Connect with us

Hi, what are you looking for?

သတင်း

ဆိပ်ဖြူမြို့နယ်၊ လက်ဆည်ရဲစခန်းကို ​တော်လှန်​ရေးတပ်ဖွဲ့များတိုက်ခိုက်

မကွေးတိုင်း၊ဆိပ်ဖြူမြို့နယ်၊လက်ဆည်ရဲစခန်းကိုတော်လှန်​ရေးတပ်ဖွဲ့များကတိုက်ခိုက်ခဲ့သည်။

​အညာ​​မြေတပ်​ပေါင်းစု​ပေါင်းစုမှတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-အညာ​မြေတပ်​ပေါင်းစု

ဇူလိုင်-၂၁၊၂၀၂၅။ရဲခေါင်/People’s Spring

မကွေးတိုင်း၊ဆိပ်ဖြူမြို့နယ်၊လက်ဆည်ရဲစခန်းကိုတော်လှန်​ရေးတပ်ဖွဲ့များကတိုက်ခိုက်ခဲ့သည်။

အင်အား ၂၀ ကျော်ရှိသော လက်ဆည်ရဲစခန်းကို ဇူလိုင်လ ၁၇ ရက် နံနက်အစောပိုင်းက တော်လှန် ရေးအင်အားစုများက တိုက်ခိုက်ခဲ့ရာ နှစ်ဖက်အကျအဆုံးရှိခဲ့ကြောင်း အညာမြေတပ်ပေါင်းစုက ဇူလိုင် ၂၁ ရက်တွင်ထုတ်ပြန်သည်။

ရဲတန်းလျားလေးခု နှင့် ဘန်ကာ လေးခု အထိ သိမ်းပိုက်နိုင်ခဲ့သော်လည်း ပင်မ အဆောက်အဦးတစ်ဆောင် နှင့် ဘန်ကာ နှစ်ခု သိမ်းရန်ကျန်ရှိချိန်တွင် လက်နက်ခဲယမ်းလျော့နည်းကာ အချိန်မီမဖြည့်တင်းနိုင်ခဲ့ကြောင်း အသိပေးသည်။ထိုအချိန်တွင် စစ်ကောင်စီ၏စစ်ကူအင်အား အလျင်အမြန် ရောက်ရှိလာခြင်းကြောင့် စခန်းကို သိမ်းနိုင်ခဲ့ခြင်းမရှိခဲ့ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

“လက်ဆည်စခန်းမှာအင်အား၂၅ ဦးရှိတယ်မတိုက်ခင်က။အခုကအင်အားထပ်တိုးထားတယ်”ဟု အညာမြေတပ်ပေါင်းစုတာဝန်ရှိသူက ပြောသည်။

ဆိပ်ဖြူမြို့နယ် နှင့် ပေါက် မြို့နယ်ကိုချိတ်ဆက်ထားသည့်လမ်းပိုင်း အလယ်ဝန်းကျင်တွင် ရှိသည့် လက်ဆည်ရဲစခန်းတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ မျက်မြင်သုံးဦး သေဆုံးပြီး တော်လှန်ရေးရဲဘော် နှစ်ဦးကျဆုံးကာ Type-81 သေနတ်နှစ်လက် ဆုံးရှုံးခဲ့သည်။

ကျဆုံးရဲဘော်နှစ်ဦးသည် အမှတ် (၈) စစ်ကြောင်းမှ အသက် ၃၆ နှစ်အရွယ် ရဲဘော်နဂါး နှင့် အသက် ၁၉ နှစ်အရွယ် ရဲဘော်စိုင်းနောင် (ခ) ထွန်းခ တို့ ဖြစ်သည်။

တိုက်ပွဲတွင် အမှတ် (၈) စစ်ကြောင်း ဦးဆောင်မှုဖြင့် ပခုက္ကူခရိုင်တပ်ရင်း-၁၉ ၊ တပ်ခွဲ-၃ (ဆိပ်ဖြူ ဗိုလ်မထားတပ်ဖွဲ့) ၊ ပြည်သူ့လွတ်မြောက်ရေးတပ်ပေါင်းစု(PLC) နှင့် ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) God of myaing၊ PL pdf၊ ကိုရေခဲနှင့်ကိုဗလဦး ဆောင်သော လူငယ်ပြောက်ကြားတပ်ဖွဲ့ စသည့်​ အညာ​မြေတပ်​ပေါင်းစုဖြစ်​သောတော်လှန်​ရေးအဖွဲ့များပူး​ပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ဆိပ်ဖြူမြို့နယ်မှာ ပါရာမော်တာတစ်စီး ပျက်ကျခဲ့တယ်လို့ ဒေသခံအချို့က ‌ပြောပါတယ်။

သတင်း

လေယာဉ်နဲ့ကြဲချတဲ့ ဗုံးတွေထုတ်လုပ်နေတဲ့ ဆိပ်ဖြူမြို့နယ်က အဓိကလမ်းပိုင်းတွေကို စစ်တပ်က စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ စစ်တပ် စစ်ကြောင်း၀င်ရောက်ပြီး ကျေးရွာတွေ မီးရှို့ကာ ‌ဒေသခံ ပြည်သူ ၃၀ နီးပါး ဖမ်းဆီးခံထားရတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ‌ပြောပါတယ်။

သတင်း

မကွေးတိုင်းပေါက် နဲ့ မြိုင်ဒေသမှာ စစ်ကြောင်းထိုးလာပြီး လမ်းမှားကျန်ရစ်တဲ့ တပ်မ (၁၀၁)စစ်ကြောင်းကစစ်သားနှစ်ဦးကို လက်နက်ခဲယမ်းတွေနဲ့ဖမ်းမိခဲ့တယ်လို့ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Myaing Garuda PDF )တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Facebook