Connect with us

Hi, what are you looking for?

သတင်း

စဥ့်ကူးမှာ လေကြောင်းတိုက်ခိုက်လို့ ပြည်သူ ၂၄ ဦးသေဆုံး

လက်ပံလှရဲစခန်းတစ်ခုတဘ်းအကျဥ်းသား​တွေနဲ့ သံသယတရားခံ ၂၂ဦး​သေဆုံးပြီး ၃၀ ​​ကျော်ဒဏ်ရာရ

လေကြောင်းတိုက်ခိုက်ပြီးနောက်မြင်ကွင်း။။ဓာတ်ပုံ-MDY PDF

ဇူလိုင်-၃၀၊၂၀၂၅။​နေ့သစ်/People’s Spring

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်ကလက်ပံလှရဲစခန်းအပါအဝင်နေရာ၂ နေရာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ ပြည်သူ၂၄ ဦး သေဆုံးပြီး ၃၀ ဝန်းကျင် ဒဏ်ရာရခဲ့ကြောင်း ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(မန္တလေး) သတင်းထုတ်ပြန်ပါတယ်။

ဇူလိုင် (၂၉)ရက်နေ့ ညနေပိုင်းက စဉ့်ကူးမြို့နယ် လက်ပန်လှ​ကျေးရွာရှိ ရဲစခန်းနဲ့ ရွှေပန်တောကျေးရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း၊ လက်ပန်လှရဲစခန်းအား လေကြောင်းတိုက်ခိုက်မှုကြောင့် ပြစ်ဒဏ်ကျ အကျဉ်းသားတွေနဲ့ စစ်ဆေးနေဆဲ သံသယတရားခံတွေဖြစ်တဲ့အမျိုးသား(၂၁)ဦးနဲ့အမျိုးသမီး(၁)ဦးအသက်ဆုံးရှုံးခဲ့ရပြီးထိခိုက်ဒဏ်ရာရသူ (၃၀)ဝန်းကျင်ရှိခဲ့ကြောင်း မန္တလေး PDFက အသိပေးပါတယ်။

ဇူလိုင်လ၂၉ရက် နေ့ ညနေ၄နာရီခွဲခန့်မှာ စစ်တပ်ကတော်လှန်ရေးတပ် တွေထိန်းချုပ်ထားတဲ့ စဥ့်ကူးမြို့နယ်ထဲက လက်ပန်လှကျေးရွာရဲစခန်းကို နှစ်ကြိမ်တိုင်ဗုံးကြဲခဲ့တာလို့ ​ဒေသခံ​တွေလည်း​ပြောပါတယ်။

Public Service Announcement

Public Service Announcement

“အထိခိုက်ကတော့ တော်တော်များတယ်။ဒဏ်ရာရတဲ့သူ တွေထဲကသေဆုံးတွေထပ်ရှိလာနိုင် သေးတယ်လို့သိရတယ်။အချုပ်သား တွေလည်း ပါတယ်”လို့ ဒေသခံတဦးကလည်းပြောပါတယ်။

ဒါ့အပြင် ရွှေပန်းတောကျေးရွာကို လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ အမျိုးသား(၁)ဦးနဲ့ အမျိုးသမီး(၁)ဦး အသက်ဆုံးရှုံးခဲ့ရတယ်လို့ မန္တလေး PDFက ထပ်မံအသိပေးပါတယ်။

လက်ပံလှရဲစခန်းကိုလေကြောင်းတိုက်ပြီးနောက် စစ်​ကောင်စီက ဇရပ်ကွင်း ကျေးရွာနဲ့ မတ္တရာမြို့နယ် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌မြောက်ခြမ်းက ရေနံ့သာ ကျေးရွာတို့ကိုပါ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ သေးတယ်လို့​ဒေသခံတချို့က​ပြောပါတယ်။ဇရပ်ကွင်းရွာ လေကြောင်းတိုက်ခိုက်မှုမှာ ပြည်သူအထိအခိုက်မရှိဘူးလို့​ဒေသခံအချို့က​ပြောပါတယ်။ ရေနံ့သာကျေးရွာလေ ကြောင်းတိုက်ခိုက်မှုကတော့ အထိအခိုက်ရှိ ၊မရှိမသိရသေးပါဘူး။

စစ်ကောင်စီဟာ ပြည်သူကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိပြီး စစ်ရာဇဝတ်မှုတွေကို ပေါ်ပေါ်ထင်ထင် ကျူးလွန်နေတယ်လို့ မန္တ​လေးPDF ကဖော်ပြထားပါတယ်။

မိုးကုတ်-မန္တလေးကားလမ်းဘေးမှာရှိတဲ့ လက်ပံလှကျေးရွာကို ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နဲ့ ၁၇ ရက်ကကလည်း စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၄ လသားကလေးငယ် တယောက် အပါအဝင် ကလေးငယ် ၆ ဦးနဲ့ ပြည်သူ ၂၃ ဦးထက်မနည်း သေဆုံးခဲ့ရပြီး ၄၀ ကျော် ဒဏ်ရာရရှိခဲ့​သေးပါတယ်။

လက်ပံလှရဲစခန်းကို ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(မန္တ​လေး)က အခြားစစ်​ကောင်စီစခန်း ၄ ခုနဲ့အတူ ၂၀၂၄ ဇူလိုင် ၈ ရက်မှာသိမ်းပိုက်နိုင်ခဲ့​တာပါ။အဲဒီစခန်း ၅ ခုသိမ်းတိုက်ပွဲမှာ သပိတ်ကျင်းမြို့နယ် တိုက်ပွဲက​နေထွက်​ပြေးလာ​တဲ့ဒုတပ်မှူး ဒုတိယဗိုလ်မှူးကြီး လှိုင်ထွန်း​အောင် အပါအဝင် စစ်သုံ့ပန်း ၁၅ ဦးနဲ့ ပျူ​စောထီး​တွေဖမ်းဆီးရရှိခဲ့​တယ်လို့ မန္တ​လေးPDF ကထုတ်ပြန်ခဲ့ပါတယ်။

မန္တ​လေးPDF နဲ့မဟာမိတ်တပ်​တွေကစဥ့်ကူးမြို့နဲ့ စဥ့်ကူး မြို့နယ်တစ်ခုလုံးကို ၂၀၂၄ ဇူလိုင် ၁၇ ရက်မှာအပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ခင်ဦးမြို့နယ်တွေမှာ စာသင်ကျောင်းအပါအဝင် နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒေသခံတွေ ယခုရက်ပိုင်း ရင်ဆိုင်နေရတဲ့ရေဘေးကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ KPDF က စစ်ရေးလှုပ်ရှားမှုရပ်နားထားပေမယ့်စစ်တပ်ကဒီကနေ့ ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲပြီး စက်သေနတ်နဲ့ပါ ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။