Connect with us

Hi, what are you looking for?

သတင်း

ပုဂံ၊ညောင်ဦးကို မင်းအောင်လှိုင်လာမှာဖြစ်လို့ စစ်တပ်က မြို့ပေါ်လုံခြုံရေးတင်းကြပ်ပြီး ကျေးရွာတွေ စစ်ကြောင်းထိုးမီးရှို့နေ

ပုဂံ၊ညောင်ဦးမြို့ကို စစ်ခေါင်းဆောင်မင်းအောင်လှိုင် လာရောက်မှာဖြစ်လို့ စစ်တပ်က မြို့ပေါ်မှာလုံခြုံရေးတင်းကြပ်နေပြီး ကျေးရွာတွေကို စစ်ကြောင်းထိုးမီးရှို့နေတယ်လို့ အဲဒီဒေသတွင်းက တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ပုဂံမြို့တောင်ဘက်က ကျေးရွာတွေကို စစ်တပ်က စစ်ကြောင်းမီးရှိုးပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့

ဇူလိုင်-၁၅၊၂၀၂၅/People’s Spring

ပုဂံ၊ညောင်ဦးမြို့ကို စစ်ခေါင်းဆောင်မင်းအောင်လှိုင် လာရောက်မှာဖြစ်လို့ စစ်တပ်က မြို့ပေါ်မှာလုံခြုံရေးတင်းကြပ်နေပြီး ကျေးရွာတွေကို စစ်ကြောင်းထိုးမီးရှို့နေတယ်လို့ အဲဒီဒေသတွင်းက တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

စစ်တပ်က ပုဂံ၊ညောင်ဦးမြို့ပေါ်မှာ လှည့်ကင်းနဲ့ ကင်းပုန်းဝပ်တာတွေ ပြုလုပ်နေပြီး ကျေးရွာတွေကိုလည်း စစ်ကြောင်းထိုး မီးရှို့နေတယ်လို့ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

” လောလောဆယ် မအလ ခရီးစဥ်ရှိတော့ လုံခြုံရေးကို အဓိကထားပြီး ကင်းပတ်တာရော ကင်းပုန်းဝပ်တာရော လုပ်နေတယ်”လို့ ညောင်ဦးမြို့နယ် ပကဖရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ လာမယ့်ရက်ပိုင်းအတွင်း လာရောက်မယ်လို့ သတင်းထွက်နေတယ်လို့လည်း ၎င်းက ဆက်ပြောပါတယ်။

ပုဂံ၊ညောင်မြို့မှာ စစ်တပ်က ကုန်းကြောင်းအပြင် ရေကြောင်းကပါ လုံခြုံရေးတွေချပြီး တင်းကြပ်နေတယ်လို့ ညောင်ဦးခရိုင် ပကဖက ပြောပါတယ်။

အဲဒီလို တင်းကြပ်နေချိန်မှာဘဲ ဇူလိုင် ၁၃ရက် ညနေပိုင်းမှာ ညောင်ဦးမြို့က KBZဘဏ်ရဲ့ အနောက်ဘက်လမ်းကြားက ဆန်းရွှေဝါဆီဆိုင်ရဲ့နေအိမ်ကို လူတစ်စုက လာရောက်ပြီး ဓားပြတိုက်ပြန်ပေးဆွဲမှုဖြစ်ပွားခဲ့ပါတယ်။

သေနတ်ကိုင်ဆောင်ထားတဲ့ လူတစ်စုဟာ နေအိမ်မှာ ဆီလုပ်ငန်းရှင် ဦးဆန်းဦးရှိမနေ၍ ဇနီးဖြစ်သူ ဒေါ်ခင်မာကြည်ကို ပြန်ပေးဆွဲခေါ်ဆောင်ကာ ကျပ်သိန်း ၅၀၀နဲ့ ကားတစ်စီး ယူဆောင်သွားခဲ့လို့ ညောင်ဦးမြို့ခံအချို့က ပြောပါတယ်။

စစ်တပ်ဟာ ပုဂံမြို့တောင်ဘက်က ကျေးရွာတွေကို စစ်ကြောင်းထိုးပြီး ကျေးရွာ ၈ရွာကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့လည်း ညောင်ဦးခရိုင် ပကဖက ပြောပါတယ်။

ချောင်းရှည့်ရွာက နေအိမ် ၁၁လုံး၊ အနောက်အုံရွာက နေအိမ် ၅လုံး၊ဇီစမြင်ရွာက နေအိမ် ၂၁လုံး၊ ပွဲတန်းရွာက နေအိမ် ၁၂လုံး၊ ကျောက်ပြင်ကန်ရွာက နေအိမ် ၃၀၊ မီးလောင်ဖျား(တ)ရွာက နေအိမ် ၈၅လုံးနဲ့ မီးလောင်ဖျား(မ)ရွာက နေအိမ် ၄၅လုံး စုစုပေါင်း နေအိမ် ၂၀၀ကျော် မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ ညောင်ဦးခရိုင် ပကဖက ပြောပါတယ်။

အဲဒီ စစ်ကြောင်းဟာ ပြီးခဲ့တဲ့ နှစ်ရက်လောက်က စစ်ကြောင်းပြန်ဝင်သွားတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် စစ်တပ်ဟာ ညောင်ဦးမြို့အရှေ့ဘက်က ငါ့သရောက်ဒေသကို စစ်ကြောင်းသုံးကြောင်းနဲ့ မနေ့က(ဇူလိုင် ၁၄ရက်)ကစပြီး စစ်ကြောင်းပြန်ထွက်လာနေတယ်လို့လည်း ညောင်ဦးခရိုင် ပကဖက ပြောပါတယ်။

” သုံးကြောင်းက အင်အားတော့ မများဘူးပေါ့။ သုံးကြောင်းပေါင်းမှ အင်အား ရာကျော်လောက်ပဲရှိပါတယ်”လို့ ညောင်ဦးခရိုင် ပကဖက ပြောပါတယ်။

ဒါ့အပြင် စစ်တပ်ဟာ ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပါးတောင်မကြီးဘက်က ကျေးရွာတွေကိုလည်း နေ့စဉ်စစ်ကြောင်းထိုးထွက်လာနေတယ်လို့ သိရပါတယ်။

ညောင်ဦးမြို့နယ်မှာ ဇူလိုင်၁ရက်ကစပြီး တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် စစ်ကောင်စီတပ်တွေက အဲဒီရက်ကတည်းစကပြီး စစ်ကြောင်းအများအပြားနဲ့ ကျေးရွာတွေကို စစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

ဆောင်းပါး

ထိုင်းနိုင်ငံမှာ မိသားစုအတွက် နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲခံ၊အလုပ်ကြိုးစားပြီးနောက် နေရပ်ဌာနီက မိဘနှစ်ပါးဆီ ပြန်လာခဲ့တဲ့ ကိုအောင်ငြိမ်းချမ်းတစ်ယောက် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားကွင်းထဲ ခြေချမိချိန်မှာတော့ သူ့ဘဝရဲ့ အမှောင်မိုက်ဆုံး နေ့ရက်တွေ စတင်ခဲ့ပါတယ်။

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) တပ်ဖွဲ့တွေရဲ့ ဝတ်စုံတွေ နဲ့ သတင်းရယူစုံစမ်းတာ၊ ပုံမှားရိုက်တာတွေ လုပ်ဆောင်နေကြောင်း ရွှေကူ KPDFက ဒီကနေ့ ထုတ်ပြန် သတိပေးပါတယ်။