Connect with us

Hi, what are you looking for?

ထိုင်း - ကမ္ဘောဒီးယား

ထိုင်းနဲ့ကမ္ဘောဒီးယား ချက်ချင်းအပစ်ရပ်ကြဖို့ ထရမ့် ကြားဝင်စေ့စပ်၊ အပစ်ရပ်ဖို့ အဆိုပြုချက်ကို ကမ္ဘောဒီးယားဝန်ကြီးချုပ် သဘောတူ

အရှေ့တောင်အာရှ ဒေသတွင်းအိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယားနှစ်နိုင်ငံကြားကနယ်စပ်ဒေသ တိုက်ပွဲတွေ ချက်ချင်းအပစ်ရပ်ကြဖို့ အမေရိကန် သမ္မတ ထရမ့်က ကြားဝင်စေ့စပ်ပေးနေပါတယ်။

AP

ဇူလိုင် – ၂၇ ၊၂၀၂၅ /People’s Spring

အရှေ့တောင်အာရှ ဒေသတွင်းအိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယားနှစ်နိုင်ငံကြားကနယ်စပ်ဒေသ တိုက်ပွဲတွေ ချက်ချင်းအပစ်ရပ်ကြဖို့ အမေရိကန် သမ္မတ ထရမ့်က ကြားဝင်စေ့စပ်ပေးနေပါတယ်။

ထရမ့်က သူတည်ထောင်ထားတဲ့ လူမှုကွန်ရက်မီဒီယာ Truth မှာ ရေးသားချက်အရ ဇူလိုင် ၂၆ ရက် (စနေနေ့)က နှစ်ဖက်လုံးကို ဆက်သွယ်ပြောဆိုပြီးအပစ်ရပ်ကြဖို့ တိုက်တွန်းခဲ့တာပါ။

လက်ရှိမှာ နှစ်နိုင်ငံလုံး ကို အမေရိကန် က အခွန်တိုးမြှင့်ကောက်ခံတာနဲ့ပတ်သက်ပြီး ညှိနှိုင်းနေဆဲ ကာလဖြစ်တာကြောင့် နှစ်ဖက်လုံးဆက်လက်တိုက်ခိုက်နေရင် အခွန်ကိစ္စဆက်ဆွေးနွေးမှာ မဟုတ်ဘူးလို့ ထရမ့်က ဖိအားပေးထားပါတယ်။

Public Service Announcement

Public Service Announcement

ထရမ့် ဟာ ကနဦးအနေနဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟွန်မာနတ် နဲ့ ဆက်သွယ်ပြောဆိုခဲ့ပြီးနောက်ထိုင်းယာယီဝန်ကြီးချုပ် ဖုန်သမ် ဝီချာရာချိုင်ဆီ ကမ္ဘောဒီးယားဘက်ကသတင်းစကားအသိပေးဆွေးနွေးခဲ့တယ်လို့ ထရမ့် က ဆိုပါတယ်။

ဆက်သွယ်ပြောဆိုချက်တွေ အရ နှစ်ဖက်လုံးက ချက်ချင်းအပစ်ရပ်ကြဖို့ ဆန္ဒရှိကြတယ်လို့ ထရမ့်က ရေးသားထားပါတယ်။

ထရမ့် နဲ့ ဖုန်းပြောခဲ့တာကို ဟွန်မာနတ်က သူရဲ့ ဖေ့ဘွတ်ခ်မှာ အသိပေးပါတယ်။

ကမ္ဘောဒီးယားအနေနဲ့ ချက်ချင်းအပစ်ရပ်ဖို့ အဆိုပြုချက်ကို သဘောတူတယ်ဆိုတာ ထရမ့် ကို ရှင်းရှင်းလင်းလင်း အသိပေးပြောကြားခဲ့တယ်လို့ ဟွန်မာနတ်က ရေးသားထားပါတယ်။

ထိုင်းဘက်က တုံ့ပြန်ချက်ကိုတော့မတွေ့ရသေးပါဘူး။

ဒီမတိုင်ခင်ကတော့ ထိုင်းယာယီ ဝန်ကြီးချုပ် ဖုန်သမ် ဝီချာရာချိုင်ကတော့ လက်ရှိ အခြေအနေတွေထက် ပိုဆိုးရွား ကျယ်ပြန့်လာရင် နယ်စပ်တိုက်ပွဲတွေ အဆင့်ကနေ နှစ်နိုင်ငံကြားက စစ်ပွဲကြီးအသွင် ကူးပြောင်းသွားနိုင်တယ်လို့ သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဒေါ်နယ်လ်ထရမ့်နဲ့ လူချင်းတွေ့ဆုံခဲ့တာဟာ သမိုင်းဝင် ဆွေးနွေးမှု တစ်ခုလို့ ဗင်နီဇွဲလား ယာယီ သမ္မတက ပြောကြားခဲ့ပါတယ်။

သတင်း

အမေရိကန်နဲ့ဆက်ဆံရေးပြန်လည်တည်ဆောက်ချင်တယ်လို့ အာဏာ သိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)ဟာ ဆိုးယုတ်တဲ့ အဖွဲ့အစည်း တစ်ခုလို့ သူ့ရဲ့ ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ထည့်သွင်း စွပ်စွဲခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းက အိမ်တစ်လုံးထဲမှာ ဖမ်းဆီးချုပ်နှောင် ခံထားရပြီး လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေ ခံခဲ့ရတယ်ဆိုတဲ့ တရုတ် အမျိုးသမီး ၃ ဦးကို ရဲတပ်ဖွဲ့က ကယ်ဆယ်နိုင်ခဲ့ပါတယ်။

Facebook