Connect with us

Hi, what are you looking for?

သတင်း

စစ်အုပ်စုရဲ့ ရွေးကောက်ပွဲနဲ့ စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်း စစ်ကိုင်းနဲ့တနင်္သာရီတိုင်းမှာဆန္ဒပြ

စစ်ကိုင်းနဲ့တနင်္သာရီတိုင်းမှာသပိတ်အဖွဲ့တွေ၊ဒေသခံပြည်သူတွေက ဒီကနေ့ (သြဂုတ် ၂)မှာ စစ်အုပ်စုရဲ့အတုအယောင်ရွေးကောက်ပွဲကို သပိတ်မှောက်ကြောင်းနဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြပါတယ်။

သြဂုတ် ၂၊၂၀၂၅။ သုည/People’s Spring

စစ်ကိုင်းနဲ့တနင်္သာရီတိုင်းမှာသပိတ်အဖွဲ့တွေ၊ဒေသခံပြည်သူတွေက ဒီကနေ့ (သြဂုတ် ၂)မှာ စစ်အုပ်စုရဲ့အတုအယောင်ရွေးကောက်ပွဲကို သပိတ်မှောက်ကြောင်းနဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ်မှာပြည်သူ့အားမာန်သပိတ်စစ်ကြောင်း နဲ့ ရွာပေါင်းစုံသပိတ် စစ်ကြောင်း ကော်မတီဝင်တို့ ပူးပေါင်းပြီး​တော့ စစ်အာဏာရှင်ကိုဆန့်ကျင်​ကြောင်း ချီတက် ဆန္ဒပြခဲ့ပါတယ်။

ယင်းမာပင်မြောက်ခြမ်းမှာလည်းနောက်ပြန်မလှည့်ကြေးဒီတော်လှန်ရေးသပိတ်စစ်ကြောင်းမှ ဦးဆောင်ကာ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေး လူထုသပိတ်ချီတက်ခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်မှာ ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)ကနေ ဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

“အတုအယောင်ရွေးကောက်ပွဲ သပိတ်မှောက်၊ ဖက်ဒရယ်လမ်းကို ရဲရဲလျှောက်” စာတမ်းကိုကိုင်​​ဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်​ကြောင်း​ကြွေး​ကြော်သံ​တွေနဲ့ ဒေသခံပြည်သူအများအပြား ပူးပေါင်းပါဝင် လမ်း​လျှောက်ဆန္ဒထုတ်​ဖော်ခဲ့ကြပါတယ်။

ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်၊ DDMSC

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံရဲ့ မွတ်ဆလင် အများစု နေထိုင်ရာ ဒေသမှာ ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ ၃ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

Facebook