Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က မြန်မာပြည်သူများအပေါ် စစ်ရာဝတ်မှု ဆက်လက်ကျူးလွန်နေမှု သံအမတ်ကြီးဦးကျော်မိုးထွန်း ကုလခေါင်းဆောင်များထံ ထပ်မံတင်ပြ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများနှင့်ပတ်သက်၍ ကုလသမဂ္ဂ ခေါင်းဆောင်များထံသို့ အစီရင်ခံစာပေးပို့ခဲ့ရာ အာဏာသိမ်းစစ်ကောင်စီတပ်၏ ပြည်သူများအပေါ် စစ်ရာဝတ်မှု ဆက်လက်ကျူးလွန်နေသည့် လုပ်ရပ်များကို တင်ပြခဲ့သည်။

ကုလအစည်းအဝေးတွင် ပြောကြားနေသော သံအမတ်ကြီးဦးကျော်မိုးထွန်းအား တွေ့ရစဉ်။ ဓာတ်ပုံ - NUG

ဩဂုတ်-၃၊ ၂၀၂၅။ ထားမြတ်/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများနှင့်ပတ်သက်၍ ကုလသမဂ္ဂ ခေါင်းဆောင်များထံသို့ အစီရင်ခံစာပေးပို့ခဲ့ရာ အာဏာသိမ်းစစ်ကောင်စီတပ်၏ ပြည်သူများအပေါ် စစ်ရာဝတ်မှု ဆက်လက်ကျူးလွန်နေသည့် လုပ်ရပ်များကို တင်ပြခဲ့သည်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဇူလိုင် ၃၁ ရက်တွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ အန်တိုနီယို ဂူတာရက်စ်ထံသို့ စာပို့ကာ ဇွန်လ ၃၀ရက်ထိ စုစည်းထားသည့် စစ်အုပ်စု ကျူးလွန် သည့် ဖြစ်ရပ်များပါသော “မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေဆိုင်ရာ သတင်းအချက်အလက် အစီရင်ခံစာ”ကိုလည်း ပူးတွဲတင်ပြခဲ့ကြောင်း NUGက ယနေ့ (ဩဂုတ် ၃ရက်)တွင် ထုတ်ပြန်သည်။

ထို့ပြင် အဆိုပါစာများကို ကုလသမဂ္ဂအထွေထွေညီလာခံ၏ (၇၉)ကြိမ်မြောက် ဥက္ကဋ္ဌ မစ္စတာ ဖီးလမွန်ယန်းနှင့် ကုလသမဂ္ဂအဖွဲဝင်နိုင်ငံများမှ အမြဲတမ်းကိုယ်စားလှယ်များထံသိုလည်း ပေးပိုခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ကုလခေါင်းဆောင်များထံ ပေးပို့သည့်စာတွင် မြန်မာနိုင်ငံ၌ ဖြစ်ပွားနေသော “ရင်နင့်စရာအခြေအနေများ”နှင့်ပတ်သက်၍ အလေးပေးဖော်ပြခဲ့ကြေငာ်း နှင့် အစီရင်ခံစာတွင် စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များကို အသေးစိတ် ဖော်ပြထားဟု ထုတ်ပြန်သည်။

ဇွန်လအတွင်း လေကြောင်းတိုက်ခိုက်မှုများ အပါအဝင် အရပ်သားပြည်သူများအပေါ် စစ်ကောင်စီတပ်က လူ့အခွင့်အရေး ချိုးဖောက်မှုပေါင်း ၅၃၂ ခု ကျူးလွန်ခဲ့ရာ အသက်ဆုံးရှုံးခဲ့ရသည့် အရပ်သား ၉၀ဦး ထက်မနည်းရှိကြောင်း ပါရှိသည်။

ထိုအပြင် စစ်အာဏာသိမ်းပြီးချိန်မှ ၂၀၂၅ ဇွန်လအထိ စစ်ကောင်စီက အကြမ်းဖက်သတ်ဖြတ်ခဲ့၍ သေဆုံးသူ ၆,၈၀၀ဦးကျော်ရှိပြီး ၃၀,၀၀၀ နီးပါးဖမ်းဆီးခံထားရကြောင်း အစီရင်ခံစာ၌ ဖော်ပြထားသည်။

စစ်တပ်၏ လူသားချင်းဆိုင်ရာ အဆိုးရွားဆုံး ရာဇဝတ်မှုများကို ဆက်လက်ဖော်ထုတ်ပြီး နိုင်ငံတကာမှ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန် တွန်းအားပေးသွားမည်ဖြစ်ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပေးပို့သည့် စာ၌ ပါရှိသည်ဟု ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရသည် ပြည်သူလူထု၏ ဆန္ဒနှင့်အညီ ကိုယ်စားပြုသော တရားဝင်အစိုးရဖြစ်သည့်အတွက် သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ ဆောင်ရွက်ချက်များသည် မြန်မာပြည်သူများ၏ အသံကို နိုင်ငံတကာစင်မြင့်တွင် ဆက်လက်၍ ပဲ့တင်ထပ်စေရန် အဓိကရည်ရွယ်လျှက်ရှိကြောင်း အသိပေးထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် ဇူလိုင်နှင့် ယခု ဩဂုတ်တွင်လည်း အရပ်သား ပြည်သူများကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများ ဆက်လက်ကျူးလွန်နေပြီး စစ်ကောင်စီ၏ လေကြောင်း လက်နက်ကြီး တိုက်ခိုက်မှုများကြောင့် ပြည်သူ အစုလိုက် အပြုလိုက်သေဆုံးထိခိုက်မှုများ ဆက်လက်ဖြစ်ပေါ်လျက်ရှိသည်။

ဇူလိုင်လကုန်ပိုင်းတွင် စစ်ကောင်စီက တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် မြို့နယ်ပေါင်း ၆၃ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာခဲ့ရာ လေကြောင်းတိုက်ခိုက်မှုအပါအဝင် ပြည်သူကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများ စစ်ကောင်စီ က အရှိန်မြှင့်လုပ်ဆောင်လာနိုင်ကြောင်း စစ်အာဏာရှင် ဆန့်ကျင်တော်လှန် နေသူများက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

​နွေဦး​တော်လှန်​ရေးအတွက် စစ်​ရေးမှာ အ​ရေးကြီးဆုံးကာလကို​ရောက်​နေပြီဖြစ်ပြီး စစ်တပ်တိုက်​လေယာဥ်ပျက်ကျသတင်းမှာ​အောင်စိတ်အစစ်ဖြစ်ကာစစ်တပ်က လူထုအားတက်မှာကို မလိုလာ​ကြောင်း ၈၈ မျိုးဆက်​ခေါင်း​ဆောင် ဦးမင်းကိုနိုင်က​ပြောကြားပါတယ် ။

သတင်း

မှော်ဘီမြို့နယ်မှာစစ်တပ်ရဲ့ တိုက်လေယာဉ်တစ်စီး ပျက်ကျခဲ့တာဟာ ​လေ့ကျင့်​ရေးပျံသန်းစဥ် ပျက်ကျတာမဟုတ်ဘဲဗုံးကြဲဖို့ ပျံသန်းစဥ် ပျက်ကျခဲ့တာဖြစ်ပြီး​လေယာဥ်​​​ပေါ်ပါတဲ့ စစ်သား၂ ဦးထဲမှတစ်ဦး​သေဆုံးခဲ့တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်အချို့က​ပြောပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ထွန်းရေး၊တရားမျှတမှုရရှိရေးနဲ့စစ်အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေးတို့အတွက် မဟာမိတ်များနဲ့အတူဆက်လက်ကြိုးပမ်းမယ်ဟု​​ကြေညာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။