Connect with us

Hi, what are you looking for?

သတင်း

အမေရိကန်နိုင်ငံတွင် ကမ္ဘာလုံးဆိုင်ရာရှစ်လေးလုံး ထီးသပိတ် အကြိုလှုပ်ရှားမှု ပြုလုပ်

အမေရိကန်နိုင်ငံရောက် မြန်မာများက မကြာခင်ရောက်လာတော့မည့် (၃၇)နှစ်မြောက် ရှစ်လေးလုံး အထိမ်းအမှတ် အကြိုလှုပ်ရှားမှုအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ရှစ်လေးလုံး ထီးသပိတ်ကိုပြုလုပ်ခဲ့သည်။

သြဂုတ် ၅၊၂၀၂၅။ သုည/People’s Spring

အမေရိကန်နိုင်ငံရောက် မြန်မာများက မကြာခင်ရောက်လာတော့မည့် (၃၇)နှစ်မြောက် ရှစ်လေးလုံး အထိမ်းအမှတ် အကြိုလှုပ်ရှားမှုအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ရှစ်လေးလုံး ထီးသပိတ်ကိုပြုလုပ်ခဲ့သည်။

အမေရိကန်နိုင်ငံ TEXAS ပြည်နယ် DALLAS မြို့ရှိ တံတားတစ်ခုပေါ်တွင် ပြည်ပရောက်မြန်မာနိုင်ငံသားများ စုပေါင်းကာ (၈) သင်္ကေတရိုက်နှပ်ထားသည့် ထီးများ ကိုင်ဆောင်ပြီး ကမ္ဘာလုံးဆိုင်ရာ ရှစ်​​လေးလုံး ထီးသပိတ်ကို ပါဝင်ခဲ့ကြခြင်းဖြစ်​ကြောင်း ရန်ကုန်လူထုသပိတ်က သြဂုတ် ၅ ရက်တွင်​ဖော်ပြသည်။

သြဂုတ် ၃ ရက်နှင့် ၄ ရက် ယူအေအီး၊ တောင်ကိုရီးယားနှင့် သြစတြေးလျနိုင်ငံတို့​တွင်လည်း မြန်မာနိုင်ငံသားများက ကမ္ဘာလုံးဆိုင်ရာ ရှစ်လေးလုံး ထီးသပိတ်အကြို လှုပ်ရှားမှုအဖြစ် (၈) သင်္ကေတရိုက်နှပ်ထားသည့် ထီးများကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့သည်။

Public Service Announcement

Public Service Announcement

(၃၇)နှစ်မြောက် ရှစ်လေးလုံးအထိမ်းအမှတ် အဖြစ် ကမ္ဘာလုံးဆိုင်ရာ ရှစ်လေးလုံးထီးသပိတ် လှုပ်ရှားမှုပြုလုပ်ကြရန် ရန်ကုန်လူထုသပိတ်က တိုက်တွန်းထားသည်။

ရန်ကုန် လူထုသပိတ်အနေဖြင့်ရှစ်လေးလုံးအထိမ်းအမှတ် ၈သင်္ကေတရိုက်နှိပ်ထားသည့် ထီးများကို ရောင်းချထားသောကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးမှ အဆိုပါထီးများအပါအဝင် ၈ဂဏန်းနှင့် သက်ဆိုင်သည့်အရာများဖြင့် သပိတ်လှုပ်ရှားမှုပြုလုပ်ရန် ဩဂုတ် ၁ရက်တွင်နှိုးဆော်ထားသည်။

https://www.facebook.com/LuduNwayOo/videos/1946105889561458

ရုပ်သံ – ရန်ကုန်လူထုသပိတ်

ဆက်စပ်သတင်းများ

သတင်း

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ ရှစ်လေးလုံးအရေးတော်ပုံ (၃၈) နှစ်မြောက် အထိမ်းအမှတ်အဖြစ် ဒီကနေ့(သြဂုတ် ၇)မှာ တောင်ကိုရီးယား-အာဆီယံစင်တာနဲ့ အာဆီယံသံရုံးအပါအဝင် နေရာ ၁၂ ခုမှာ လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ပါတယ်။

သတင်း

မန္တလေးမြို့မှာ ရှစ်လေးလုံးသပိတ်ပြုလုပ်မှာစိုးရိမ်ပြီး စစ်တပ်က နေရာစုံစစ်ဆေးမှုတွေပြုလုပ်နေသလို PSMS နည်းပညာနဲ့ မြို့ပတ်လမ်းတွေမှာ ရှောင်တခင်စစ်ဆေးတာတွေလည်းပြုလုပ်နေတယ်လို့ မြို့ခံ တွေက ပြောပါတယ်။

သတင်း

လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့ တနေရာမှာ (၃၈)နှစ်ပြည့် ၈‌လေးလုံး အထိမ်းအမှတ် လှုပ်ရှားမှုကို ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲ့က ပြုလုပ်ခဲ့ပါတယ်

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။