Connect with us

Hi, what are you looking for?

သတင်း

ကျုံးအလည်သွားစဉ် ပေါ်တာဆွဲခံရသူနှင့် ရည်စားထံသွားတွေ့စဥ် ပေါ်တာဆွဲခံရသည့် မန္တလေးသားနှစ်ဦး KNLAထံ အလင်းဝင်

မန္တလေးမြို့တွင် ပေါ်တာဆွဲခံရပြီး ကရင်ပြည်နယ်ရှေ့တန်း စစ်မြေပြင်သို့ ပို့ဆောင်ခံရသည့် စစ်ကောင်စီတပ်သား နှစ်ဦး အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)၏ လက်အောက်ခံတပ်ဖြစ်သော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)က ယနေ့ (ဇူလိုင် ၂၁ရက်)တွင် ထုတ်ပြန်သည်။

တပ်သားဖိုးထူးနှင့် တပ်သား ကျော်သီဟတို့အား တွေ့ရစဉ်။ ဓာတ်ပုံ - Screen Grab

ဇူလိုင်-၂၁၊ ၂၀၂၅။ ထားမြတ်/People’s Spring

မန္တလေးမြို့တွင် ပေါ်တာဆွဲခံရပြီး ကရင်ပြည်နယ်ရှေ့တန်း စစ်မြေပြင်သို့ ပို့ဆောင်ခံရသည့် စစ်ကောင်စီတပ်သား နှစ်ဦး အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)၏ လက်အောက်ခံတပ်ဖြစ်သော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)က ယနေ့ (ဇူလိုင် ၂၁ရက်)တွင် ထုတ်ပြန်သည်။

စစ်ကောင်စီ၏ အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလာသည့် တပ်မ (၅၅)လက်အောက်ခံ ခမရ(၅၁၁)တပ်ရင်းမှ တပ်သားဖိုးထူးနှင့် တပ်သား ကျော်သီဟတို့၏ ပြောကြားချက်များကို ထုတ်ပြန်ခဲ့ရာ ၎င်းတို့က အတင်း အဓမ္မ စစ်သားစုဆောင်းခံရသည့် အခြေအနေကို ပြောပြခဲ့ခြင်းဖြစ်သည်။

တပ်သားဖိုးထူးသည် မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်တွင်နေထိုင်သူဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“ကျုံးသွားလည်ရင်းနဲ့အပြန် ပေါ်တာဆွဲခံရတာ။ တပ်ထဲရောက်ရှိလာတာဖြစ်တယ်”ဟု တပ်သား ဖိုးထူးက ပြောသည်။

တပ်တွင်း၌ အစားအသောက်အဆင်မပြေခြင်း၊ ကြီးနိုင်ငယ်ညှင်း ပြုလုပ်ခြင်းကြောင့် အလင်းဝင်လာခြင်းဖြစ်ဟု ပြောပြီး စစ်ကောင်စီတပ်တွင်း ကျန်နေသူများ တော်လှန်ရေးအဖွဲ့များထံ လာပူးပေါင်းရန် တိုက်တွန်းသည်။

“ကျနော်တို့လိုပဲ ဒီဘက်ရောက်လာလို့ ဘာမှ မဖြစ်ဘူးဆိုတဲ့အကြောင်းရယ် စကစ ပြောထားတဲ့အတိုင်း ဒီမှာ သတ်တယ် ဖြတ်တယ်ဆိုတာလည်း မဟုတ်ဘူးရယ်”ဟု တပ်သား ဖိုးထူးက ပြောသည်။

အသက်အန္တရာယ်လုံခြုံသည့် အခြေအနေဖြစ်၍ အလင်းဝင်ရောက်ရန် ဖိတ်ခေါ်ကြောင်းလည်း ပြောသည်။

တပ်သား ကျော်သီဟသည်လည်း မန္တလေး၊ပြည်ကြီးတံခွန် မြို့နယ်တွင် နေထိုင်သူဖြစ်သည်ဟုဆိုသည်။

“ကောင်မလေးနဲ့သွားတွေ့ပြီးတော့ ပေါ်တာဆွဲခံရတာ”ဟု တပ်သား ကျော်သီဟက ပြောသည်။

စစ်ကောင်စီတပ်မှထွက်ပြေးပြီး အလင်းဝင်လာရခြင်းမှာ ဖိနှိပ်မှုများ၍ ရိုက်နှက်ခံရ၍ စိတ်ညစ်၍ဖြစ်သည်ဟု ၎င်းက ပြောသည်။

“ပြီးရင် ကျနော်တို့ကိုရှေ့မှာနေပြီး အသေခံခိုင်းတာ အဲဒါကြောင့် မနေနိုင်လို့ အလင်းဝင် ရောက်တာ”ဟု တပ်သား ကျော်သီဟက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်သားများအား တော်လှန်ရေးအဖွဲ့သို့ ဝင်ရောက်ကြရန်လည်း ဖိတ်ခေါ်ခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရကလည်း စစ်ကောင်စီ၏ အဓမ္မစစ်သားစုဆောင်းခံရသူများ အခွင့်သာသည့် အချိန်တိုင်း ပြည်သူ့ဘက် အမြန်ကူးပြောင်းခိုလှုံရန် ယနေ့ (ဇူလိုင် ၂၁ရက်)တွင် ကြေညာချက် ထုတ်ပြန်ပြီး ထပ်မံ ဖိတ်ခေါ်ထားသည်။

စစ်ကောင်စီသည် ပြည်သူများ အထူးသဖြင့် လူငယ်လူရွယ်များကို ပုံစံမျိုးစုံဖြင့် စစ်သားစုဆောင်းပြီး တိုက်ပွဲပြင်းထန်နေသည့် စစ်မြေပြင်များ၌ လူသားဒိုင်းအဖြစ် အသုံးပြု တိုက်ပွဲဝင်ခိုင်းနေသည်ဟု တော်လှန်ရေးတပ်ဖွဲ့များထံ အလင်းဝင်လာသူများက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့လယ်မှာ အာဏာသိမ်းစစ်တပ် တပ်စွဲထားရာနေရာအနီးက နေအိမ်တစ်အိမ် ဓါးပြတိုက်ခံရပြီး ရွှေတွေနဲ့ ငွေသားတွေ ပါသွားကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေထံ အလင်းဝင်တာ၊ လက်နက်ချတာတွေ ဆက်လက်ရှိနေပြီး စက်တင်ဘာပထမပတ်အတွင်းမှာ အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စစ်သားနဲ့ ရဲ၊ ပြည်သူ့စစ် စုစုပေါင်း ၁၂၈ဦး ရှိဟု ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ပါတယ်။

ဆောင်းပါး

စာဖတ်သူများ မင်္ဂလာပါ။ ဒီကနေ့ဟာ (၁၄) ကြိမ်မြောက် မြန်မာနိုင်ငံရဲ့လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ပါတဲ့။ ဒီကနေ့မှာ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌနေရာကို ရယူထားတဲ့အာဏာသိမ်းစစ်တပ်ရဲ့ ပြည်ထဲရေးဝန်ကြီးဌာနက ဒုတိယဗိုလ်ချုပ်ကြီးညွန်ဝင်းဆွေဆိုသူက သဝဏ်လွှာပေးပို့ခဲ့ပါတယ်။