Connect with us

Hi, what are you looking for?

သတင်း

နောင်ချိုစစ်ရှောင်များရှိသည့် နောင်ပိန်ရွာကို စစ်တပ်က လက်နက်ကြီးများဖြင့် ထပ်မံပစ်ခတ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့မှစစ်ဘေးရှောင်အများအပြားရှိနေသည့် ကျောက်မဲမြို့နယ်က နောင်ပိန်ကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ထပ်မံပစ်ခတ်နေ၍ ဒေသခံများဘေးလွတ်ရာသို့ ထပ်မံရွှေ့ပြောင်းနေရကြောင်း သတင်းရရှိသည်။

ဇူလိုင် ၂၆ရက်က နောင်ပိန်ရွာအတွင်း လက်နက်ကြီးကျည်ကျပေါက်ကွဲနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - Screen Grab

ဇူလိုင်-၂၈၊၂၀၂၅။လူအေး/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့မှစစ်ဘေးရှောင်အများအပြားရှိနေသည့် ကျောက်မဲမြို့နယ်က နောင်ပိန်ကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ထပ်မံပစ်ခတ်နေ၍ ဒေသခံများဘေးလွတ်ရာသို့ ထပ်မံရွှေ့ပြောင်းနေရကြောင်း သတင်းရရှိသည်။

ဇူလိုင် ၂၆ရက်တွင် နေ့လည်မှ ညနေပိုင်းအထိ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ပြီး ယနေ့ (ဇူလိုင် ၂၈ရက်) နေ့လယ်ပိုင်းတွင် ထပ်မံပစ်ခတ်ခြင်းဖြစ်သည်။

” လူ‌နေအိမ်တွေနားကို ထပ်ပစ်တာ။ ပထမနေ့တုန်းကပစ်တာက မှားပြီပစ်တယ်လို့ ကြားရသေးတယ်။ နောက်ပိုင်း SSPPနဲ့ ညှိပြီး ပစ်ခတ်တာရပ်လိုက်တာလို့ ကြားရတယ်။ ဒါပေမဲ့ဒီနေ့ထပ်ပစ် နေတယ်”ဟု နောင်ပိန်ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

နောက်ပိန်ကျေးရွာသည် ရှမ်းပြည်တပ်မတော်(SSPP)လည်း လှုပ်ရှားသည့် ကျေးရွာဖြစ်သည်။

ဇူလိုင် ၂၆ရက်က လက်နက်ကြီးရှစ်လုံးပစ်ခတ်ပြီးနောက် SSPPနှင့် စစ်ကောင်စီတပ် ညှိနှိုင်းကာ ပစ်ခတ်မှုရပ်နားခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။ ယခုအခါ ထပ်မံပစ်ခတ်နေ၍ ဒေသခံများကြောက်လန့်နေကြသည်။

” ဒီရွာမှာ စစ်ဘေးရှောင် တွေလည်းအများကြီးပဲရှိတယ်။ မနေရဲအောင်ပစ်နေသလိုပဲ။ အခုတော့ ရွာကနေရှောင်တဲ့သူရှောင်၊ ဗုံးကျင်းထဲမှာပုန်းသူကပုန်းနဲ့ တော်တော်လေးကြောက်လန့်နေကြရပြီ”ဟု ဒေသခံတစ်ဦးက ပြောသည်။

နောင်ပိန်ကျေးရွာတွင် TNLAတပ်ဖွဲ့ဝင်များရှိကြောင်း စစ်ကောင်စီ၏ဝါဒဖြန့်ချိရေး လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားနေသည်။ ထိုကဲ့သို့ လှုံ့ဆော်ရေးသားမှုများသည် မှားယွင်းနေပြီး သတင်းအမှားများဖြန့်ဝေခြင်းမပြုကြရန် ဒေသခံများက ဆိုသည်။

စစ်ကောင်စီတပ်သည် နောင်ချိုမြို့နှင့် ကျောက်မဲမြို့နယ်အစပ်က ဂုတ်တွင်း၌ လက်နက်ကြီးများတပ်ဆင်၍ ပစ်ခတ်နေခြင်းဖြစ်သည်။

နောင်ချိုမြို့ခံများသည် ပြင်ဦးလွင်မြို့နှင့် ကျောက်မဲမြို့နယ်က နောင်ပိန်ကျေးရွာသို့ စစ်ဘေးရှောင်နေကြသည်။

စစ်တပ်က နောင်ချိုမြို့ကို ပြန်သိမ်းပြီးနောက် ပြင်ဦးလွင်မြို့၌ စစ်ဘေးရှောင်နေကြသည့် နောင်ချိုမြို့ခံများမှာ နေရပ်ပြန်ခွင့်ရပြီး နောင်ပိန်ရွာသို့ စစ်ဘေးရှောင်နေကြသည့် ဒေသခံများမှာ နေရပ်ပြန်လာခွင့် မရသေးပေ။

နောင်ချိုနှင့် ကျောက်မဲမြို့နယ်ကြား ဂုတ်တွင်းအကျော်ကစပြီး ကျောက်မဲမြို့နယ်အတွင်း တအာင်းတပ်မတော် (TNLA)က ဆက်လက်ထိန်းချုပ်ထားသည်။

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားသည့် နောင်ချိုမြို့ကို စစ်ကောင်စီက ပြီးခဲ့သည့် ဇူလိုင် ၁၆ရက်တွင် ပြန်လည်သိမ်းယူပြီးနောက် ရှမ်းမြောက်ကုန်သွယ်‌ရေးလမ်းပေါ်တွင်ရှိသည့် ကျောက်မဲနှင့်သီပေါမြို့ကို ထပ်မံတိုက်ခိုက်မည်ဟု သတင်းများထွက်ပေါ်နေပြီး ဒေသခံများစိုးရိမ်နေကြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

သတင်း

မန္တလေးတိုင်းက စဉ့်ကူးနဲ့ မတ္တရာမြို့နယ်တို့မှာ စစ်ဘေးရှောင်နေရတဲ့ဒေသခံပြည်သူ ထောင်နဲ့ချီပြီး စား‌ဝတ်နေရေးခက်ခဲ နေတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်ကူညီသူတွေကပြောပါတယ်။

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။