Connect with us

Hi, what are you looking for?

သတင်း

မုံရွာ-မန္တလေးလမ်းမှာ စစ်တပ်က ပစ်ခတ်နေလို့ ကားတွေပိတ်မိ

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းမှာ စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်နေလို့ ကားတွေပိတ်မိနေကြောင်း သတင်းရရှိပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်းက မုံရွာ-မန္တလေးလမ်းပေါ်မှာ ခရီးသွားကားတွေ ပိတ်မိခဲ့စဥ်။ ဓာတ်ပုံ-CJ

ဇူလိုင်-၂၃၊ ၂၀၂၅။ ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းမှာ စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်နေလို့ ကားတွေပိတ်မိနေကြောင်း သတင်းရရှိပါတယ်။

ဒီကနေ့ ဇူလိုင် (၂၃)ရက် မနက်ပိုင်းကစပြီး မုံရွာ-မန္တလေးလမ်းပေါ် မုံရွာနဲ့ ချောင်းဦးကြားမှာ စစ်ကောင်စီတပ်က ကင်းပုန်းတွေချထားကြောင်း၊ ဒါ့အပြင် ရမ်းသမ်းပစ်ခတ်တာတွေပါ ရှိနေလို့ ကားတွေစောင့်ဆိုင်းရင်း ပိတ်မိခဲ့တာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

“မုံရွာနဲ့ ချောင်းဦးကြား နေရာတိုင်းလိုလို ကင်းပုန်းတွေချထားတယ်။ မန္တလေးသွားတဲ့ကားတွေလည်း ပိတ်မိနေတယ်”လို့ ချောင်းဥဦးဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကိုင်းမြို့အခြေစိုက် တပ်မ ၃၃ က စစ်ကောင်စီယာဥ်တန်းတွေ မုံရွာဘက်ကို ဦးတည်သွားနေတာကြောင့် ကင်းပုန်းတွေချပြီး ရမ်းသမ်းပစ်ခတ်နေတာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် ရေပိုးစားရွာအနီးက စစ်ကောင်စီတပ်ဟာ လာသမျှကားတွေကိုလည်း ပိုက်ဆံတောင်းနေတယ်လို့ ခရီးသွားတချို့က ပြောပါတယ်။

ယခု ညနေ ၃ နာရီဝန်းကျင်မှာတော့ စစ်ကောင်စီယာဥ်တွေဟာ မြင်းမူနဲ့ ချောင်းဦးကြားကို ရောက်ရှိနေတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရောက်နေချိန်မှာ စစ်တပ်က ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုကို လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ဆိုက်ဘာငွေလိမ်လုပ်ငန်းတွေက စစ်တပ်လက်အောက်ခံ တပ်တွေရဲ့ ချုပ်ကိုင်မှုအောက်မှာရှိနေတာကြောင့် စစ်တပ်ကို ဖျက်သိမ်းမှသာ ရပ်တန့်မယ်လို့ Justice For Myanmar-JFM က သဘောထားထုတ်ပြန်လိုက်ပါတယ်။

သတင်း

ရက္ခိုင်ဒေသ စစ်တပ် လေကြောင်းတိုက်ခိုက်မှုများကြောင့် ၂ပတ်အတွင်း အရပ်သား ၇ ဦးသေ၊ ၃၀ ဦးနီးပါး ဒဏ်ရာရ

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။