Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီကို စစ်ဘက်ရေးရာကျွမ်းကျင်မှုသင်တန်းပေးနေတဲ့ ဘယ်လာရုစ်တက္ကသိုလ်တွေကို သပိတ်မှောက်လုပ်ဖို့ JFM တောင်းဆို

ပြည်သူတွေအပေါ် အကြမ်းဖက်မှုကျူးလွန်နေတဲ့ စစ်ကောင်စီအတွက် စစ်ဘက်ဆိုင်ရာကျွမ်းကျင်မှုသင်တန်းပေးနေတဲ့ ဘယ်လာရုစ်တက္ကသိုလ်တွေကို နိုင်ငံတကာပညာ‌ရေးအသိုင်းအဝိုင်းက သပိတ်မှောက်ဖို့နဲ့ ကန့်ကွက်ဖို့ Justice For Myanmar က တောင်းဆိုလိုက်သည်။

ဓာတ်ပုံ - JFM

ဇူလိုင်-၁၇၊ ၂၀၂၅။ တေဇ/People’s Spring

ပြည်သူတွေအပေါ် အကြမ်းဖက်မှုကျူးလွန်နေတဲ့ စစ်ကောင်စီအတွက် စစ်ဘက်ဆိုင်ရာကျွမ်းကျင်မှုသင်တန်းပေးနေတဲ့ ဘယ်လာရုစ်တက္ကသိုလ်တွေကို နိုင်ငံတကာပညာ‌ရေးအသိုင်းအဝိုင်းက သပိတ်မှောက်ဖို့နဲ့ ကန့်ကွက်ဖို့ Justice For Myanmar က တောင်းဆိုလိုက်သည်။

ဘယ်လာရုစ်တက္ကသိုလ်တွေဖြစ်တဲ့ Belarusian State University (BSU)၊ Belarusian State University of Informatics & Radioelectronics(BSUIR)နဲ့ Belarusian State Technological University (BSTU)တို့က စစ်ကောင်စီအရာရှိတွေကို စစ်ဘက်ရေးရာ ကျွမ်းကျင်မှုသင်တန်း ပို့ချပေးနေတာဖြစ်ပါတယ်

အဲဒီတက္ကသိုလ်တွေဟာ ပညာရပ်ကျွမ်းကျင်မှုတွေကို သင်ကြားပေးအပ်ခြင်းအားဖြင့် စစ်ရာဇဝတ်ကောင်တွေကို ဘွဲ့ဒီဂရီများ အပ်နှင်းရုံသာမကဘဲ အဆတိုး လူသတ်နိုင်ဖို့ အားပေးကူညီနေခြင်းသာဖြစ်ကြောင်းနဲ့ ပညာရပ်အသိုင်းအဝန်းနဲ့ နိုင်ငံတကာမိတ်ဖက်တွေအနေနဲ့ အဲဒီတက္ကသိုလ်တွေကို သပိတ်မှောက်ဖို့နဲ့ မြန်မာစစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်မှုကြီးတွေမှာ ၎င်းတို့ရဲ့ ကြံရာပါမှုကို ကန့်ကွက်ဆန့်ကျင်ဖို့ JFM က တောင်းဆိုပါတယ်။

Public Service Announcement

Public Service Announcement

Belarusian State University(BSU)ဟာ ရန်ကုန်တက္ကသိုလ်အပါအဝင် အခြား တက္ကသိုလ်တွေနဲ့ ကျောင်းသားလက်ခံရေးနားလည်မှူစာချွန်လွှာရေးထိုးထားပြီး လက်ရှိမှာ မြန်မာကျောင်းသား ၁၀ ဦးကို စစ်ဘက်ဆိုင်ရာဥပဒေ၊ ပထဝီတည်နေရာသတင်းအချက်အလက်ပညာနဲ့ ဆက်စပ်ဘာသာရပ်တွေအပါအဝင် ပညာရပ်အစီအစဉ်တွေကို ၎င်းတို့ရဲ့ စစ်ဘက်ဆိုင်ရာဌာနကြီးတွေမှာ သင်ကြားပေးနေတယ်လို့ JFM ကဆိုပါတယ်

Belarusian State University of Informatics & Radioelectronics မှာ စစ်ကောင်စီရဲ့ စစ်လက်နက်ထုတ်လုပ်ရေး စက်ရုံတွေဖြစ်တဲ့ အမှတ်(၄) ကာကွယ်ရေးပစ္စည်းစက်ရုံ(နေပြည်တော်)၊ အမှတ်(၂၀) ကာကွယ်ရေးပစ္စည်းစက်ရုံ(မကွေး)နဲ့ အမှတ်(၁၀)မြန်မာ့အကြီးစားစက်မှုလုပ်ငန်း(မန္တလေး)တို့က ကျောင်းသားတွေ တက်ရောက်နေပြီး လေကြောင်းရန်ကာကွယ်ရေးစနစ်များအတွက် ရေဒီယို-အီလက်ထရောနစ်အင်ဂျင်နီယာပညာရပ်ဆိုင်ရာများ သုတေသနပြုလေ့လာဖို့ လက်ခံသင်ကြား‌ပေးနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် Belarusian State Technological University မှာလည်း မြေပြင်စစ်လက်နက်နဲ့ ထောက်ပံ့ပို့ဆောင်ရေးအတွက် စစ်ဘက်လေ့ကျင့်ရေးဌာနတစ်ခု ဖွင့်လှစ်ပေးထားပြီး အဆင့်မြင့် စစ်ဘက်ပညာရပ်တွေ ပြီးမြောက်ထားတဲ့ မြန်မာကျောင်းသား ၃၄ ဦးရှိကြောင်း JFM ကဆိုပါတယ်။

ဘယ်လာရုစ်နိုင်ငံဟာ အာဏာသိမ်း စစ်ကောင်စီနဲ့ မဟာမိတ် ဆက်ဆံရေးရှိပြီး ဒီနှစ်အတွင်းမှာပဲ စစ်ခေါင်းဆောင်ကိုယ်တိုင် ဘယ်လာရုစ်ကို နှစ်ကြိမ်တိုင်သွားရောက်ခဲ့ပါတယ်။

စစ်ခေါင်းဆောင်ရဲ့ခရီးစဉ်တွေအတွင်း စစ်လက်နက်ပစ္စည်းကိရိယာရောင်းချမှုနဲ့ စစ်ဘက်ဆိုင်ရာနည်းပညာ ပူးပေါင်းဆောင်ရွက်မှုတွေကို ညှိနှိုင်းဆွေးနွေးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

သတင်း

လူသားမျိုးနွယ်အပေါ် မြန်မာစစ်တပ် ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေမှာ ကြံရာပါပတ်သတ်မှု၊ ဒဏ်ခတ်ပိတ်‌ဆို့မှု‌တွေကို ချိုးဖောက်မှုနဲ့ တယ်လီနော ASA ကို စွဲချက်တင်တဲ့အပေါ် Justice For Myanmar(JFM) နဲ့ ICJ Norway က ကြိုဆိုကြောင်း အသိပေးထားပါတယ်။

သတင်း

စစ်အုပ်စုကို ကူညီ​နေတဲ့ ကုမ္ပဏီနဲ့ ပုဂ္ဂိုလ်​တွေဟာ စစ်ရာဇဝတ်မှုအား​ပေးသူ​တွေဖြစ်တာ​ကြောင့်အ​ရေးယူ​ပေးဖို့တိုက်တွန်း

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook