Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာရှင်စနစ်နဲ့စစ်ကောင်စီရဲအတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ ရန်ကုန်နဲ့စစ်ကိုင်းမှာ လှုံ့ဆော်ဆန္ဒပြ

ရန်ကုန်နဲ့ စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇူလိုင် ၂၆)မှာ စစ်အာဏာရှင်စနစ်နဲ့ စစ်ကောင်စီရဲ့အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ လှုံ့ဆော်တဲ့ ဆန္ဒပြလှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

ဇူလိုင် ၂၆၊၂၀၂၅။ သုည/People’s Spring

ရန်ကုန်နဲ့ စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇူလိုင် ၂၆)မှာ စစ်အာဏာရှင်စနစ်နဲ့ စစ်ကောင်စီရဲ့အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ လှုံ့ဆော်တဲ့ ဆန္ဒပြလှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

ရန်ကုန်မြို့တစ်နေရာမှာ တော်လှန်ညီနောင်လေးဖွဲ့က “ငလျင်ဘေးကူညီမှုနဲ့ လုပ်မယ့် ရွေးကောက်ပွဲအတုကို ဆန့်ကျင်ကြ” စာသားကိုင်ဆောင်ပြီး ငလျင်ဘေးသင့်ဒေသကိုရောက်ရှိသင့်တဲ့ အကူအညီ​​တွေကို စစ်​ကောင်စီက ရွေးကောက်ပွဲအတွက် အသုံးမချနိုင်စေရန် အားလုံးသတိထား ကန့်ကွက်ကြဖို့ တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ ပြည်သူ့အားမာန် သပိတ်စစ်ကြောင်းက ဦးဆောင်ကာ ဒေသခံပြည်သူတွေနဲ့အတူ စစ်အာဏာရှင် တော်လှန်ရေး လူထုသပိတ် ချီတက်ဆန္ဒပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက မတရားတဲ့စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြဖို့နဲ့ စစ်အာဏာရှင်စနစ်ကို တော်လှန်ကြဖို့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်၊ ရန်ကုန်တော်လှန်ညီနောင်လေးဖွဲ့

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီရွေးကောက်ပွဲကို မဲမပေးဘဲ ဆန့်ကျင်ကြဖို့ လှုံ့ဆော်တဲ့ ဆန္ဒပြလှုပ်ရှားမှုတွေကို ဒီကနေ့ (ဒီဇင်ဘာ ၂၂) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ လေကြောင်းရန်ကာကွယ်ရေးနဲ့ စစ်ကောင်စီရွေးကောက်ပွဲဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေ ဒီကနေ့ (နိုဝင်ဘာ ၂၅) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း လှုပ်ရှားမှုအနေနဲ့ နှစ်လအတွင်းမှာ ကျပ်ငွေ ၁၅ သိန်းခန့် အသုံးပြုပြီး Money Flow လှုပ်ရှားမှု ပြုလုပ်ထားတယ်လို့ ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့က အသိပေးထားပါတယ်။

သတင်း

စစ်တပ်ရွေးကောက်ပွဲမှာ မဲမပေးဖို့ အပါအဝင် တားမြစ်ချက် ၈ချက်ကို ချင်းပြည်ကောင်စီ ထုတ်ပြန်