Connect with us

Hi, what are you looking for?

သတင်း

ပုလောမြို့နယ်တွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၍ ကလေးငယ်တစ်ဦး သေဆုံး၊ ခုနစ်ဦး ဒဏ်ရာရ

အာဏာသိမ်းစစ်ကောင်စီက တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ အသက်(၁၃)နှစ်အရွယ် ကလေးငယ်သေဆုံးကာ ကလေးငယ်များ အပါအဝင် ပြည်သူ ခုနစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။

ပုလောမြို့နယ် မိမ္မမြို့ကျေးရွာအနီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု။ ရုပ်သံ - KNU - Mergui-Tavoy District

ဇူလိုင်-၂၀၊ ၂၀၂၅။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်ကောင်စီက တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ အသက်(၁၃)နှစ်အရွယ် ကလေးငယ်သေဆုံးကာ ကလေးငယ်များ အပါအဝင် ပြည်သူ ခုနစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။

ဇူလိုင် ၁၉ရက် နံနက် ၁၀နာရီခွဲခန့်တွင် ပုလောမြို့နယ် မိမ္မမြို့ကျေးရွာအနီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခြင်းဖြစ်ပြီး နေအိမ် ၃လုံးလည်း ပျက်စီးခဲ့သည်ဟု ဆိုသည်။

https://www.facebook.com/LuduNwayOo/videos/1437843484131249

Public Service Announcement

Public Service Announcement

” အခုတလောမှာ စကစက တိုက်ပွဲမရှိသော်လည်းပဲ ဗုံးလာကြဲတာရှိတယ်။ ဒီတလအတွင်းမှာ နှစ်ခါသုံးခါလောက်ရှိပြီ”ဟု ပဒိုစောအယ်နားက မြိတ်-ထားဝယ်ခရိုင်အတွင်း စစ်ကောင်စီ လေကြောင်း တိုက်ခိုက်မှု အခြေအနေအပေါ် ပြောသည်။

ပုလောအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မြိတ်ခရိုင် တပ်ရင်း(၁)ကလည်း မိမ္မမြို့ရွာကို စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်ခဲ့မှု အခြေအနေကို ဖော်ပြခဲ့ရာ မြိတ်လေတပ်မှ တိုက်လေယာဉ်က ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ပြီး စက်သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး ပြည်သူထိခိုက်သေဆုံးရှိခဲ့ကြောင်း အသိပေးထားသည်။

မြိတ်ခရိုင် တပ်ရင်း(၁)သည် ဒေသတွင်းမဟာမိတ်များနှင့် ပူးပေါင်းပြီး စစ်ကောင်စီ တပ်ဖွဲ့များနှင့် ၎င်းတို့၏ လက်ဝေခံ ထောက်တိုင်များကို အရှိန်အဟုန်မြှင့် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ယမန်နေ့ ဇူလိုင် ၁၉ရက်တွင် ကြေညာထားသည်။ ထို့ကြောင့် စစ်ကောင်စီ တပ်ဖွဲ့များ စခန်းချရာနေရာများကို တက်နိုင်သမျှ ရှောင်ကြရန် ပြည်သူများကို မေတ္တာရပ်ခံထားသည်။

” ကျနော်တို့ကတော့ အရင်ကတည်းက မဟာမိတ်တွေနဲ့ အတူ ဟန်ချီညီညီ စစ်ရေးဖော်ဆောင်ခဲ့ပါတယ်။ မဟာမိတ်တွေနဲ့ အမြဲ ဘေးချင်းကပ်ပြီး အတူ တိုက်ပွဲဝင်ခဲ့ကြတယ်။ အခုကတော့ အဓိက ထုတ်ပြန်ရတဲ့ ရွယ်ချက်က ကျွန်တော်တို့ စစ်ရေး အရှိန်မြင့်ဖို့ရှိတယ်။ အဲလို မြင့်တဲ့အခါမှာ ပြည်သူ ထိခိုက်မှု နည်းနိုင်သမျှ နည်းအောင် ကြိုသတိပေးတာပါ”ဟု မြိတ်ခရိုင် အမှတ်(၁) တပ်ရင်း သတင်းပြန်ကြားရေး တာဝန်ခံ ရဲဘော်အာနိုးက ပြောသည်။

ထို့အပြင် စစ်ကောင်စီလက်အောက်ခံများကို ပြည်သူနှင့် ပူးပေါင်းရန် တောက်လျှောက် ဖိတ်ခေါ်ခဲ့ပြီးဖြစ်ဟုလည်း ရဲဘော်အာနိုးက ယမန်နေ့တွင် ပြောထားသည်။

“စစ်ဆင်ရေးတွေအတွင်းမှာတော့ ရန်သူကို ရန်သူလိုပဲ ဆက်ဆံပါမယ်ဗျ” ဟုလည်း ရဲဘော်အာနိုးက က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်သည်မိခင်အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ်က လေယာဉ် ၇စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲဘော် ၁ ဦး ကျဆုံးကာ အမျိုးသမီး ရဲဘော်တွေအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၁ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။