Connect with us

Hi, what are you looking for?

သတင်း

ဩဂုတ်လထဲမှာရုံတင်မယ့် တော်လှန်အနုပညာရှင်တွေရဲ့ ပြုံးပြုံးလေး ရုပ်ရှင်

မင်းမော်ကွန်း၊ ဒါရိုက်တာကိုပေါက်တို့နဲ့ အတူ တော်လှန်ရဲဘော်တွေပါဝင်သရုပ်ဆောင်ထားတဲ့ ပြုံးပြုံးလေး ရုပ်ရှင်ကို ဩဂုတ်လအတွင်းမှာ ရုံတင်ပြသသွားမှာဖြစ်ပြီး ရရှိလာတဲ့ ငွေတွေကို မြေပြင်အတွက် ရာနှုန်းပြည့် စီးဆင်းသွားမယ်လို့ အဲဒီ့ရုပ်ရှင်ရဲ့ ဖေ့စ်ဘွတ်ခ်မှာ အသိ‌ပေးထားပါတယ်။

ဇူလိုင်-၂၁၊၂၀၂၅။ဆဏ်း/People’s Spring

မင်းမော်ကွန်း၊ ဒါရိုက်တာကိုပေါက်တို့နဲ့ အတူ တော်လှန်ရဲဘော်တွေပါဝင်သရုပ်ဆောင်ထားတဲ့ ပြုံးပြုံးလေး ရုပ်ရှင်ကို ဩဂုတ်လအတွင်းမှာ ရုံတင်ပြသသွားမှာဖြစ်ပြီး ရရှိလာတဲ့ ငွေတွေကို မြေပြင်အတွက် ရာနှုန်းပြည့် စီးဆင်းသွားမယ်လို့ အဲဒီ့ရုပ်ရှင်ရဲ့ ဖေ့စ်ဘွတ်ခ်မှာ အသိ‌ပေးထားပါတယ်။

“ဒီရုပ်ရှင်ကိုမှတ်တမ်းတင်ချင်တဲ့အချက်ကတော့ကိုယ်ကျိုးစီးပွါးကိုယ်စီအတွက် စကစလက်အောက်ကဘောမပရိုကျူဆာ၊ဘောမအနုပညာရှင်တွေရဲ့ တစ်ကိုယ်စာရပ်တည်မှုမျိုးအတွက်ဆိုတဲ့ခေါင်းစဉ်ဖြစ်မနေခြင်းက သမိုင်းတစ်ခုဖြစ်နေပါတယ်။ဒီကားရဲ့ထူးခြားမှုက သရုပ်ဆောင်စစ်စစ်ဆိုလို့မင်းမော်ကွန်းနဲ့ကိုပေါက်သာဖြစ်ပြီး ကျန်တဲ့သူတွေကတော့ မြေပြင်မှာပြည်သူနဲ့အတူတူ လေးနှစ်ကျော်ရပ်တည်ခဲ့ကြသော အလွှာပေါင်းစုံမှာ တော်လှန်ရေးသမားစစ်စစ်တွေပါဝင်ထားကြခြင်းပါ။” လို့ ပြုံးပြုံးလေး ပေ့ခ်ျမှာ ဇူလိုင် ၂၁ ရက်က ဖော်ပြထားပါတယ်။

ဩဂုတ်လအတွင်းမှာ ရုံတင်မယ့်အကြောင်း ကြေညာထားပေမယ့် ရက်အတိအကျတော့ ထုတ်ပြန်ထားတာမရှိသေးပါဘူး။

Public Service Announcement

Public Service Announcement

ဒီရုပ်ရှင်မှာ မင်းမော်ကွန်းက မြေပြင်ကရဲဘော်တွေနဲ့ အတူဖရူဆို၊ဒီမောဆို၊ဖားဆောင်းမြို့တွေမှာ အခြေပြုရိုက်ကူးခဲ့တာဖြစ်ပြီး ဒါရိုက်တာကိုပေါက်ကိုယ်တိုင် ဖားဆောင်းမြို့သိမ်းတိုက်ပွဲတွေကြား မှာရိုက်ကူးခဲ့တယ်လို့ ဆိုပါတယ်။

“ကျော်ကျော်ကမင်းသား၊ကျနော်ကဒါရိုက်တာအဖြစ် ပထမဆုံးဆုံဖြစ်တဲ့ ရုပ်ရှင်၊တနည်းအားဖြင့်ပြည်သူနဲ့တသားတည်းရပ်ခဲ့ကြသူနှစ်ဦးရဲ့လိပ်ပြာလုံခြင်း အနုပညာ” လို့ ဒီရုပ်ရှင်ရဲ့ ဇာတ်လမ်း ဇာတ်ညွှန်း ဒါရိုက်တာ ကိုပေါက်က သူ့ဖေ့စ်ဘွတ်ခ်မှာရေးသားထားပါတယ်။

ဒီရုပ်ရှင်က အလွှာပေါင်းစုံက ပြည်သူတွေနဲ့ အတူ ပါဝင်ရပ်တည်ပေးနေတဲ့ မြေပြင်ရဲဘော်တွေရဲ့ ဖြစ်ရပ်မှန် ဘဝတွေကို အခြေခံရိုက်ကူးထားတယ်လို့ ဆိုပါတယ်။

ရုပ်ရှင်ပိုစတာမှာလည်း တော်လှန်ရဲဘော်တွေရဲ့ နာမည်တွေကစပြီး အစဉ်လိုက်ရေးသားထားတာကိုတွေ့ရပြီး အဲဒီလိုရေးဖို့ မင်းမော်ကွန်းက အဆိုပြုတာလို့ ဒီဇာတ်ကားမှာပါဝင်ထားတဲ့ ရဲဘော်တစ်ဦးဖြစ်တဲ့ယာလေးက မှတ်ချက်ပြုထားပါတယ်။

“ရိုက်ကူးရေးပြီးတော့ ကိုကျော်က ဒီကားက တလရမောင်နှမတွေ ရဲ့ကားပါ၊ မင်းသား မင်းသမီးဆိုပြီး နံမည်တင်မထိုးပါနဲ့ ကျွန်တော့်ကိုနောက်ဆုံးသာထားပေးပါ ဆိုပီးတောင်းဆိုတုန်းက တကယ် ပြန်အားနာရတာ ။ ခု poster ထွက်တော့လဲ တကယ်ကြီး သမားရိုးကျလမ်းစဉ်တွေကို ခွဲထွက်ပြီး ကိုကျော်ရော ကိုပေါက်ရော ရာတို့တွေကို ဦးစားပေးထားတာ တကယ် ရင်ထဲထိရပါတယ်” လို့ ယာလေးက ပြုံးပြုံးလေး ‌ဇာတ်ကားကြော်ငြာပို့စ်မှာ မှတ်ချက်ရေးသားထားပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်အာဏာသိမ်းကာလမှာ ယက်ကန်ယက်ကန်နဲ့ သွားနေရတဲ့ မြန်မာရုပ်ရှင်တွေဟာ တစ်ကားပြီးတစ်ကား အရှုံးတွေဆက်ကာ ရုံတင်နေရတာကြာပါပြီ။ ဒါပေမဲ့ ပြီးခဲ့တဲ့ သောကြာနေ့မှာ ရုံတင်ခဲ့တဲ့ တန်းဝင်မင်းသား နေတိုးရဲ့ ဖွားဖက်တော် ရုပ်ရှင်ကတော့ ကြည့်ရှုသူ ဆိုးဆိုးရွားရွားနည်းပါးခဲ့ပါတယ်။

သတင်း

နိုင်ငံတကာကိုသွားရောက်ချိန်တိုင်းမှာ မြန်မာနိုင်ငံက စစ်အာဏာရှင်တွေရဲ့ ရက်စက်မှုတွေကို ဖော်ထုတ်ပြီး အာဏာရှင်စနစ်အဆုံးသတ်သည်အထိ ပါဝင်သွားမယ်လို့ တော်လှန်အနုပညာရှင် မေမြတ်နိုးက ကတိပေးလိုက်ပါတယ်။

သတင်း

တော်လှန်အနုပညာရှင် တယောဖိုးစံက သူ့ရဲ့ ပထမဆုံး တစ်ကိုယ်တော်ခွေ The Sound Of 36 ကို မွေးနေ့မှာ ဖြန့်ချိလိုက်ပါတယ်။

သတင်း

တော်လှန်အနုပညာရှင် လင်းလင်း နဲ့ ချစ်သုဝေတို့ရဲ့ ရောင်နီ ဖျော်ဖြေပွဲငါးပွဲကနေ အမေရိကန်ဒေါ်လာ လေးသိန်းနီးပါး ရှာဖွေနိုင်ခဲ့ပြီး မြေပြင်ကို လှူဒါန်းမှုတွေ ပြုလုပ်နေတယ်လို့ အသိပေးထားပါတယ်။