Connect with us

Hi, what are you looking for?

သတင်း

ဖရူဆိုမြို့နယ်မှာ စစ်ကောင်စီက လေကြောင်းကနေ ရိက္ခာ၊ခဲယမ်းတွေပို့နေလို့ ပြည်သူတွေသတိပြုနေထိုင်ကြဖို့ KNDF သတိပေး

ကရင်နီပြည်နယ်၊ဖရူဆိုမြို့နယ်က စစ်ကောင်စီတပ်တွေကို လေကြောင်းကနေ ရိက္ခာ၊ခဲယမ်းတွေ ပို့နေတာကြောင့် ပြည်သူတွေ သတိပြုနေထိုင်ကြဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့(ဇူလိုင် ၂၀ရက်) သတိပေးထုတ်ပြန်ပါတယ်။

ဇူလိုင်-၂၀၊ ၂၀၂၅။ရဲခေါင်/People’s Spring

ကရင်နီပြည်နယ်၊ဖရူဆိုမြို့နယ်က စစ်ကောင်စီတပ်တွေကို လေကြောင်းကနေ ရိက္ခာ၊ခဲယမ်းတွေ ပို့နေတာကြောင့် ပြည်သူတွေ သတိပြုနေထိုင်ကြဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့(ဇူလိုင် ၂၀ရက်) သတိပေးထုတ်ပြန်ပါတယ်။

ဖရူဆိုမြို့နယ်အတွင်းက အခြေစိုက်တပ်တွေကို ခဲယမ်းတွေပို့ဆောင်တဲ့ အခြေအနေကြောင့် နီးစပ်ရာကျေးရွာက အရပ်သားပြည်သူတွေအနေနဲ့ လက်နက်ကြီးပစ်ခတ်လာနိုင်တဲ့ အန္တရာယ်ကို အထူးသတိပြုရန်နဲ့ စစ်ရေး ၊လုံခြုံရေးသတိရှိစွာ နေထိုင်သွားလာကြဖို့ KNDFက သတိပေးပါတယ်။

“ရိက္ခာတွေ ပြတ်လတာလည်းဖြစ်နိုင်သလို စစ်ရေးလှုပ်ရှားမှု ပိုလုပ်နိုင်တယ်လို့လည်း ထင်ပါတယ်”ဟု စစ်ကောင်စီက ခဲယမ်း၊ရိက္ခာတွေကို ခပ်စိပ်စိပ်ဖြည့်နေတာနဲ့ပတ်သက်လို့ KNDF တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဖရူဆိုမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ အမှတ်(၁၄)တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်းထဲကို လေကြောင်းကနေ ရိက္ခာ ၊ခဲယမ်းတွေ ပို့ဆောင်ဖြည့်တင်းတာ ခပ်စိပ်စိပ်ရှိလာနေတယ်လို့ အသိပေးပါတယ်။

မနေ့က (ဇူလိုင်လ ၁၉) ညနေ ၅နာရီ နဲ့ မိနစ် ၄၀ကနေ ၇နာရီလောက်ထိ စစ်ကောင်စီက အမှတ် (၁၄) တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်းထဲကို ထောက်ပို့လေယာဉ်နဲ့ တစ်နာရီကျော်ကြာပျံဝဲပြီး ခဲယမ်း ၊ ရိက္ခာ ထုပ်များတွေကို လေထီးနဲ့ ပို့ဆောင်ပေးခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် ဇွန်လ ၂၃ ရက်နဲ့ ဇူလိုင် ၈ ရက်ကလည်း ဖရူဆိုက စစ်ကောင်စီလေ့ကျင့်ရေးကျောင်းကို လေကြောင်းကနေ ခဲယမ်း ၊ ရိက္ခာထုပ်တွေ ပို့ဆောင်ထားပါသေးတယ်။

စစ်ကောင်စီက ခဲယမ်း၊ရိက္ခာတွေကို ခပ်စိပ်စိပ်ဖြည့်နေတာနဲ့ပတ်သက်လို့ KNDF ဘက်က သီးခြားမှတ်ချက် မရသေးပါဘူး။ ဖရူဆိုမြို့နယ်ထဲက တပ်တွေ စစ်ရေးလှုပ်ရှားမှုတွေ မြင်ရလာနိုင်တယ်လို့ကရင်နီဒေသတွင်းစစ်ရေးစောင့်ကြည့်သူအချို့က မှတ်ချက်ပေးပါတယ်။

“ဖရူဆိုက တပ်တွေက ပိတ်ခံထားရသလိုဖြစ်နေတာ ကြာပြီ။ဒါပေမယ့် ပြီးခဲ့တဲ့လက စကစတပ်တွေ ကြားမှာတပ်လှုပ်တပ်ရွှေ့ရှိတယ်။ရွာတချို့ထဲ ကင်းတွေ ဝပ်တာတွေ ပါလုပ်ခဲ့တယ်။အရပ်သားတစ်ချို့ တောင် ပစ်ခတ်ခံရတာ ရှိခဲ့သေးတယ်”လို့ ကရင်နီစစ်ဘက်သတင်းရင်းမြစ်က ပြောပါတယ်။

ဖရူဆိုမြို့နယ်မှာ စစ်ကောင်စီရဲ့ အမှတ်(၁၄)တန်းမြင့်စစ်ရေးလေ့ကျင့်ရေးကျောင်းအပြင် ခမရ(၅၃၁) နဲ့ ခမရ(၄၂၈)တပ်ရင်းတွေရှိပြီး ဖရူဆို-ဘောလခဲ ပြည်ထောင်စု လမ်းကြီးဘေးဝဲယာတွေမှာ တည်ထားပါတယ်။

(ဖရူဆိုမြို့နယ်ကို စစ်ကောင်စီက လေကြောင်းကနေ ရိက္ခာထုပ်တွေ ပို့နေစဉ်။ ရုပ်သံ – KNDF)

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်းပိုင်းမှာသွားလာနေတဲ့ခရီးသွားကားတွေအနေနဲ့အာဏာသိမ်းစစ်တပ်ရဲ့ရိက္ခာနဲ့ဝန်ထမ်းတွေကိုသယ်ယူပို့ဆောင်တာတွေမလုပ်ဆောင်ကြဖို့ ပူတာအို PDF က တားမြစ်ချက်ထုတ်ပြန်လိုက်ပါတယ်။

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းမှာ ချောင်းဦးမြို့ကိုပို့မယ့် စစ်တပ်ရဲ့လက်နက်ခဲယမ်းယာဥ်ကို တော်လှန်ရေးပူးပေါင်းအဖွဲ့က ကြားဖြတ်တိုက်ခိုက်ရာ ဗိုလ် ၂ ဦးအပါအဝင် ၆ ဦးသေဆုံးပြီး လက်နက် ၄ လက်သိမ်းဆည်းရမိကြောင်း တော်လှန်ရေးအဖွဲ့တွေက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ် ကျေးရွာ ၃ရွာက နေအိမ် ၈၀ကျော်ကို အာဏာသိမ်းစစ်တပ်မှ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDFက သတင်းထုတ်ပြန်ပါတယ်။