Connect with us

Hi, what are you looking for?

သတင်း

ဆွာဆည်ပေါ်တပ်စွဲထားတဲ့စစ်တပ်ကို​တော်လှန်​ရေးတပ်တွေတိုက်ခိုက်၊ ဗိုလ်ကြီးအပါခြောက်ဦးသေဆုံးပြီး လက်နက်ခဲယမ်း​တွေသိမ်ရ

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ပဲခူးရိုးမအတွင်းရှိ ဆွာဆည်ရှင်းလင်းဆောင်မှာ အထိုင်ချနေတဲ့ စစ်ကောင်စီတပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဗိုလ်ကြီးအပါအဝင်ခြောက်ဦးသေဆုံးသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၂)စစ်ဆင်ရေးနယ်မြေကဒီကနေ့ထုတ်ပြန်ပါတယ်။ ‌‌

ပဲခူးရိုးမအတွင်းရှိ ဆွာဆည်ရှင်းလင်းဆောင်၌ အထိုင်ချနေသည့် စစ်ကောင်စီတပ်အားတော်လှန်ရေးပူးပေါင်းတပ် တိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - အမှတ်(၂)စစ်ဆင်ရေးနယ်မြေ

သြဂုတ်-၂၊ ၂၀၂၅။ ကျော်ဇော၊ထားမြတ် /People’s Spring

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ပဲခူးရိုးမအတွင်းရှိ ဆွာဆည်ရှင်းလင်းဆောင်မှာ အထိုင်ချနေတဲ့ စစ်ကောင်စီတပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဗိုလ်ကြီးအပါအဝင်ခြောက်ဦးသေဆုံးသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၂)စစ်ဆင်ရေးနယ်မြေကဒီကနေ့ထုတ်ပြန်ပါတယ်။ ‌‌

ဆွာဆည်ရှင်းလင်းဆောင်တိုက်ခိုက်မှုကို ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၁)၊ အမှတ်(၃၅၀၁) တပ်ရင်းနဲ့အတူ မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ PIO/PIA၊ACDF(Asho Chin Defense Force)တို့ပူးပေါင်းပြီးဇူလိုင်လ(၃၀)ရက်နေ့ကဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဖော်ပြပါတယ်။

ပဲခူးရိုးမအတွင်းရှိ ဆွာဆည်ရှင်းလင်းဆောင်၌ အထိုင်ချနေသည့် စစ်ကောင်စီတပ်အားတော်လှန်ရေးပူးပေါင်းတပ် တိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ – အမှတ်(၂)စစ်ဆင်ရေးနယ်မြေ

အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးအပါအဝင်ခြောက်ဦးသေဆုံးပြီး ထုတ်ပြန်ချက်ပါ ဓာတ်ပုံမှတ်တမ်းများအရ သေနတ်ခြောက်လက်နဲ့ကျည်​တွေ၊စစ်အသုံးအဆောင်ပစ္စည်း​တွေသိမ်းဆည်းရရှိခဲ့တာကိုတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် တိုက်ခိုက်မှုအပြီးမှာ စစ်တပ် အထိုင်ချနေရာကို ရှင်းလင်းဖျက်ဆီးနိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၂)စစ်ဆင်ရေးနယ်မြေက အသိပေးထားပါတယ်။

NUGက အမှတ်(၂)စစ်ဆင်ရေးနယ်မြေသတ်မှတ်ထားတဲ့ ပဲခူးတိုင်းစစ်ဌာနအတွင်း စစ်ရေးအရှိန်မြှင့်တင်သွားမယ်လို့အသိပေးထားပါတယ်။

ပြီးခဲ့သည့် ဇူလိုင် ၂၅ရက်ကလည်း PDF အမှတ်(၂) စစ်ဆင်ရေးနယ်မြေရှိ တပ်ရင်းတပ်ဖွဲ့​တွေနဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်တို့က ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ်စခန်း ၂နေရာကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ စစ်အုပ်စုဘက်က သေဆုံးထိခိုက်ရှိခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်​တွေသိမ်းဆည်း ရရှိခဲ့ပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

စစ်တပ်က ရန်ကုန်နဲ့ ဧရာဝတီတိုင်းချိတ်ဆက်ထားတဲ့ အဝေးပြေးလမ်းကိုအသုံးပြုပြီး စစ်လက်နက်ပစ္စည်းတွေကားနဲ့သယ်ယူပို့ဆောင်နေတဲ့အတွက် ခရီးသွားတွေသတိပြုသွားလာကြဖို့ မျက်မြင်တွေ့ရှိသူတွေက သတိပေးကြပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာမြို့က စစ်တပ် ၃ခုဆုံတဲ့နေရာအနီးမှာ အိုးဝေသမားတစ်ဦးကို လူငယ်တွေက သံချွန်နဲ့ထိုးပြီး လုယက်မှုဖြစ်ပွားခဲ့ပါတယ်။

Facebook