Connect with us

Hi, what are you looking for?

သတင်း

ငလျင်ဘေးကူညီငွေများဖြင့် ပြုလုပ်မည့် စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ရန် ရန်ကုန်လူငယ်များ ဆန္ဒပြ

ရန်ကုန်မြို့ တစ်နေရာတွင် တော်လှန်ညီနောင်လေးဖွဲ့က ဦးဆောင်ပြီး ငလျင်ဘေးကူညီငွေများဖြင့် ပြုလုပ်မည့် စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ရန် လှုံ့ဆော်သည့် လှုပ်ရှားမှုကို ယနေ့ ပြုလုပ်ခဲ့သည်။

ဓာတ်ပုံ - ရန်ကုန်တော်လှန်ညီနောင်လေးဖွဲ့

ဇူလိုင်-၂၆၊၂၀၂၅။ သုည/People’s Spring

ရန်ကုန်မြို့ တစ်နေရာတွင် တော်လှန်ညီနောင်လေးဖွဲ့က ဦးဆောင်ပြီး ငလျင်ဘေးကူညီငွေများဖြင့် ပြုလုပ်မည့် စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ရန် လှုံ့ဆော်သည့် လှုပ်ရှားမှုကို ယနေ့ ပြုလုပ်ခဲ့သည်။

ပြီးခဲ့သည့် မတ်လအတွင်း​က စစ်ကိုင်းငလျင်ကြီးကြောင့် ပြည်သူများ အကြီးအကျယ်ဒုက္ခရောက်ခဲ့ရပြီး နိုင်ငံတကာမှ လူသားချင်းစာနာမှုအကူအညီများ ရရှိခဲ့ကြောင်းနှင့် ယင်းကယ်ဆယ်ရေးငွေများကို ပြည်သူများ၏ ပြန်လည်ထူထောင်ရေးအတွက် အသုံးမပြုဘဲ လက်နက်ဝယ်ယူခြင်း၊ ကျေးရွာများကို ဗုံးကြဲခြင်းနှင့် အာဏာတည်မြဲရေးအတွက် တရားမဝင် ရွေးကောက်ပွဲပြင်ဆင်ခြင်းတို့ဖြင့် အလွဲသုံးစားပြုလုပ်နေကြောင်း ရန်ကုန်တော်လှန်ညီနောင် လေးဖွဲ့က ဆိုသည်။

ထို့ကြောင့် လူငယ်များက “ငလျင်ဘေးကူညီမှုနဲ့ လုပ်မယ့် ရွေးကောက်ပွဲအတုကို ဆန့်ကျင်ကြ” စာသားအား ကိုင်ဆောင်ပြီး ငလျင်ဘေးသင့်ဒေသများသို့ ရောက်ရှိသင့်သော အကူအညီများကို စစ်အာဏာရှင်တို့က ရွေးကောက်ပွဲအတွက် အသုံးမချနိုင်စေရန် အားလုံးသတိထား ကန့်ကွက်ကြရန် တိုက်တွန်းနှိုးဆော်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့အနီးကို ဗဟိုပြုပြီး အင်အားအတော်အသင့်ရှိတဲ့ငလျင် လှုပ်ခတ်သွားပြီး ရှေးဟောင်းမြို့တော် ပုဂံဒေသအထိ သိသိသာသာ လှုပ်ခတ်သွားကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

ကျူရှူးကျွန်းပေါ်က ငလျင်ဘေးသင့် ကူမာမိုတို ဒေသဆီ ဂျပန်ဝန်ကြီးချုပ် စနအဲ တကိချိက ကိုယ်တိုင် သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

ဇွန်လတုန်းက ဗင်နီဇွဲလား နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ စုံတွဲငလျင်ကြီး နှစ်ခုကြောင့် သေဆုံးသူ အရေအတွက်ဟာ ၆၀၀၀ ကျော်လွန်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။