Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က ထွက်လာသူတွေကို အလုပ် ဦးစားပေးခန့်ဖို့ စစ်ကောင်စီ စီစဉ်

စစ်မှုထမ်းစုဆောင်းခံရပြီးစစ်တပ်ကထွက်လာသူတွေကိုဌာနဆိုင်ရာတွေနဲ့ ပုဂ္ဂလိလုပ်ငန်းတွေမှာအလုပ်အကိုင်ဖန်တီးခန့်အပ်ဖို့အတွက် အာဏာသိမ်း စစ်ကောင်စီကအဖွဲ့တစ်ဖွဲ့ ဖွဲ့ပြီးစီစဉ်နေပါတယ်။

စစ်သားစုဆောင်းခံရသူလူငယ်တွေကို တွေ့ရပုံ။ ဓာတ်ပုံ - စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်

ဇူလိုင် – ၂၂ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring

စစ်မှုထမ်းစုဆောင်းခံရပြီးစစ်တပ်ကထွက်လာသူတွေကိုဌာနဆိုင်ရာတွေနဲ့ ပုဂ္ဂလိလုပ်ငန်းတွေမှာအလုပ်အကိုင်ဖန်တီးခန့်အပ်ဖို့အတွက် အာဏာသိမ်း စစ်ကောင်စီကအဖွဲ့တစ်ဖွဲ့ ဖွဲ့ပြီးစီစဉ်နေပါတယ်။

အဲဒီအဖွဲ့ကိုဇူလိုင်လ၈ ရက်ကဖွဲ့စည်းလိုက်တာဖြစ်ပြီး စစ်ကောင်စီရဲ့ စစ််မှုထမ်းစုဆောင်းရေးအဖွဲ့ ဥက္ကဋ္ဌ လည်းဖြစ်၊ကာကွ​ယ်ရေးဝန်ကြီးလည်းဖြစ်သူဗိုလ်ချုပ်ကြီးမောင်မောင်အေးက ဦးဆောင်တာတာပါ ။

အဖွဲ့အမည်ကိုတော့ စစ်မှုထမ်း တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သူများ အလုပ်အကိုင်ရရှိရေးစီမံခန့်ခွဲမှုကော်မတီလို့ အမည်ပေးထားပါတယ်။

Public Service Announcement

Public Service Announcement

ဒီအဖွဲ့ဟာအမြဲတမ်းစစ်သားနဲ့ စစ်မှုထမ်းဥပဒေနဲ့စုဆောင်းထားသူတွေကို နုတ်ထွက်ခွင့်ပြုချိန်မှာအသက်မွေးဝမ်းကျောင်းသင်တန်းတွေပေးဖို့ ၊ အသိအမှတ်ပြုလက်မှတ်ထုတ်ပေးဖို့၊ အဲဒီသူတွေကို ဌာနဆိုင်ရာလုပ်ငန်းတွေ ၊ ပုဂ္ဂလိက လုပ်ငန်းတွေမှာအလုပ်ခန့်တာတွေ လုပ်ဆောင်မှာပါ။

စစ်မှုထမ်းတွေကိုဦးစားပေးအလုပ်ခန့်ရမယ်လို့လည်း ပုဂ္ဂလိက လုပ်ငန်းတွေကို စစ်ကောင်စီရဲ့အဖွဲ့က ဖိအားပေးထားပါတယ်။

ဒါအပြင် စစ်မှုမထမ်းခင်ကလုပ်ခဲ့တဲ့ အလုပ်အကိုင်အတိုင်း သက်ဆိုင်ရာဌာနဆိုင်ရာ၊ ပုဂ္ဂလိက လုပ်ငန်းတွေက စစ်မှုထမ်းပြီး ပြန်ထွက်လာရင် ပြန်ခန့်ရမယ်လို့ ညွှန်ကြားပါသေးတယ်။

စစ်တပ်ဝါဒဖြန့် တယ်လီဂရမ် အချို့ကလည်းစစ်မှုထမ်း ပြီးကြောင်း လက်မှတ်ရှိသူတွေကို အလုပ်ခန့်ကြဖို့ ဆော်သြနေကြတာရှိပါတယ်။

ယခင်စစ်အစိုးရလက်ထက်ကတော့စစ်တပ်အရာရှိတွေကိုတပ်ကအနား ပေးပြီးနောက် ဌာနဆိုင်ရာတွေကို ရာထူးအကြီးပိုင်းတွေ နဲ့ ပြောင်းရွေ့တာမျိုးတွေ ရှိခဲ့ပါတယ်။

အောက်ခြေအရပ်ဖက်ဝန်ထမ်းတွေရဲ့ရာထူးတက်လမ်းပိတ်ပြီးနေရာအခန့်သားဝင်ယူတဲ့ အဲဒီသူ တွေကို မိုးကျရွှေကိုယ်တွေလို့ ကင်ပွန်းတပ်လေ့ရှိပါတယ်။

အခုတော့အာဏာသိမ်းစစ်ကောင်စီကအောက်ခြေတပ်ဖွဲ့ဝင်တွေတပ်က ထွက်ရင်အလုံးအရင်းနဲ့ ဌာနဆိုင်ရာတွေဆီပို့ဖို့ စီစဉ်လာတာလည်းဖြစ်ပါတယ်။

စစ်ကောင်စီရဲ့စစ်မှုထမ်း ဥပဒေ မှာ နှစ်နှစ် စစ်မှုထမ်းရမယ်လို့ပါရှိပါတယ်။

ပြီးခဲ့တဲ့နှစ်ဖေဖော်ဝါရီလကစတင်ခဲ့တဲ့ စစ်မှုထမ်းအစီအစဉ်ဟာလက်ရှိ မှာတော့ အပတ်စဉ် ( ၁၅) ထိရောက်ရှိနေပြီဖြစ်ပြီး လူအင်အား ၇၅,၀၀၀ နီးပါး စစ်ကောင်စီတပ်က စုဆောင်းရရှိထားပြီး ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရောက်နေချိန်မှာ စစ်တပ်က ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုကို လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ဆိုက်ဘာငွေလိမ်လုပ်ငန်းတွေက စစ်တပ်လက်အောက်ခံ တပ်တွေရဲ့ ချုပ်ကိုင်မှုအောက်မှာရှိနေတာကြောင့် စစ်တပ်ကို ဖျက်သိမ်းမှသာ ရပ်တန့်မယ်လို့ Justice For Myanmar-JFM က သဘောထားထုတ်ပြန်လိုက်ပါတယ်။

သတင်း

ရက္ခိုင်ဒေသ စစ်တပ် လေကြောင်းတိုက်ခိုက်မှုများကြောင့် ၂ပတ်အတွင်း အရပ်သား ၇ ဦးသေ၊ ၃၀ ဦးနီးပါး ဒဏ်ရာရ

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။