Connect with us

Hi, what are you looking for?

ထိုင်း - ကမ္ဘောဒီးယား

ထိုင်းနှင့် ကမ္ဘောဒီးယားအကြား စစ်ရေးတင်းမာမှု အမြန်ဆုံးငြိမ်းချမ်းစွာဖြေရှင်းရန် NUG နိုင်ငံခြားရေးတိုက်တွန်း

အာဆီယံအဖွဲ့ဝင်နှစ်နိုင်ငံဖြစ်သည့်ထိုင်းနှင့်ကမ္ဘောဒီးယားနိုင်ငံတို့အကြား စစ်ရေး အခြေအနေတင်းမာမှုကို သက်ဆိုင်ရာနိုင်ငံများအနေဖြင့် အမြန်ဆုံးငြိမ်းချမ်းစွာဖြေရှင်းရန် တိုက်တွန်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ထိုင်းနယ်စပ်မှ PTTဆီဆိုင်ဝန်းရှိ 7/11စတိုးဆိုင်အနီး လက်နက်ကြီးကျရောက်စဉ်။ ဓာတ်ပုံ - Fire & Rescue Thailand

ဇူလိုင်-၂၄၊ ၂၀၂၅။ ထားမြတ်/People’s Spring

အာဆီယံအဖွဲ့ဝင်နှစ်နိုင်ငံဖြစ်သည့်ထိုင်းနှင့်ကမ္ဘောဒီးယားနိုင်ငံတို့အကြား စစ်ရေး အခြေအနေတင်းမာမှုကို သက်ဆိုင်ရာနိုင်ငံများအနေဖြင့် အမြန်ဆုံးငြိမ်းချမ်းစွာဖြေရှင်းရန် တိုက်တွန်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ယနေ့ (ဇူလိုင် ၂၄ရက်)နံနက်က စတင်ခဲ့သည့် ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံ၏ပစ်ခတ်တိုက်ခိုက်မှုများအတွင်း နှစ်နိုင်ငံရှိ အရပ်သား ပြည်သူများ ထိခိုက်မှုများရှိလာ၍နှစ်နိုင်ငံအရပ်သားပြည်သူများ၏ လုံခြုံရေးအတွက်အထူး စိုးရိမ်ကြောင်းလည်း ဖော်ပြသည်။

ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ရှိ လက်ရှိ စစ်ရေးအခြေအနေတင်းမာနေသည့်ဒေသများတွင် ရောက်ရှိနေသူ၊ ခရီးသွားလာနေသူ၊ အလုပ်လုပ်ကိုင်နေသူမြန်မာနိုင်ငံသားများအနေဖြင့် မိမိတို့ ရောက်ရှိ နေသည့်နိုင်ငံရှိ သက် ဆိုင်ရာ နိုင်ငံ့လုံခြုံရေးတာဝန်ရှိသူများ၏ ဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ် အခြေအနေ ညွှန်ကြားချက်များ၊ သတိပေးချက်များအား လိုက်နာဆောင်ရွက်ကြရန် နှိုးဆော်ထားသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် ထိုင်း၊ ကမ္ဘောဒီးယားနှင့် မြန်မာပြည်သူများမှာ လုပ်ငန်းခွင်များတွင် အတူတကွ လုပ်ကိုင် နေထိုင်ကြသည်ဖြစ်ရာ၊ မြန်မာပြည်သူများအနေဖြင့်လည်း ဂရုတစိုက်သတိပြုနေထိုင်ကြရန် နိုင်ငံခြားရေးဝန်ကြီး ဌာနက သတိပေးထားပြီး ပဋိပက္ခအားပိုမိုတင်းမာစေမည့် ပြောဆိုရေးသားမှုများ၊ လူမှုကွန်ရက်တွင် မျှဝေခြင်းများအား ဆင်ခြင်ကြရန် တိုက်တွန်းထားသည်။

ထိုင်းစစ်တပ်၏ ထုတ်ပြန်ချက်အရ ကမ္ဘောဒီးယားနှင့် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခကြောင့် အရပ်သားသေဆုံးမှု ၉ဦးထိရှိလာသည်ဟု ဆို သည်။ ကမ္ဘောဒီးယာဘက်မှ အရပ်သား ထိခိုက်သေဆုံး အခြေအနေများ မသိရသေးပေ။

ယခုနှစ် မေလကစတင်ခဲ့သည့် နယ်စပ်ဒေသ အငြင်းပွားမှု နောက်ဆက်တွဲအဖြစ် ယနေ့တွင် နှစ်နိုင်ငံတိုက်ပွဲစတင်ခဲ့ရာ ကမ္ဘောဒီးယားက ဒုံးကျည်များဖြင့်တိုက်ခိုက်သကဲ့သို့ ထိုင်းဘက်ကလည်း တိုက်လေယာဉ်များဖြင့် ပြန်လည်တိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းက အိမ်တစ်လုံးထဲမှာ ဖမ်းဆီးချုပ်နှောင် ခံထားရပြီး လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေ ခံခဲ့ရတယ်ဆိုတဲ့ တရုတ် အမျိုးသမီး ၃ ဦးကို ရဲတပ်ဖွဲ့က ကယ်ဆယ်နိုင်ခဲ့ပါတယ်။

သတင်း

သဘာဝအတိုင်း ပေါက်နေတဲ့ ရှားပါးမျိုးစိတ် မြေလျှောက်ပင်တွေကို တက်နင်းခဲ့တဲ့အတွက် မင်္ဂလာပွဲကြို (pre-wedding) ဓာတ်ပုံရိုက်သူ မြန်မာနှစ်ဦးဟာ ဒဏ်ကြေး ဘတ် ၁၀,၀၀၀ ပေးဆောင်ခဲ့ရပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူတွေအတွက် တရားမဝင် မှတ်ပုံတင် လုပ်ပေးမှုနဲ့ ဆက်စပ်ပြီး လူ ၂၇ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

Facebook