Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အိန္ဒိယမှာ မြစ်ကူးတံတားကျိုးပြီး ၉ ဦးထက်မနည်းသေ

အိန္ဒိယနိုင်ငံရဲ့ ဂူဂျာရတ် ပြည်နယ်ထဲမှာ မြစ်ကူးတံတားတစ်စင်း ရုတ်တရက် ကျိုးကျရာက လူ ၉ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

AP

အိန္ဒိယနိုင်ငံရဲ့ ဂူဂျာရတ် ပြည်နယ်ထဲမှာ မြစ်ကူးတံတားတစ်စင်း ရုတ်တရက် ကျိုးကျရာက လူ ၉ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဇူလိုင် ၉ ရက်က တံတားရဲ့ အပိုင်းတစ်ခု ရေထဲကို ရုတ်တရက် ကျိုးကျသွားခဲ့တာဖြစ်ပြီး အဲဒီအချိန်က တံတားပေါ်မှာ ယာဉ်တချို့ ဖြတ်သန်း မောင်းနှင်နေခဲ့တယ်လို့ သိရပါတယ်။

ဂူဂျာရတ် ပြည်နယ် အစိုးရရဲ့ ကျန်းမာရေးဝန်ကြီး ရူရှီကက်ရှ် ပက်တဲလ်က မြစ်ထဲ ပြုတ်ကျသွားသူတွေထဲမှာ ၅ ယောက်လောက်ကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့တယ်လို့ ပြောပါတယ်။

အဲဒီတံတားဟာ ၁၉၈၅ ခုနှစ်မှာ တည်ဆောက်ပြီးစီးခဲ့တာဖြစ်ပြီး သက်တမ်း နှစ် ၄၀ ရှိပါပြီ။ တံတားကျိုးမှု ဖြစ်ပွားရာ ဗာဒိုဒါရာ ခရိုင်ထဲမှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း နေ့စဉ်ရက်ဆက် မိုးသည်းသည်းထန်ထန် ရွာသွန်းနေခဲ့တယ်လို့လည်း သိရပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ တံတားကျိုးမှုဟာ ရာသီဥတုကြောင့်လား ဆိုတာကိုတော့ အတည်မပြုနိုင်သေးပါဘူး။ ဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေဆဲလို့ ရဲတွေက ပြောပါတယ်။

အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီက တံတားကျိုးပြီး သေဆုံးခဲ့သူတွေရဲ့ မိသားစုတွေနဲ့ထပ်တူ ဝမ်းနည်းကြေကွဲကြောင်း ကြေညာခဲ့ပါတယ်။

ကမ္ဘာပေါ်မှာ လူဦးရေ အများဆုံးနိုင်ငံဖြစ်တဲ့ အိန္ဒိယဟာ အခြေခံ အဆောက်အအုံတွေရဲ့ လုံခြုံရေး စံနှုန်း အားနည်းချက်တွေအတွက် နာမည်ပျက်လေ့ ရှိပါတယ်။ အကျိုးဆက်အဖြစ် တံတားတွေ၊ ကားလမ်းတွေ၊ ရထားလမ်းတွေနဲ့ ဆက်စပ်ပြီး လူအသေအပျောက် များပြားတဲ့ မတော်တဆမှုကြီးတွေလည်း ဖြစ်ပေါ်ခဲ့ဖူးပါတယ်။

၂၀၂၂ ခုနှစ်တုန်းက ဂူဂျာရတ်မှြ သက်တမ်း နှစ် ၁၀၀ လောက်ရှိတဲ့ မြစ်ကူးတံတားတစ်စင်း ကျိုးကျရာက လူတွေရာနဲ့ချီ မြစ်ထဲပြုတ်ကျခဲ့ပြီး အနည်းဆုံး ၁၃၂ ဦး သေဆုံးခဲ့ပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

BRICS စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ရဲ့ ထိပ်သီးညီလာခံ တက်ရောက်လာတဲ့ အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်တွေ အိန္ဒိယ နိုင်ငံမှာ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီနဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့ဟာ အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့မှာ ဒီနေ့ (စက်တင်ဘာလ ၁၁ ရက်) သောကြာနေ့မှာ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

အိန္ဒိယနိုင်ငံ၊ ဒေလီမြို့တော်မှာ လူနေ အဆောက်အအုံတစ်လုံး ပြိုကျခဲ့တာကြောင့် ၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး နောက်ထပ် လူ ၅၀ လောက် အပျက်အစီးတွေအောက် ပိတ်မိနေတယ်လို့ ယုံကြည်ရပါတယ်။

သတင်း

အိန္ဒိယမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်ဖို့ ပူးပေါင်းကြံစည်ခဲ့ကြောင်းစွပ်စွဲချက်နဲ့ အဖမ်းခံထားရတဲ့ နိုင်ငံခြားသား ၇ ဦးဟာမြန်မာနိုင်ငံမှာ အရပ်ဖက် လေယာဉ်တစ်စီးကို ဒရုန်းနဲ့ တိုက်ခိုက်တဲ့ လုပ်ရပ်မှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ အိန္ဒိယ အမျိုးသား စုံစမ်းစစ်ဆေးရေး အေဂျင်စီ (NIA)ကစွပ်စွဲပါတယ်။