Connect with us

Hi, what are you looking for?

သတင်း

မင်းလှမှာ ပြည်သူအချို့ကို ဖမ်းဆီးခေါ်ဆောင်တဲ့စစ်တပ် တိုက်ခိုက်ခံရ

ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် ကျေးလက်နေပြည်သူအချို့ကို ဖမ်းဆီးခေါ်ဆောင်လာတဲ့ စစ်ကောင်စီတပ်ကို ရိုးမဖြတ်လမ်း၌ တိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင်PDF၊ တပ်ရင်း (၃၈၀၂)၊တပ်ခွဲ(၅) ဒီကနေ့(ဇူလိုင် ၂၉)မှာ ထုတ်ပြန်ပါတယ်။

ဇူလိုင်-၂၉၊၂၀၂၅။ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် ကျေးလက်နေပြည်သူအချို့ကို ဖမ်းဆီးခေါ်ဆောင်လာတဲ့ စစ်ကောင်စီတပ်ကို ရိုးမဖြတ်လမ်း၌ တိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင်PDF၊ တပ်ရင်း (၃၈၀၂)၊တပ်ခွဲ(၅) ဒီကနေ့(ဇူလိုင် ၂၉)မှာ ထုတ်ပြန်ပါတယ်။

ဇူလိုင် ၂၄ရက် နေ့လယ် ၃နာရီခွဲခန့်က အုတ်ဖိုမြို့နယ်၊ ချောင်းဂေါင်းအုပ်စု၊ ဆယ်ရွာကနေ ပြည်သူအချို့ကို ဖမ်းဆီးပြီး မင်းလှမြို့နယ်၊ ပဲခူးရိုးမဖြတ်လမ်း မြို့ချောင်း-စိန်ကန့်လန့်လမ်းအတိုင်းလာတဲ့ အင်အား ၇၀ခန့်ပါ စစ်ကောင်စီတပ်သားတွေကို တပ်ရင်း ၃၈၀၂၊ တပ်ခွဲ(၅)မှ ဗျူဟာစစ်ကြောင်းက တိုက်ခိုက်ခဲ့တာလို့ ဖော်ပြပါတယ်။

“၄၀လောက်ရှိမယ်။ ဆယ်ရွာက အမျိုးသားတွေ။ စခ တပ်ထဲထည့်ဖို့ ဖမ်းလာတာ”လို့ တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ(၅)မှ တာဝန်ရှိသူတစ်ဦးက People’s Spring ကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုကို မြို့ချောင်း-စိန်ကန့်လန့်လမ်း၊ ၄၈ပေါက် ဖုတ်တက်ကြီးအနီးလမ်းပိုင်းမှာ မိနစ် ၂၀ကြာ လုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်က ၁၅ဦးခန့်သေဆုံးကာ သုံးဦးထက်မနည်းဒဏ်ရာရကာ ပြည်သူခုနစ်ဦး ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ တပ်ခွဲ(၅)က အသိပေးပါတယ်။

“တိုက်ပွဲက ကြမ်းလောက်တယ်ဗျ။ နေ့ခင်းဘက်ကြီးကို လက်နက်ကြီးထုသံတွေ ညံနေတာပဲ”ဟု ပဲခူးရိုးမဖြတ်လမ်းက တိုက်ပွဲနဲ့ပတ်သင်ပြီး မင်းလှမြို့နယ်မှ ဒေသခံတစ်ဦးက People’s Springကို ပြောပါတယ်။

ပဲခူးရိုးမဖြတ်လမ်းပေါ်တက်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ ဇူလိုင် ၂၂ရက်မှာ အုတ်ဖိုမြို့နယ်ထဲကို ဆယ်ရွာကိုဝင်စီးပြီး အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် ဒေသခံပြည်သူ ၄၀ဝန်းကျင်ကိုဖမ်းဆီးခဲ့ကာ နောက်တစ်နေ့ ဇူလိုင် ၂၃ရက်မှာ အမျိုးသမီးနဲ့ကလေးတွေကို ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ပြည်သူကိုဖမ်းဆီးပြီး လူသားဒိုင်းလုပ်လာတဲ့ စစ်တပ်စစ်ကြောင်းဟာ ဆယ်ရွာရဲ့အရှေ့ဘက်ကပ်လျှက်မှာရှိတဲ့ မင်းလှဆည်ပေါ်မှာ ညအိပ်စခန်းချခဲ့ရာ ပြည်သူတွေကိုကယ်ထုတ်ဖို့ကြိုးပမ်းခဲ့ပေမယ့် ပစ်ခတ်တိုက်ခိုက်မှုအတွင်း ပြည်သူထိခိုက်မှုရှိနိုင်တာကြောင့် နောက်ဆုတ်ခဲ့ရတယ်လို့ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ(၅)က အသိပေးပါတယ်။

ကြားဖြတ်တိုက်ခိုက်မှုလုပ်ဆောင်ခဲ့တဲ့ ဇူလိုင် ၂၄ရက် နံနက်ပိုင်းမှာတော့ ဆည်ကနေမခွာခင် မင်းလှဆည်အနီးက ပြည်သူပိုင်တဲအိမ်တချို့ကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ အဲဒီစစ်ကြောင်းဟာ မင်းလှမြို့နယ်၊ ဘန့်ဘွေးကုန်းရွာဘက်မှာ အထိုင်ချတပ်စွဲထားတယ်လို့ စုံစမ်းသိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ အင်အားဖြည့်မှုတွေကြောင့် တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ ဒေသတွင်းစစ်ရေးတာ၀န်ရှိသူနဲ့ သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။