Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြောက်ဘက်မှာတိုက်ပွဲ​တွေဆက်ဖြစ်၊ မြို့ထဲမှအသံ​တွေကြား​နေရ

မန္တလေးမြို့ရဲ့မြောက်ဘက်ကပုသိမ်ကြီးမြို့နယ်အထိတိုက်ပွဲတွေဖြစ်နေပြီးမန္တလေးကျုံးရဲ့ မြောက်ဘက်ခြမ်းအထိ တိုက်ပွဲသံ တွေကြားနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မတ္တရာ နဲ့ ပုသိမ်ကြီးမြို့နယ်ကစစ်တပ်စခန်း​တွေသိမ်းရာမှ သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်းနဲ့စစ်သုံ့ပန်း​တွေ ။ဓါတ်ပုံ-မန္တ​လေးPDF

ဇူလိုင်-၂၃၊၂၀၂၅။ရှိန်း/People’s Spring

မန္တလေးမြို့ရဲ့မြောက်ဘက်ကပုသိမ်ကြီးမြို့နယ်အထိတိုက်ပွဲတွေဖြစ်နေပြီးမန္တလေးကျုံးရဲ့ မြောက်ဘက်ခြမ်းအထိ တိုက်ပွဲသံ တွေကြားနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဇူလိုင်လ၂၃ ရက်နေ့လည်ပိုင်းမှာ လက်နက်ကြီးသံ တွေ ပိုပြီးကြားနေရတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

“မိုးအေးအေးနဲ့ ဆော်နေကြတယ်ထင်တယ်။တအုန်းအုန်းပဲ”လို့ မန္တလေးမြို့ခံတဦးက လူမှုကွန်ယက်မှာ ပြောဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

ပုသိမ်ကြီး မြို့နယ်က ဒေသခံတချို့ကတော့ တော်လှန်​ရေးတပ် တွေသိမ်းလိုက်တဲ့ မြကန်သာ ကျေးရွာနဲ့ သရက်ကိုင်း ကျေးရွာတို့ကို စစ်တပ်က လက်နက်ကြီး၊ဟောင်ဝစ်ဆာနဲ့ လေကြောင်းတိုက်ခိုက်မှု တွေလုပ် နေတာလို့ဆိုပါတယ်။

“ထီးတော်မိုးတပ်ကနေလည်းပစ်တယ်ဗျ။လေကြောင်းလည်းလာတိုက်သွားသေးတယ်။ ဘယ်နေရာရယ်မဟုတ်ဘဲ PDFရှိနိုင်မယ်ထင်တဲ့နေရာ တွေကို ဆက်တိုက်ပစ်နေတယ်”လို့ ပုသိမ်ကြီး မြို့နယ်က ဒေသခံတဦး ကပြောပါတယ်။

မတ္တရာမြို့နယ်ကတော်လှန်ရေးတပ်ဖွဲ့တခုရဲ့ တာဝန်ရှိသူက တော့ မတ္တရာမြို့နယ်အ ရှေ့ခြမ်းမှာ တိုက်ပွဲတွေဆက်တိုက်ဖြစ် နေတယ်လို့သာပြောပြီး ဇူလိုင် ၂၃ ရက်​​နေ့ အခြေအနေနဲ့ပတ်သက်လို့ မှတ်ချက် မပေးပါဘူး။

ဇူလိုင်လ၂၀ ရက်နေ့က မန္တလေးတိုင်း၊မတ္တရာမြို့နယ် ထန်းပင်ကုန်းရွာ နဲ့ ပုသိမ်ကြီးမြို့နယ်က သရက်ကိုင်းနဲ့ မြကန်သာ ကျေးရွာမှာရှိတဲ့ စစ်ကောင်စီစခန်း​တွေအားလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီး ဗိုလ်ကြီး၁ဦးအပါအဝင် စစ်သုံ့ပန်း၁၆ဦး ကိုအရှင်ဖမ်းမိခဲ့တယ်လို့ ပြည်သူ့ကာကွယ် ရေးတပ်မ တော် -မန္တလး(MDY-PDF)က ထုတ်ပြန်ထားပါတယ်။လက်နက်ခဲယမ်းအများအပြားဖမ်းဆီးရရှိခဲ့ပြီး တရုတ်နိုင်ငံထုတ် လက်နက်ခဲယမ်း​သေတ္တာ အများအပြားကိုပါ ​​တော်လှန်​ရေးတပ်​တွေကသိမ်းဆည်းနိုင်ခဲ့တာပါ ။

မန္တ​လေး PDF နဲ့အတူ မတ္တရာမျိုးမှန်တပ်ဖွဲ့ ၊ မတ္တရာမြို့နယ် ပကဖ နဲ့ SSTF တပ်ဖွဲ့​တွေက ပူး​ပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ် ။​တော်လှန်​ရေးတပ်ဖွဲ့​တွေ သိမ်းပိုက်ခဲ့တဲ့ ရွာ​တွေဟာ မန္တ​လေးမြို့လယ် က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ ၁၅ မိုင် ဝန်းကျင်ပဲ ကွာ​ဝေးတာဖြစ်ပါတယ် ။ အသိမ်းခံရတဲ့စခန်း​တွေဟာ မတ္တရာကိုထိုးစစ်ဆင်​နေတဲ့ စစ်တပ်​ရဲ့နောက်တန်းအထိုင် စခန်း​တွေဖြစ်ပြီး တိုက်ပွဲ​တွေဆက်လက်ဖြစ်​နေတာဖြစ်ပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။