Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်မြို့နယ်၊ငါးရယ်ရွာကို စစ်တပ်ဝင်​ရောက်ပစ်ခတ်ပြည်သူအချို့​သေဆုံး၊ဓါးစာခံဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်အရှေ့ခြမ်းငါးရယ်ရွာကို စစ်ကောင်စီတပ်ကဇူလိုင်၂၈ ရက်မနက်အစောပိုင်းမှာဝင်ရောက်ပစ်ခတ်ခဲ့တာ​ကြောင့် ပြည်သူတချို့​သေဆုံးခဲ့ပြီး ဒဏ်ရာ‌နဲ့ ဓါးစာခံဖမ်းဆီးခံထားရသူ တွေလည်းရှိတယ်လို့ ဒေသခံ အချို့က​ပြောပါတယ်။

စစ်တပ် စစ်​ကြောင်းထိုး​နေတဲ့ ငါးရယ်ရွာ နဲ့ ရှိမ်းမကားရွာအနီး ဝန်းကျင် ကို Google Earth တွင်​တွေ့ရပုံ

ဇူလိုင်-၂၉၊၂၀၂၅။မေ/People’s Spring

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်အရှေ့ခြမ်းငါးရယ်ရွာကို စစ်ကောင်စီတပ်ကဇူလိုင်၂၈ ရက်မနက်အစောပိုင်းမှာဝင်ရောက်ပစ်ခတ်ခဲ့တာ​ကြောင့် ပြည်သူတချို့​သေဆုံးခဲ့ပြီး ဒဏ်ရာ‌နဲ့ ဓါးစာခံဖမ်းဆီးခံထားရသူ တွေလည်းရှိတယ်လို့ ဒေသခံ အချို့က​ပြောပါတယ်။

ဇူလိုင်လ၂၈ ရက်နေ့ ၊မနေ့မနက်အစောပိုင်းက ရှိမ်းမကားရဲစခန်းမှာတပ်စွဲထားတဲ့ စစ်တပ်ကကျေးရွာရဲ့ တောင်ဘက်မှာရှိတဲ့ ငါးရယ်ရွာကို မနက်၅နာရီလောက်မှာ ဝင် ရောက်ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

“အနည်းဆုံး ၅ယောက်လောက်အပစ်ခံရတယ်။၃ ယောက်လောက်တော့သေမယ်ထင်တယ်။ဖုန်းလိုင်းတွေလည်းမရ တော့ အခုထိ အခြေအနေကို အသေးစိတ်မသိရဘူး။ဒီနေ့အထိပိတ်မိနေတဲ့ပြည်သူတချို့လည်းကျန်သေးတယ်”လို့ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

သေနတ်ဒဏ်ရာနဲ့ဖမ်းဆီးခံလိုက်ရတဲ့ပြည်သူတွေလည်းရှိပြီး အခြေအနေကို​သေချာမသိရသေးဘူးလို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးကလည်း​ပြောပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းက တပ်မ (၃၃) ကနေ မတ္တရာမြိုနယ်၊စဉ့်ကိုင်ရွာဘက်ကို စစ်ကြောင်းထိုးတပ်စွဲထားသလို ရှိမ်းမကားက နေ တောင်ဘက် ငါးရယ်ရွာနဲ့တိုက်ရွာဘက်ကို စစ်တပ်က တပ်စွဲထားပါတယ်။

ဒီကျေးရွာတွေ ဟာ စစ်ကိုင်း-‌ ကျောက် မြောင်း ခရိုင်ချင်းဆက် အမှတ်(၃)လမ်းမ ဘေးမှာရှိတာမို့ လမ်းကိုလည်း ယာယီပိတ်ထားတယ်လို့ သိရပါတယ်။မန္တလေး-‌ ရွှေဘို၊‌‌မန္တလေး -မိုးကုတ်ကို စစ်ကိုင်းတိုင်းဘက်ကသွားတဲ့လမ်း ဖြစ်ပြီး စစ်ကြောင်း တွေဟာ ဒီလမ်းပိုင်း တွေကိုဗဟိုချတပ်စွဲထားတာမို့ လမ်းကြောနှစ်ခုစလုံးပိတ်ထားရတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် စစ်တပ်တပ်စွဲထားတဲ့စဉ့်ကိုင်ရွာနဲ့ငါးရွယ်ရွာဟာကြားထဲမှာကျေးရွာ ၃ ရွာသာခြားပါတယ်။ မတ္တရာမြို့နယ်ရဲ့အနောက်ဘက်ဧရာဝတီမြစ်ဘေးမှာရှိပြီး ရေလမ်းကြောင်းအရအရေးပါတဲ့နေရာ တွေလည်းဖြစ်ပါတယ်။

စစ်ကောင်စီက မတ္တရာမြို့နယ်အနောက်ခြမ်းကိုလည်းနယ် မြေစိုးမိုးမှု ရယူထားပြီး စစ်ကိုင်း၊မတ္တရာ၊ဝက်လက်မြို့နယ်အစပ်က ကျေးရွာတွေကို ပါအထိုင်ချတပ်စွဲလိုက်တာပါ။ဒီနေရာတွေကို စစ်တပ်ကထိန်းချုပ်စိုးမိုးနိုင်ရင် ဧရာဝတီမြစ်လမ်း ကြောင်းနဲ့ မန္တလေး- မိုးကုတ်ကားလမ်း လုံခြုံရေးပါစိုးရိမ်ရတဲ့ အခြေအနေဖြစ်တယ်လို့​ဒေသခံအချို့က​ပြောပါတယ်။

စစ်ကောင်စီတပ်ကတော့ ဒီနေရာကိုစစ် ဗျူဟာတခုအထိုင်ချမယ်လို့ဆိုထားပါတယ်။ရွေးကောက်ပွဲလုပ်မယ်လို့ ကြေညာထားတဲ့ စစ်​ကောင်စီဟာ စစ်​ကြောင်းထိုးတိုက်ခိုက်မှု​တွေကို ​ဒေသအများအပြားမှာပြုလုပ်လာတာဖြစ်ပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

​နွေဦး​တော်လှန်​ရေးအတွက် စစ်​ရေးမှာ အ​ရေးကြီးဆုံးကာလကို​ရောက်​နေပြီဖြစ်ပြီး စစ်တပ်တိုက်​လေယာဥ်ပျက်ကျသတင်းမှာ​အောင်စိတ်အစစ်ဖြစ်ကာစစ်တပ်က လူထုအားတက်မှာကို မလိုလာ​ကြောင်း ၈၈ မျိုးဆက်​ခေါင်း​ဆောင် ဦးမင်းကိုနိုင်က​ပြောကြားပါတယ် ။

သတင်း

မှော်ဘီမြို့နယ်မှာစစ်တပ်ရဲ့ တိုက်လေယာဉ်တစ်စီး ပျက်ကျခဲ့တာဟာ ​လေ့ကျင့်​ရေးပျံသန်းစဥ် ပျက်ကျတာမဟုတ်ဘဲဗုံးကြဲဖို့ ပျံသန်းစဥ် ပျက်ကျခဲ့တာဖြစ်ပြီး​လေယာဥ်​​​ပေါ်ပါတဲ့ စစ်သား၂ ဦးထဲမှတစ်ဦး​သေဆုံးခဲ့တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်အချို့က​ပြောပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ထွန်းရေး၊တရားမျှတမှုရရှိရေးနဲ့စစ်အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေးတို့အတွက် မဟာမိတ်များနဲ့အတူဆက်လက်ကြိုးပမ်းမယ်ဟု​​ကြေညာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။