Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က နောင်ချိုကနေ မိုးကုတ်မြို့ဆီ စစ်ကြောင်းထိုးဖို့ကြိုးစားလာ

ရှမ်းပြည်နယ်မြောက်က နောင်ချိုမြို့ကိုပြန်ထိန်းချုပ်နိုင်ပြီးတဲ့​နောက်စစ်တပ်က မိုးကုတ်မြို့ဆီကို စစ်ကြောင်းထိုးနေတယ်လို့ နောင်ချိုဒေသခံတွေက ပြောပါတယ်။

စစ်တပ်က နောင်ချိုက ရွှေဆိုင်ပိုင်ရှင်နေအိမ်တွေ အပါအဝင် နေအိမ်အချို့ ချိတ်ပိတ်နေစဉ်။ ဓာတ်ပုံ -စကစ

◾️TNLAက မိုးကုတ်လမ်းပိုင်း ခြောက်ခုကိုယာယီပိတ်

◾️စစ်တပ်က နောင်ချိုကရွှေဆိုင်ပိုင်ရှင်နေအိမ်တွေအပါအဝင် နေအိမ် ၂၀လောက်ချိတ်ပိတ်

ဇူလိုင်-၂၉၊ ၂၀၂၅။ခွန်ဖ/People’s Spring

ရှမ်းပြည်နယ်မြောက်က နောင်ချိုမြို့ကိုပြန်ထိန်းချုပ်နိုင်ပြီးတဲ့​နောက်စစ်တပ်က မိုးကုတ်မြို့ဆီကို စစ်ကြောင်းထိုးနေတယ်လို့ နောင်ချိုဒေသခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

နောင်ချို – မိုးကုတ်လမ်းပိုင်းကသုံးဆယ်ကျေးရွာကို စစ်တပ်ကသိမ်းပြီးနောက်တအာင်းတပ်မတော်(TNLA)သိမ်းပိုက်ထားတဲ့ မိုးကုတ်မြို့ဆီ စစ်ကြောင်းထိုးဖို့ကြိုးစားလာတာလို့ နောင်ချိုမြို့ခံတွေက ပြောပါတယ်။

နောင်ချို – သုံးဆယ် – ဟိုခို – မိုးကုတ်လမ်းပိုင်းက သုံးဆယ်ရွာကို စစ်တပ်က ဇူလိုင် ၂၇ရက်မှာ သိမ်းရခဲ့ပြီး လက်တလောမှာ ကြူအင်းရွာအထိ ရောက်နေပြီဖြစ်ပါတယ်။ အဲဒီလမ်းပိုင်းက ဟိုခိုကျေးရွာဟာ ပြင်ဦးလွင် – မိုးကုတ်လမ်းပိုင်းနဲ့ နောင်ချို – မိုးကုတ်လမ်းပိုင်းရဲ့ ဆုံချက်နေရာမှာရှိပြီး နှစ်ဖက်တပ်တွေ စစ်ရေးအရအရေးပါတဲ့ ကျေးရွာလည်း ဖြစ်ပါတယ်။

ဟိုခိုကျေးရွာဟာ အရင်ကတည်းက တိုင်းရင်းသားလက်ကိုင်တွေ စိုးမိုးခဲ့တဲ့နေရာလည်း ဖြစ်ပါတယ်။လက်တလောမှာတော့ ဟိုခိုရွာကို တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားပါတယ်။

“စကစကမိုးကုတ်ဘက်ထိုးနေတာ။သုံးဆယ်ရသွားပေမယ့် ဟိုခိုမှာတော့ သူတို့ အခက်တွေ့မှာပါ”လို့ နောင်ချိုမြို့ခံ တစ်ဦးက ပြောပါတယ်။ ဟိုခိုရွာနဲ့ မိုးကုတ်မြို့ဟာ (၅၆)မိုင်ကွာဝေးပါတယ်။

စစ်​ကောင်စီက ဇူလိုင် ၂၉ ရက်မနက်ပိုင်းမှာ မိုးကုတ်မြို့ရဲ့လူစည်ကားတဲ့​နေရာ​တွေကို ဦးတည်ပြီးဗုံးကြဲခဲ့တာ​ကြောင့် ကနဦး ရရှိတဲ့သတင်း​တွေအရ ၄ ဦး​​သေဆုံးပြီး ၉ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

TNLA ၊မန္တ​လေးPDF ၊ PDF မိုးကုတ်ဗျူဟာ စတဲ့ပူး​ပေါင်းတပ်​တွေကမိုးကုတ်​မြို့ကို ၁၀၂၇ စစ်ဆင်​ရေးဒုတိယလှိုင်းအတွင်း ၂၀၂၄ ဇူလိုင် ၂၄ ရက်မှာအပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ် ။

TNLAကလည်း မိုးကုတ်မြို့ဆီကို ဝင်ရောက်လာနိုင်တဲ့ လမ်းပိုင်း ခြောက်ခုကို ဖြတ်သန်းခွင့်ယာယီပိတ်လိုက်တယ်လို့ ဇူလိုင် ၂၈ရက်ကကြေညာထားပါတယ်။

မိုးကုတ် – ကျောက်မဲ လမ်းပိုင်း၊ မိုးကုတ် – မိုးမိတ်လမ်းပိုင်း၊ မိုးကုတ် – စဉ့်ကူးလမ်းပိုင်း၊ မိုးကုတ် – သပိတ်ကျင်းလမ်းပိုင်း၊ ပြင်ဦးလွင် – အုမ္မသီး – အုမ္မခါးလမ်းပိုင်းနဲ့ တကောင်း – တွင်းငယ် – မိုးမိတ်လမ်းပိုင်းတွေကို ဒီကနေ့ ဇူလိုင် ၂၉ရက်ကစပြီး နောက်လ ဩဂုတ် ၅ရက်နေ့အထိလို့ ကြေညာထားပါတယ်။

အဲဒီလမ်းပိုင်းထဲက ပြင်ဦးလွင် – အုမ္မသီး – အုမ္မခါးလမ်းပိုင်းဟာ နောင်ချိုနဲ့ ပြင်ဦးလွင်လမ်းပိုင်းဖြစ်ပါတယ်။

TNLAရဲ့ ကြေညာချက်မှာတော့ မိုးကြီးပြီး လမ်းတံတားတွေ ပျက်စီး၊ယာဉ်ကြောပိတ်ဆို့နေလို့ ပြုပြင်ဖို့လို့ ဆိုထားပါတယ်။

ဒါ့အပြင် နောင်ချိုမြို့ကို ထိန်းချုပ်ထားတဲ့ စစ်တပ်က နောင်ချိုမြို့က ရွှေဆိုင်ပိုင်ရှင်တွေရဲ့ နေအိမ်တွေ အပါအဝင် နေအိမ် ၂၀လောက်ကို လိုက်လံချိတ်ပိတ်နေတယ်လို့ နောင်ချိုမြို့ခံတွေက ပြောပါတယ်။

“အညိုးတွေနဲ့ လုပ်နေကြတာ။ဒလန်တွေကစာရင်းပေးပြောကြတာရော၊ ပလောင်(TNLA)ကို ထောက်ပံ့တယ်ဆိုပြီး လုပ်နေတာ။ နောက်တချက်က မြို့က ပိုက်ဆံရှိတဲ့ သူတွေ အများစုပါတယ်။ ငွေညစ်ကြမှာပေါ့”လို့ နောင်ချိုမြို့ခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီက နောင်ချိုမြို့ခံတွေကို နေရပ်ပြန်လာကြဖို့ ခေါ်နေပေမယ့် မြို့ခံအများစုကတော့ စစ်တပ်ကို မယုံလို့ဆိုပြီး မပြန်ကြသေးပါဘူး။ အနည်းစုလောက်သာနေရပ်ပြန်ကြတယ်လို့နောင်ချိုမြို့ခံတွေက ပြောပါတယ်။

လက်တလောမှာ မြို့ပေါ်က စာသင်ကျောင်းနှစ်ကျောင်းကို အတင်းအဓမ္မဖွင့်ခိုင်းပြီး ကလေးငယ်တွေကို ဖိအားပေးကျောင်းတက်ခိုင်းနေပါတယ်။ လူမှုကွန်ရက်ပေါ်ပျံ့နှံံ့လာတဲ့ ပုံတွေအရ စာသင်ခန်းထဲက ဗုံးစံထိမှန်ထားတဲ့ အချို့အရာတွေကို မရှင်းလင်းရသေးဘဲ ကျောင်းတက်ခိုင်းနေတာပါ။

ဒါ့အပြင် TNLAထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့နယ်က နောင်ချိုစစ်ဘေးရှောင်တွေ သွားရောက်ခိုလှုံနေတဲ့ နောင်ပိန်ကျေးရွာကို စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေပါတယ်။

၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းစတင်ခဲ့တဲ့ ၂၀၂၄ ဇွန်လ ၂၅ရက်နေ့မှာဘဲ တအာင်းတပ်မတော်(TNLA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေးအပါအဝင် PDFပူးပေါင်းတပ်တွေက တစ်ရက်တည်းနဲ့ အလွယ်တကူ သိမ်းပိုက်ခဲ့တဲ့ နောင်ချိုမြို့ကို စစ်ကောင်စီက တစ်နှစ်ကြာ ထိုးစစ်ဆင်ပြီး ပြီးခဲ့တဲ့ ဇူလိုင် ၁၅ရက်က မြို့ကို ထိန်းချုပ်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့မှာ ကင်းပတ်ထွက်လာတဲ့ စစ်တပ် တိုက်ခံရပြီး သေဆုံးထိခိုက်မှုတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြို(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး သေဆုံးပြီးသူ့ရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ် ရေးချောင်းဖျားဒေသမှာ ဂျန်ပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း အကူအညီနဲ့ ဆောက်လုပ်ထားတဲ့ ဒုက္ခသည်စခန်းနေရာကို စစ်တပ်က ဒီကနေ့ ဇွန်လ ၁၈ရက်မနက်အစောမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ မွန် သတင်းရင်းမြစ်က ပြောပါတယ်။