Connect with us

Hi, what are you looking for?

သတင်း

ပြည်သူတွေကို ထင်သလိုဖမ်းဆီးချုပ်နှောင်မယ့် နိုင်လွတ်လုံဥပဒေ စစ်ကောင်စီ ပြဋ္ဌာန်း

အကြောင်းပြချက်မရှိဘဲ ပြည်သူလူထုကို ဖမ်းဆီးပြီး အချိန်ကန့်သတ်ချက်မရှိ ချုပ်နှောင်ဖို့ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနဲ့ ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကိုကာကွယ်ပေးရေးဥပဒေ(နိုင်လွတ်လုံ) စစ်ကောင်စီက ဩဂုတ် ၁ ရက်စွဲနဲ့ ထပ်မံ ပြဋ္ဌာန်းလိုက်ပါတယ်။

ရန်ကုန်မြို့တနေရာမှာ လူငယ်တွေကို ဖမ်းဆီးနေတဲ့ စစ်ကောင်စီတပ်သားတွေကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ

သြဂုတ်-၂ ၊ ၂၀၂၅။ရဲခေါင်/People’s Spring

အကြောင်းပြချက်မရှိဘဲ ပြည်သူလူထုကို ဖမ်းဆီးပြီး အချိန်ကန့်သတ်ချက်မရှိ ချုပ်နှောင်ဖို့ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနဲ့ ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကိုကာကွယ်ပေးရေးဥပဒေ(နိုင်လွတ်လုံ) စစ်ကောင်စီက ဩဂုတ် ၁ ရက်စွဲနဲ့ ထပ်မံ ပြဋ္ဌာန်းလိုက်ပါတယ်။

သြဂုတ် ၁ ရက်က ထွက်ရှိလာတဲ့ စစ်ကောင်စီအမိန့်စာအရ နိုင်လွတ်လုံဥပဒေပြဌာန်းချက်ပါ ပုဒ်မ ၅၊ ပုဒ်မ ၇ နဲ့ ပုဒ်မ ၈တို့ကို ရပ်ဆိုင်းထားပြီး လိုသလိုဖမ်းဆီးချုပ်နှောင်ဖို့ ပြဋ္ဌာန်းလိုက်တာဖြစ်ပါတယ်။

“အိမ်တွေကို ဝရမ်းမပါဘဲ ထင်သလိုဝင်ရောက်စီးနင်းဝင်ရှာမယ်။ လိုအပ်ရင် ၂၄ နာရီထက် ပိုချုပ်ထားမယ်။ ဖုန်းတွေကို ကြားဖြတ်နားထောင်မယ်။ ဂုဏ်သိက္ခာကျဆင်းအောင်လည်းလုပ်မယ်။ ပစ္စည်းတွေလဲ ထင်သလို သိမ်းဆည်းမယ်။ ဥပဒေအရဆိုပြီး ထင်ရာစိုင်းတော့မယ့်သဘောပဲ”လို့ စစ်ကောင်စီရဲ့ နိုင်လွတ်လုံဥပဒေအပေါ် ပြည်သူတစ်ဦးက သူ့အမြင်ကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီရပ်ဆိုင်းလိုက်တဲ့ ပုဒ်မ ၅မှာ တစ်စုံတစ်ယောက်ရဲ့ နေအိမ်၊ပရဝဏ်ထဲကို သက်ဆိုင်ရာ ရပ်ကွက်နဲ့ ကျေးရွာ အာဏာပိုင်သက်သေတွေနဲ့ ရှာဖွေရမယ်လို့ ဆိုထားပါတယ်။

တရားရုံးရဲ့ ခွင့်ပြုချက်မရှိဘဲ ဘယ်သူ့ကိုမှ ၂၄နာရီထက်ကျော်လွန်ပြီး ချုပ်နှောင်ခွင့် မရှိဘူးဆိုတဲ့ ပုဒ်မ ၇ပါ ပြဌာန်းချက်ကိုလည်း စစ်ကောင်စီက ရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။

ပုဒ်မ ၈အရ တည်ဆဲဥပဒေ ခွင့်ပြုမိန့်၊ ခွင့်ပြုချက်နဲ့ ဝရမ်းမပါဘဲ ဖမ်းဆီးတာတွေ မလုပ်ဖို့နဲ့ နောက် ယောင်ခံတာ၊ထောက်လှမ်းတာနဲ့ စုံစမ်းတာတွေ အပါအဝင် ဆက်သွယ်ရေးပစ္စည်းသုံးပြီး ကြားဖြတ်နားထောင်တာ၊ပြည်သူပိုင်ပစ္စည်းတွေကို မတရားသိမ်းယူတာပျက်စီးစေတာနဲ့ ဖျက်ဆီးတာတွေ မလုပ်ဖို့ မူလဥပဒေမှာ ဖော်ပြထားပါတယ်။

ဒီချုပ်အစိုးရလက်ထက် ၂၀၁၇ ခုနှစ်မှာ နိုင်ငံသားများရဲ့ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနဲ့ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံရေးကိုကာကွယ်ရေးဥပဒေကို ပြဌာန်းခဲ့တာ ဖြစ်ပါတယ်။

“ဒီရက်ပိုင်း စစ်ကောင်စီရဲ့ ပြဌာန်းတာ၊ပြင်ဆင်တာ တွေလုပ်ခဲ့တဲ့ ဥပဒေတိုင်းက သူတို့လုပ်မယ့်ရွေး ကောက်ပွဲ အောင် မြင်စွာကျင်းပဖို့ ပြီးမြောက်ဖို့အတွက် ဖြစ်တယ်”လို့ တရားလွှတ်တော် ရှေ့နေ့တစ်ဦးက မှတ်ချက်ပေးပါတယ်။

ရွေးကောက်ပွဲ နှောင့်ယှက်ဟန့်တားသူတွေနဲ့ စစ်ဘက်ဆိုင်ရာလျှို့ဝှက်ချက်တွေ ဖောက်ဖျက်သူမှန်သမျှကို ထောင်ဒဏ်တစ်သက်နဲ့ သေဒဏ်တွေပေးမယ့် ဥပဒေတွေကို စစ်ကောင်စီက ဇူလိုင် ၂၈ နဲ့ ၂၉ ရက်မှာ ပြဌာန်းထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook