Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ်မှာ လုံခြုံရေး တပ်ဖွဲ့တွေနဲ့ အဓိကရုဏ်းကြောင့် ဟာဆီနာ ထောက်ခံသူ ၄ ဦးသေ

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာကို ထောက်ခံသူတွေကြား သွေးထွက်သံယို ပဋိပက္ခတွေ ဖြစ်ပွားပြီး လူ ၄ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

Reuters

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာကို ထောက်ခံသူတွေကြား သွေးထွက်သံယို ပဋိပက္ခတွေ ဖြစ်ပွားပြီး လူ ၄ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

ဇူလိုင် ၁၆ ရက်နေ့တုန်းက ဒါကာမြို့တော်ရဲ့ အနောက်တောင်ဖက် ကီလိုမီတာ ၁၀၀ လောက်အကွာ ဂိုပယ်လ်ဂန့်ဂျ် ခရိုင်ထဲမှာ အဲဒီလို အခြေအနေတွေ ကြုံခဲ့ရတာပါ။ ဂိုပယ်လ်ဂန့်ဂျ်ဟာ ဟာဆီနာရဲ့ နိုင်ငံရေး ပါတီဖြစ်တဲ့ အေဝါမီ အဖွဲ့ချုပ် (AL)ကို အခိုင်အမာ ထောက်ခံတဲ့ ဒေသတစ်ခုလည်း ဖြစ်ပါတယ်။

ဟာဆီနာဟာ ပြီးခဲ့တဲ့ နှစ်တုန်းက တက္ကသိုလ် ကျောင်းသားတွေ ဦးဆောင်တဲ့ လူထု အုံကြွမှု တစ်ခုကြောင့် ရာထူးကနေ ပြုတ်ကျပြီး အိန္ဒိယဆီ ထွက်ပြေး တိမ်းရှောင်ခဲ့ရပါတယ်။

ဇူလိုင်လ ၁၆ ရက်နေ့ကတော့ ဟာဆီနာ ပြုတ်ကျပြီးမှ တက္ကသိုလ် ကျောင်းသားတွေ ဦးဆောင်ပြီး အသစ်ထူထောင်ခဲ့တဲ့ အမျိုးသား အရပ်သားပြည်သူများပါတီ (NCP)က ဂိုပယ်လ်ဂါနီကို ရောက်လာပြီး ဟာဆီနာကို ဖြုတ်ချခဲ့တဲ့ လူထုအုံကြွမှု နှစ်ပတ်လည် အခမ်းအနား ကျင်းပဖို့ စီစဉ်ခဲ့ရာက ပြဿနာတွေ စတင်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

ပဋိပက္ခတွေက အတော်လေး အခြေအနေ တင်းမာ ပြင်းထန်ခဲ့ပြီး ဟာဆီနာကို ထောက်ခံသူတွေဟာ လုံခြုံရေး ယူထားတဲ့ ရဲတွေကို တုတ်တွေနဲ့ ရိုက်ပြီး ယာဉ်တွေကိုလည်း မီးတင်ရှို့ခဲ့ပါတယ်။ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကလည်း အခြေအနေကို ထိန်းသိမ်းဖို့အတွက် သံချပ်ကာ ယာဉ်တွေကိုပါ အသုံးပြုခဲ့ရပါတယ်။ အဲဒီ တိုက်ခိုက်မှုတွေအတွင်း ဟာဆီနာကို ထောက်ခံတဲ့ ဒေသခံ ၄ ဦး သေဆုံးခဲ့ပြီး နှစ်ဖက်စလုံးမှာ ဒဏ်ရာရသူ ဒါဇင်နဲ့ချီ များပြားခဲ့တယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ ၁ နှစ်နီးပါးလောက်က ဟာဆီနာ အစိုးရ ပြုတ်ကျခဲ့ပြီးနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်မှာ အယူဝါဒရေးရာ ကွဲပြားမှုတွေကြောင့် မတည်ငြိမ်မှု၊ ဆူပူမှုတွေ မကြာခဏ ဖြစ်ပွားလေ့ ရှိပါတယ်။ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် မူဟာမက် ယူနွတ်စ် ဦးဆောင်တဲ့ ယာယီ အစိုးရဟာလည်း အဲဒီ အခြေအနေတွေကို ထိထိရောက်ရောက် တာဝန်ယူ ထိန်းသိမ်းနိုင်စွမ်း မရှိသေးပါဘူး။

ဟာဆီနာရဲ့ ပါတီက ဂိုပယ်လ်ဂန့်ဂျ်မှာ ဖြစ်ပွားခဲ့တဲ့ ထိခိုက်သေကြေမှုတွေနဲ့ ပတ်သက်လို့ ယာယီ အစိုးရကို ရှုတ်ချခဲ့ပြီး လုံခြုံရေး အင်အားကို လွန်လွန်ကဲကဲ အသုံးချခဲ့ကြောင်း စွပ်စွဲခဲ့ပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်လို့ နိုင်ငံတကာက ယာယီ အစိုးရကို စုပေါင်း ရှုတ်ချသင့်တယ်လို့လည်း AL ပါတီက ဆိုပါတယ်။

ယူနွတ်စ်ကတော့ ငြိမ်းငြိမ်းချမ်းချမ်း စုဝေးခဲ့တဲ့ လူငယ်တွေကို မင်းမဲ့စရိုက်ဆန်ဆန် စတင်တိုက်ခိုက်ခဲ့တဲ့ လူရမ်းကားတွေကို အပြစ်တင်ခဲ့ပြီး ဒီကိစ္စအတွက် ထိထိရောက်ရောက် ကိုင်တွယ် အရေးယူသွားမယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်၊ ဩဂုတ်လတုန်းက ဟာဆီနာရဲ့ အစိုးရ ပြုတ်ကျသွားပြီး ၃ ရက်အကြာမှာ ယူနွတ်စ်က ယာယီ အစိုးရကို စတင်ဦးဆောင်ခဲ့တာပါ။ သူက နိုင်ငံကို ပြန်လည် တည်ငြိမ် အေးချမ်းအောင် ကိုင်တွယ်သွားမယ်လို့ ကြွေးကြော်ခဲ့ပေမယ့် လေ့လာသူတွေကတော့ သူ့လက်အောက်မှာ ငြိမ်းချမ်းတဲ့ အသွင်ကူးပြောင်းမှု အလားအလာတွေက အကြီးအကျယ် ခြိမ်းခြောက် ခံနေရကြောင်း သတိပေးထားပါတယ်။ ယူနွတ်စ်ကတော့ သူ့ရဲ့ အစိုးရဟာ လာမယ့် ဧပြီလကျရင် ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ ကြေညာထားပါတယ်။

ကိုးကား: DW

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ အခုနှစ်အတွင်း ဝက်သက်ရောဂါကြောင့် သေဆုံးတဲ့ ကလေးဦးရေ ၁၀၀၀ ကျော်လွန်လာကြောင်း သိရပါတယ်။

နိုင်ငံတကာ

လက်တွေ့ ပစ်ခတ်မှု စစ်ရေးလေ့ကျင့်နေရင်း တင့်ကားတစ်စီး ပေါက်ကွဲသွားတဲ့ ဖြစ်စဉ်အတွက် ဘင်္ဂလားဒေ့ရှ် စစ်တပ်က စုံစမ်းစစ်ဆေးမှုတွေ စတင်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လေတပ်ကို အဆင့်မြှင့်မယ့် စီမံကိန်းအတွက် တရုတ်လုပ် တိုက်လေယာဉ်တွေနဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေကို ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထွက်ပြေးတိမ်းရှောင်နေသူ ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာကို လက်လွှဲမပေးမချင်း အိန္ဒိယနိုင်ငံဆီ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်က သွားရောက်မှာ မဟုတ်ဘူးလို့ ဘင်္ဂလားဒေ့ရှ် အစိုးရက ပြောကြားခဲ့ပါတယ်။