရန် PDF စစ်ဆင်ရေးနယ်မြေ(၂)တာဝန်ရှိသူ ထပ်မံသတိပေး

စစ်အာဏာရှင်အဆက်ဆက်အောင်မြင်ခဲ့သည့် သွေးခွဲရေးဗျူဟာကို တော်လှန်ရေးအင်အားစုများ သတိပြုပြီး တော်လှန်ရေးအောင်ပွဲပန်းတိုင်အတွက် အားလုံးပူးပေါင်းဆောင်ရွက်ရန် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၂)စစ်ဆင်ရေးနယ်မြေ သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲ၊သာယာဝတီခရိုင်၊ တပ်ရင်းအမှတ်(၃၈၀၃)၏ အခြေခံစစ်ပညာသင်တန်းဆင်းပွဲအား တွေ့ရစဉ်။ ဓာတ်ပုံ - တောင်ပိုင်းစစ်ဒေသ အမှတ် -၂ စစ်ဒေသခွဲ

“စစ်ရေးအရ နိုင်ငံရေးအရ အခက်အခဲဆုံးဆိုတာထက်ကို ကျနော်တို့ အချင်းချင်းကြားမှာ ပွတ်တိုက်မှုအမြင့်ဆုံးကာလတွေလို့ ပြောလို့ရတယ်”

ဇူလိုင် ၉၊၂၀၂၅။ ထားမြတ်/People’s Spring

စစ်အာဏာရှင်အဆက်ဆက်အောင်မြင်ခဲ့သည့် သွေးခွဲရေးဗျူဟာကို တော်လှန်ရေးအင်အားစုများ သတိပြုပြီး တော်လှန်ရေးအောင်ပွဲပန်းတိုင်အတွက် အားလုံးပူးပေါင်းဆောင်ရွက်ရန် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၂)စစ်ဆင်ရေးနယ်မြေ သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။

လက်ရှိတွင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များအကြား၊ လူမျိုးစုတူ လက်နက်ကိုင်အချင်းချင်းကြား၊ တော်လှန်ရေးအင်အားစုများအကြားတိုက်ပွဲနှင့် ပဋိပက္ခများ၊ အပြန်အလှန် ပြစ်တင်ဝေဖန်မှုများ ဖြစ်ပေါ်နေခြင်းနှင့်ပတ်သက်ပြီး ယခုကဲ့သို့ သတိပေးလာခြင်းဖြစ်သည်။

“တော်လှန်ရေး အချိန်တခုရောက်လာတဲ့အခါ ဒါ အခက်အခဲဆုံးအခြေအနေလို့ ပြောလို့ရတယ်။ ဘယ်လိုအခက်အခဲ ဆုံးအခြေအနေလဲဆိုတော့ စစ်ရေးအရ နိုင်ငံရေးအရ အခက်အခဲဆုံးဆိုတာထက်ကိုကျနော်တို့ အချင်းချင်းကြားမှာ ပွတ်တိုက်မှုအမြင့်ဆုံးကာလတွေလို့ ပြောလို့ရတယ်” PDF အမှတ်(၂) စစ်ဆင်ရေးနယ်မြေ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လက်ရှိအခြေအနေသည် တော်လှန်ရေးအင်အားစုများအတွက် အခက်အခဲ ဆုံး အခြေအနေဟု ၎င်းက ဆိုသည်။

” ဘာကြောင့်လဲဆိုတော့ အကြမ်းဖက်စစ်ကောင်စီရဲ့ စိုက်လိုက်မတ်မတ် တောက်လျှောက်အောင်မြင်လာတဲ့ လုပ်ငန်းစဉ်တခုကတော့ သပ်သျှို သွေးခွဲရေးနဲ့ သူတို့ရဲ့ ရန်ဘက် အဖွဲ့အစည်းတွေကို အစိပ်စိပ်အမွှာမွှာကွဲအောင် သွေးထိုးလှုံ့ဆော်တဲ့နည်းဗျူဟာတွေက သူတို့ နှစ်ပေါင်းများစွာ ကျင့်သုံးလာတဲ့အပြောင်မြောက်ဆုံးနည်းဗျူဟာတွေထဲက တခုဖြစ်တယ်” ဟု အမှတ်(၂) စစ်ဆင်ရေးနယ်မြေ တာဝန်ရှိသူက ပြောသည်။

အမှတ်(၂) စစ်ဆင်ရေးနယ်မြေ စစ်ဆင်ရေးမှူး ရဲဘော်တင်ဦးကလည်း စစ်အာဏာရှင်အဆက်ဆက် သည် တော်လှန်ရေးအင်အားစုများအား ဖြိုခွဲရာတွင် သွေးအေးစေမည့်စည်း၊ သွေးကြောင်စေမည့်စည်း နှင့် သွေးကွဲစေမည့်စည်း စသည့် စည်းသုံးစည်းကို ကျင့်သုံးလာရာ တော်လှန်ရေးအင်အားစုများအနေဖြင့် သွေးကွဲစေမည့်စည်းကို ကျော်လွှားနိုင်ရန်သာ ကျန်တော့ပြီး အဆိုပါစည်းကို ကျော်ဖြတ်နိုင်ပါက တော်လှန်ရေးပန်းတိုင်အောင်မြင်မည်ဟု ပြောထားသည်။

” လူအများစုက သတ်မှတ်ထားကြတဲ့ သဘောတရားခုရှိတယ်ပေါ့ဗျာ။ ဒုက္ခကို အတူတူ ဖြတ်ကျော်ပြီးမှ မိတ်ဆွေစစ်လို့ အသုံးများပေမယ့်တကယ်တော့ ဒါဟာ တကယ့် မိတ်ဆွေစစ်အတွက် အခြေခံသဘောတရားပဲရှိပါသေးတယ်။ တကယ်တော့ ပန်းတိုင်ကို မြင်ရခါနီးနဲ့ပန်းတိုင်ကို ရောက်ပြီဆိုတဲ့ အခြေအနေတွေမှာ ကျနော်တို့ဟာ နဂိုရ်ရည်ရွယ်ထားသော မူလသဘောထားတွေ အပေါ်မှာ ဘယ်လောက်ထိ ခိုင်မာသလဲနဲ့ အချင်းချင်း ကြားထဲက နားလည်မှု စည်းလုံးညီညွတ်မှု အခြေအနေတွေဟာ အဲဒီအချိန်မှာ အမြင့်ဆုံးတန်ဖိုးပါပဲ”ဟု PDF အမှတ်(၂) စစ်ဆင်ရေးနယ်မြေ သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။

လက်ရှိ အခြေအနေသည် အခက်အခဲ ကာလဖြစ်သကဲ့သို့ အားလုံးညှိနှိုင်းဆောင်ရွက်ရန် အကောင်းဆုံးအခြေအနေလည်းဖြစ်ဟု၎င်းက ဆိုသည်။

” အခက်အခဲ ဆုံးအခြေအနေ ဆိုသလို သမိုင်းတကွေ့အတွက် ဒီအချိန်မှာ ယုံကြည်မှုကို နောက်တဆင့်တက်ပြီးတော့ လာမယ့်အနာဂတ်အတွက် အခုအခြေအနေကတည်းက တည်ဆောက်ဖို့ အကောင်းဆုံး အခြေအနေလို့လည်း ပြောချင်ပါတယ်”ဟု PDF အမှတ်(၂) စစ်ဆင်ရေးနယ်မြေ တာဝန်ရှိသူက ပြောသည်။

PDF အမှတ်(၂) စစ်ဆင်ရေးနယ်မြေတွင် ရန်ကုန်၊ ပဲခူး၊ နေပြည်တော်၊ ဧရာ၀တီ တိုင်း စစ်ဌာနများ ပါဝင်ပြီး အဆိုပါဒေသများအနက် ပဲခူးတိုင်းအတွင်း စစ်ရေးဖော်ဆောင်မှုများကို ပြီးခဲ့သည့် လပိုင်းအတွင်း ဆက်တိုက်လုပ်ဆောင်ခဲ့ရာ တိုက်ပွဲများ၌ စစ်ကောင်စီတပ် အထိနာခဲ့သည်။ ပဲခူးတိုင်းအတွင်း PDFနှင့် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ တို့ ပူးပေါင်းပြီး စစ်ရေးဖော်ဆောင်ရာတွင် စစ်ကောင်စီတပ်စခန်းများစွာကို တပြိုင်တည်းတိုက်ခိုက်သည့် စစ်ရေးစီမံချက်များလည်းဖော်ဆောင်လျက်ရှိကာ စစ်ရေးအရှိန်တိုးမြှင့်သွားရန်ရှိကြောင်းလည်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။