Connect with us

Hi, what are you looking for?

ထိုင်း - ကမ္ဘောဒီးယား

ထိုင်းနဲ့ကမ္ဘောဒီးယား ချက်ချင်းအပစ်ရပ်ကြဖို့ ထရမ့် ကြားဝင်စေ့စပ်၊ အပစ်ရပ်ဖို့ အဆိုပြုချက်ကို ကမ္ဘောဒီးယားဝန်ကြီးချုပ် သဘောတူ

အရှေ့တောင်အာရှ ဒေသတွင်းအိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယားနှစ်နိုင်ငံကြားကနယ်စပ်ဒေသ တိုက်ပွဲတွေ ချက်ချင်းအပစ်ရပ်ကြဖို့ အမေရိကန် သမ္မတ ထရမ့်က ကြားဝင်စေ့စပ်ပေးနေပါတယ်။

AP

ဇူလိုင် – ၂၇ ၊၂၀၂၅ /People’s Spring

အရှေ့တောင်အာရှ ဒေသတွင်းအိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယားနှစ်နိုင်ငံကြားကနယ်စပ်ဒေသ တိုက်ပွဲတွေ ချက်ချင်းအပစ်ရပ်ကြဖို့ အမေရိကန် သမ္မတ ထရမ့်က ကြားဝင်စေ့စပ်ပေးနေပါတယ်။

ထရမ့်က သူတည်ထောင်ထားတဲ့ လူမှုကွန်ရက်မီဒီယာ Truth မှာ ရေးသားချက်အရ ဇူလိုင် ၂၆ ရက် (စနေနေ့)က နှစ်ဖက်လုံးကို ဆက်သွယ်ပြောဆိုပြီးအပစ်ရပ်ကြဖို့ တိုက်တွန်းခဲ့တာပါ။

လက်ရှိမှာ နှစ်နိုင်ငံလုံး ကို အမေရိကန် က အခွန်တိုးမြှင့်ကောက်ခံတာနဲ့ပတ်သက်ပြီး ညှိနှိုင်းနေဆဲ ကာလဖြစ်တာကြောင့် နှစ်ဖက်လုံးဆက်လက်တိုက်ခိုက်နေရင် အခွန်ကိစ္စဆက်ဆွေးနွေးမှာ မဟုတ်ဘူးလို့ ထရမ့်က ဖိအားပေးထားပါတယ်။

Public Service Announcement

Public Service Announcement

ထရမ့် ဟာ ကနဦးအနေနဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟွန်မာနတ် နဲ့ ဆက်သွယ်ပြောဆိုခဲ့ပြီးနောက်ထိုင်းယာယီဝန်ကြီးချုပ် ဖုန်သမ် ဝီချာရာချိုင်ဆီ ကမ္ဘောဒီးယားဘက်ကသတင်းစကားအသိပေးဆွေးနွေးခဲ့တယ်လို့ ထရမ့် က ဆိုပါတယ်။

ဆက်သွယ်ပြောဆိုချက်တွေ အရ နှစ်ဖက်လုံးက ချက်ချင်းအပစ်ရပ်ကြဖို့ ဆန္ဒရှိကြတယ်လို့ ထရမ့်က ရေးသားထားပါတယ်။

ထရမ့် နဲ့ ဖုန်းပြောခဲ့တာကို ဟွန်မာနတ်က သူရဲ့ ဖေ့ဘွတ်ခ်မှာ အသိပေးပါတယ်။

ကမ္ဘောဒီးယားအနေနဲ့ ချက်ချင်းအပစ်ရပ်ဖို့ အဆိုပြုချက်ကို သဘောတူတယ်ဆိုတာ ထရမ့် ကို ရှင်းရှင်းလင်းလင်း အသိပေးပြောကြားခဲ့တယ်လို့ ဟွန်မာနတ်က ရေးသားထားပါတယ်။

ထိုင်းဘက်က တုံ့ပြန်ချက်ကိုတော့မတွေ့ရသေးပါဘူး။

ဒီမတိုင်ခင်ကတော့ ထိုင်းယာယီ ဝန်ကြီးချုပ် ဖုန်သမ် ဝီချာရာချိုင်ကတော့ လက်ရှိ အခြေအနေတွေထက် ပိုဆိုးရွား ကျယ်ပြန့်လာရင် နယ်စပ်တိုက်ပွဲတွေ အဆင့်ကနေ နှစ်နိုင်ငံကြားက စစ်ပွဲကြီးအသွင် ကူးပြောင်းသွားနိုင်တယ်လို့ သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နယ်စပ်တိုက်ပွဲ​တွေ ပြင်းထန်​လာလို့ယာယီခိုလှုံဖို့စခန်း​၄ခုမယ်ဟောင်ဆောင်မှာပြင်ဆင်

သတင်း

မြန်မာရွှေ့ပြောင်း အလုပ်သမားတွေရဲ့ အခွင့်အရေးအတွက် တက်ကြွလှုပ်ရှားတောင်းဆိုသူ တစ်ဦးအဖြစ် ထင်ရှားတဲ့ဆူရတ် (ဝီရဆဲန်ထောင်) ကို ထိုင်းတရားရုံး တစ်ခုက ဖမ်းဝရမ်း ထုတ်လိုက်တယ်လို့ ထိုင်းသတင်းဌာန​တွေက​ဖော်ပြပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲဟာ အမှန်တကယ် အဆုံးသတ်သွားပြီးပြီလို့တောင် ယူဆနိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန် ကာကွယ်ရေး ဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်ဟာ အခုသီတင်းပတ်ထဲမှာ စွပ်စွဲပြစ်တင်ခံရဖို့ လွှတ်တော် မဲခွဲမှု တစ်ခုကို ကြုံတွေ့လာဖွယ် ရှိနေပါတယ်။