Connect with us

Hi, what are you looking for?

သတင်း

သပိတ်ကျင်းက (၄) မိုင်ကံသာရွာ စစ်တပ်ပြန်ရပြီး မြို့အနီးရောက်လာ

တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ သပိတ်ကျင်းမြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်နေပြီး (၄)မိုင်ကံသာကျေးရွာကို စစ်ကောင်စီတပ်က သိမ်းပိုက်ရရှိသွားတယ်လို့ သပိတ်ကျင်းဒေသက တော်လှန်ရေးရဲဘော်တွေက ပြောပါတယ်။

သပိတ်ကျင်းမြို့နယ်ကို ဇူလိုင် ၁၂ ရက်ညပိုင်းက လေကြောင်းတိုက်ခိုက်လို့ နေအိမ်တစ်လုံး ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - စကစ/တယ်လီဂရမ်

ဇူလိုင်-၁၃၊၂၀၂၅။/People’s Spring

တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ သပိတ်ကျင်းမြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်နေပြီး (၄)မိုင်ကံသာကျေးရွာကို စစ်ကောင်စီတပ်က သိမ်းပိုက်ရရှိသွားတယ်လို့ သပိတ်ကျင်းဒေသက တော်လှန်ရေးရဲဘော်တွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ သပိတ်ကျင်းမြို့ အရှေ့ဘက်က (၄)မိုင်ခန့်အကွာက (၄)မိုင်ကံသာရွာကို ရောက်ရှိလာလို့ မြို့နဲ့ နီးကပ်နေပြီပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဇွန်လဆန်းကစပြီး သပိတ်ကျင်းမြို့နယ် (၇)မိုင်ကျေးရွာက လျှပ်စစ်အင်ဂျင်နီယာတပ်စခန်းနဲ့ တွင်းငယ်ကျေးရွာက အမှတ် (၁၃)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (တတက-၁၃)တို့မှာ စုဝေးနေတဲ့ စစ်ကောင်စီတပ်သားတွေက စစ်ကြောင်းထိုးထွက်လာရာက တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာလို့ တော်လှန်ရေးရဲဘော်တွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

သပိတ်ကျင်းမြို့နယ်က (၆)မိုင်နဲ့ (၅)မိုင်ကျေးရွာတွေကို စစ်ကောင်စီတပ်က သိမ်းရခဲ့ပြီး ဇူလိုင် ၁၂ရက်က (၄)မိုင်ကံသာကျေးရွာကို ထပ်မံသိမ်းရခဲ့တာလို့ ဆိုပါတယ်။ တော်လှန်ရေးတပ်တွေဟာ (၅)မိုင်ကျေးရွာကို ဇူလိုင် ၅ရက်က ဆုံးရှုံးခဲ့ရတာဖြစ်ပြီး အခု (၄)မိုင်ရွာကို ထပ်မံ လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။

” (၄)မိုင်ရောထပ်ပါသွားတာ ဟုတ်တယ်။ စကစက လေကြောင်းအားကိုးနဲ့ ဆက်တိုက်ဖိနေတာ”လို့ သပိတ်ကျင်းဒေသက တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

မန္တလေးမြို့နဲ့ မိုင်(၈၀)ခန့်အကွာက ရွှေလုပ်ကွက်တွေကြောင့် နာမည်ကြီးတဲ့ သပိတ်ကျင်းမြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက ၉ ရက်ကြာတိုက်ခိုက်ပြီးနောက် ပြီးခဲ့တဲ့၂၀၂၄ သြဂုတ် ၂၅ရက်မှာ အပြီးသတ်သိမ်းပိုက်ရခဲ့တာလို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ထုတ်ပြန်ထားပါတယ်။

သပိတ်ကျင်းမြို့ကိုသာ တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်ရခဲ့တာဖြစ်ပြီး မြို့နယ်တစ်ခုလုံးက စစ်ကောင်စီတပ်သားတွေ ကင်းစင်ခဲ့တာ မဟုတ်ပေ။ သပိတ်ကျင်းမြို့သိမ်းတိုက်ပွဲက ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေဟာ (၇)မိုင်က လျှပ်စစ်အင်ဂျင်နီယာတပ်စခန်းနဲ့ သပိတ်ကျင်းမြို့နဲ့ (၂၆)ခန့်ကွာဝေးတဲ့ တွင်းငယ်ကျေးရွာက အမှတ် (၁၃)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (တတက-၁၃)မှာ သွားရောက်စုဝေးသလို ၊စစ်တပ်က စစ်ကူပို့တဲ့ စစ်သား​တွေနဲ့ ပေါင်းပြီး ခံစစ်ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။

သပိတ်ကျင်းမြို့သိမ်းတိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်က ဒုဗိုလ်မှူးကြီး စိုးမင်းသူနဲ့ စစ်သုံ့ပန်းတွေ ဖမ်းမိခဲ့ပါတယ်။ လက်ရှိမှာ မန္တလေးတိုင်းအတွင်းက သပိတ်ကျင်းနဲ့ မတ္တရာမြို့နယ်တွေမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းကနေ အပြင်းအထန်ဗုံးကြဲတိုက်ခိုက်နေပါတယ်.

စစ်ကောင်စီဟာ ဇူလိုင် ၁၂ ရက်ညပိုင်းကလည်း သပိတ်ကျင်းမြို့နယ်က လိပ်ကျကျေးရွာနဲ့ ဇရပ်ကွင်းရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံ လေးဦးဒဏ်ရာရပြီး နေအိမ်တချို့လည်း ပျက်စီးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။