Connect with us

Hi, what are you looking for?

သတင်း

စစ်သင်္ဘောအုပ်စု ပါရာ​မော်တာပစ်ကူယူ၍ ကနီနယ်ကိုဖြတ်နေ

ချင်းတွင်းမြစ်ကြောင်းအတိုင်းလေကြောင်းမှပါရာ​မော်တာ ပစ်ကူယူ၍ဆန်တက်လာသည့် စစ်သင်္ဘောအုပ်စုသည် ကနီနှင့် ယင်းမာပင်မြို့နယ်ကြားသို့ရောက်ရှိလာပြီး ဘေးပတ်ဝန်းကျင်ကျေးရွာများအား လက်နက်ကြီးများဖြင့်ပစ်ခတ်နေသည်။

​ဇူလိုင်-၁၄၊၂၀၂၅။ဇော်ရမ်း/People’s Spring

ချင်းတွင်းမြစ်ကြောင်းအတိုင်းလေကြောင်းမှပါရာ​မော်တာ ပစ်ကူယူ၍ဆန်တက်လာသည့် စစ်သင်္ဘောအုပ်စုသည် ကနီနှင့် ယင်းမာပင်မြို့နယ်ကြားသို့ရောက်ရှိလာပြီး ဘေးပတ်ဝန်းကျင်ကျေးရွာများအား လက်နက်ကြီးများဖြင့်ပစ်ခတ်နေသည်။

စစ်သင်္ဘောသုံးစီးအပါအဝင်စုစုပေါင်းသင်္ဘော ၃၇ စီးသည်ကနီမြို့နယ်၊ နွားလဘို့ရွာကိုကျော်လာပြီး ဘေးပတ်ဝန်းကျင်ကျေးရွာများကို လက်နက်ကြီးများ၊စက်သေနတ်များဖြင့် ပစ်ခတ်နေကာ နံနက် ၁၀နာရီ ၅၀မိနစ်တွင် ပါရာမော်တာဖြင့်ပါ ပစ်ခတ်နေသည်။

“အပေါ်ကပါရာမော်တာကပါရမ်းပစ်နေကြပြီ။ အရပ်သားတွေရှောင်ကြပေမယ့် စိုးရိမ်ရပါတယ်”ဟုကနီမြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါစစ်သင်္ဘောအုပ်စုတွင် လက်နက်ခဲယမ်းနှင့်ရိက္ခာများ၊ ဘိလပ်မြေအိတ်များ၊ရေနံနှင့် စက်သုံးဆီများကို ကုန်တင်ယာဉ်များဖြင့်တင်ဆောင်လာပြီး အထက်ဖက်သို့ဆက်လက်ဆန်တက်နေသည်။ ကနီမြို့နယ်အတွင်း ကျေးရွာ၂၀ခန့်ကိုဖြတ်ကျော်ပြီးမှ မင်းကင်းမြို့နယ်သို့ရောက်ရှိမည်ဖြစ်သည်။

ချင်းတွင်းမြစ်ရေတက်နေသည်ကို အသုံးချ၍ စစ်ကောင်စီက အထက်ပိုင်းဒေသများရှိ စစ်တပ်စခန်းများကိုလက်နက်ခဲယမ်းနှင့်ရိက္ခာများ ပို့ဆောင်ရန်ကြိုးစားနေခြင်းဖြစ်သည်။ချင်းတွင်းမြစ်အနောက်ဖက်ကမ်းတွင် ကနီနှင့် ယင်းမာပင်မြို့နယ်တို့ရှိပြီး အရှေ့ဘက်ကမ်းတွင် ဘုတလင်မြို့နယ်ရှိသည်။ထို့ကြောင့်ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ ဘေးလွတ်ရာသို့ တိမ်းရှောင်နိုင်ရေးကြိုးစားနေကြသည်။

“ရေက ဘောင်ဘင်ကိုခတ်နေတာပဲ။ လေကြောင်းလည်းကြောက်ရ၊ ရေကြောင်းလည်းကြောက်ရနဲ့ တော်တော်ဒုက္ခများပါတယ်”ဟု ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။

အဆိုပါစစ်သင်္ဘောအုပ်စုသည်ဇွန်လ ၂၈ရက် နံနက်က ဆားလင်းကြီးမြို့နယ်ကိုဖြတ်စဉ် ဘေးပတ်ဝန်းကျင်ကျေးရွာများအား ပါရာမော်တာနှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ရာ အရပ်သားလေးဦးသေဆုံးခဲ့သည်။ စစ်သင်္ဘောအုပ်စုမှရမ်းသမ်းပစ်ခတ်သည့်လက်နက်ကြီးအန္တရာယ်နှင့်လေကြောင်းအန္တရာယ်သတိပြုကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကသတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ကနီမြို့နယ်မှာ သပိတ်အင်အားစုနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး ရွှေဝါရောင်တော်လှန်ရေး (၁၉)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှု စက်တင်ဘာ ၁၈ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ဆိပ်ဖြူမြို့နယ်မှာ ပါရာမော်တာတစ်စီး ပျက်ကျခဲ့တယ်လို့ ဒေသခံအချို့က ‌ပြောပါတယ်။

သတင်း

မန္တလေးမြို့က တဆင့် အာဏာသိမ်းစစ်တပ်ရဲ့ သင်္ဘောအုပ်စု အစီးရေ ၃၀ ခန့် ဧရာဝတီမြစ်ကြောင်းအတိုင်းအထက်ဘက်ဆီမနေ့ ( စက်တင် ဘာလ ၄ ရက်) ညပိုင်းမှာ စတင်ပြီး ဆန်တက်သွား တယ်လို့ သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

စက်တင်ဘာ ၂တိုက်ပွဲ စစ်သင်္ဘော၁စီး နစ်မြုပ်၊ ၂ စီး ပျက်စီးပြီး မြေပြင်စစ်တပ်စစ်ကြောင်းတပ်လန်