Connect with us

Hi, what are you looking for?

သတင်း

စစ်ဘက်ဆိုင်ရာလျှို့ဝှက်ချက်ဖောက်ဖျက်သူကို သေဒဏ်ပေးမယ်လို့ စစ်ကောင်စီ ခြိမ်းခြောက်

စစ်ဘက်ဆိုင်ရာလျှို့ဝှက်ချက်တွေ ဖောက်ဖျက်သူကို ထောင်ဒဏ်တစ်သက်နဲ့ သေဒဏ်တွေ ပေးမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

စစ်တပ်အာဏာသိမ်းလို့ ဆန္ဒပြကန့်ကွက်တဲ့ မန္တလေးမြို့ခံတွေကို စစ်သားတွေက ပစ်ခတ်ဖြိုခွင်းနေတာကို ၂၀၂၁ မတ်လ ၃ရက်ကတွေ့ရစဉ်။ ဓာတ်ပုံ - CJ

ဇူလိုင်-၂၉၊ ၂၀၂၅။ရဲခေါင်/People’s Spring

စစ်ဘက်ဆိုင်ရာလျှို့ဝှက်ချက်တွေ ဖောက်ဖျက်သူကို ထောင်ဒဏ်တစ်သက်နဲ့ သေဒဏ်တွေ ပေးမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

အရေးယူမယ့်ထုတ်ပြန်ချက်ကို “စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက်များထိန်းသိမ်းကာကွယ်ခြင်း”ဥပဒေ ဆိုပြီး မနေ့က (ဇူလိုင်၂၈ရက်) ရက်စွဲနဲ့ စစ်ကောင်စီက ပြဋ္ဌာန်းခဲ့တာဖြစ်ပါတယ်။

ဥပဒေထဲမှာ စစ်ဘက်ဆိုင်ရာလျှို့ဝှက်ချက် အဓိပ္ပါယ်ဖွင့်ဆိုချက်အရ စစ်ဘက်ဆိုင်ရာ အဂ္ဂမဟာဗျူ ဟာ၊မဟာဗျူဟာ၊နည်းဗျူဟာနဲ့ စစ်ဘက်လေ့ကျင့်ရေးဆိုင်ရာကိစ္စတွေ တပ်မတော်ရေယာဉ်၊ လေယာဉ် ၊စက်ယန္တရာ၊ လက်နက်ခဲယမ်း၊စစ်အသုံးအဆောင် ပစ္စည်းနဲ့ သက်ဆိုင်တဲ့ နည်းပညာတွေ နည်းစနစ်တွေသတင်းအချက်အလက် အပါအဝင် စစ်ဘက်နည်းပညာတွေ လုပ်ထုံးလုပ်နည်း၊ နည်းစနစ်တွေ စစ်ဘက်လျှို့ဝှက်ချက်အဖြစ် ဝန်ကြီးဌာနက အခါအားလျော်စွာ ထုတ်ပြန်ထားတဲ့ ကိစ္စရပ်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“ရှေ့မှာတုန်းက ဒီဥပဒေမထွက်ခင်တုန်းကလည်း ဖမ်းမိရင် ထောင်ဒဏ် နှစ်၂၀။သေဒဏ်နဲ့ ထိုက်တန်တဲ့ပြစ်ဒဏ်တွေ ခံခဲ့ရတာရှိပါတယ်။ကျွန်တော်တို့လည်း ဖရဲသီး(တပ်တွင်းသတင်းပေး)တွေ ဆုံးရှုံးမှု ကြုံခဲ့ဖူးပါတယ်။တပ်တွင်းကနေ ဌာနဆိုင်ရာတွေကနေ ပေးတဲ့သတင်းပေးတွေက အန္တရာယ်အမျိုးမျိုးရင်ဆိုင်ပြီးလုပ်ခဲ့ကြတယ်။ဒီဥပဒေ ထွက်လာပြီးတော့လည်း ဘာမှတော့သိပ်မထူးပါဘူး”လို့ CDM ဗိုလ်ကြီး ဇင်ယော်က စစ်ကောင်စီရဲ့အခု ပြဋ္ဌာန်းချက်အပေါ် သုံးသပ်ပါတယ်။

ဥပဒေထဲမှာပါတဲ့ အချက်အလက်အချို့တွေအရ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၎င်းနှုတ်ထွက် ခိုင်းစေမယ့် တပ်တွင်းစစ်ဗိုလ်ချုပ်များအပေါ် ကြီးလေးတဲ့ ကန့်သတ်တာ ဒါမှမဟုတ် အံတုလို့မရ အောင် လုပ်ဆောင်လိုက်တာလို့သူက ဆက်ပြောပါတယ်။

စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက်တွေ လွှဲပြောင်းပေးခြင်းဆိုတာ စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက်တစ်ရပ်ရပ်ကို တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ နှုတ်နဲ့ ပြောတာ စာနဲ့ ရေးသားပေးပို့တာ ဒါမှမဟုတ် တစ်နည်းနည်းနဲ့ သိရှိစေဖို့ လွှဲပြောင်းပေးတာ ဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ဥပဒေမှာ ပါရှိပါတယ်။

“စစ်တပ်အကြောင်း ဘာတစ်ခုမှ ပြောမရတော့ဘူး။စစ်တပ်မှာ ဖြစ်နေတဲ့ ဖြစ်စဥ်မှန်သမျှ ဘာမှပြောမရ။ဖြန့်မရဘူး။သတင်းမီဒီယာတွေအနေနဲ့လည်း သတိပြုရမယ့် အပိုင်းဖြစ်တယ်”လို့ တရားလွှတ် တော်ရှေ့နေတစ်ဦးက ပြောပါတယ်။

ကာကွယ်ရေးဝန်ထမ်း ဒါမှမဟုတ် ကာကွယ်ရေးဝန်ထမ်းဟောင်းတွေအနေနဲ့ နိုင်ငံခြားတိုင်းပြည်ရဲ့ စစ်ဘက်ဆိုင်ရာအဖွဲ့ မဟုတ်တဲ့ အဖွဲ့အစည်းတစ်ခုခုနဲ့ အဲဒီအဖွဲ့ကိုယ်စား လုပ်ကိုင်ဆောင်ရွက်တာ မပြုလုပ်ဖို့ နဲ့ ဖောက်ဖျက်ကျူးလွန်ရင် ထောင်ဒဏ်တစ်သက် ဖြစ်‌စေ သေဒဏ်ဖြစ်‌စေ ပေးမယ်လို့ စစ်ကောင်စီရဲ့ ဥပဒေမှာ ဖော်ပြထားပါတယ်။

စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက်ကို အသုံးပြုပြီး တရားမဝင်လက်နက်ကိုင် အဖွဲ့အစည်းမှာ လုပ်ကိုင်ဆောင်ရွက်တာ မပြုလုပ်ဖို့ တားမြစ်ထားပြီး ဖောက်ဖျက်ကျူးလွန်ရင် ထောင်ဒဏ် တစ်သက်ဖြစ်စေ ၊ သေဒဏ်ဖြစ်စေ ချမှတ်ရမယ်လို့ ဆိုပါတယ်။

“စစ်ကောင်စီရဲ့အတွင်းအချက်အလက်နဲ့ ပတ်သက်လို့ ဌာနတွင်းဝန်ထမ်းမျိုးစုံနဲ့ အကုန်လုံးနီးပါးကို ကြပ်လိုက်တာမျိုးပဲ”လို့ CDM ဗိုလ်ကြီးဘုဏ်သိုက်က သူ့အမြင်ကို ပြောပါတယ်။

ကာကွယ်ရေး ဝန်ထမ်းနဲ့ ဝန်ထမ်းဟောင်းတွေမှအပ ဘယ်သူမှ စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက်တစ်ရပ်ရပ်ကို တစ်နည်းနည်းနဲ့ ရယူအသုံးပြုပြီး တရားမဝင် အဖွဲ့အစည်းတွေမှာ လုပ်ကိုင်ဆောင် ရွက်ရင်လည်း ထောင်ဒဏ်တစ်သက်ဖြစ်စေ ၊ သေဒဏ်ဖြစ်စေ ချမှတ်ရမယ်လို့ စစ်ကောင်စီက သတ်မှတ်ထားပါတယ်။

ကာကွယ်ရေးဝန်ထမ်းဟောင်းတွေအနေနဲ့လည်း ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်မပါဘဲ ပုဂ္ဂ လိကလုံခြုံရေးဝန်ထမ်းအဖြစ်လုပ်ကိုင်ဆောင်ရွက်လို့ မရဘဲ သတ်မှတ်ချက်တွေနဲ့အညီ လိုက်နာဆောင်ရွက်ရမယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။