Connect with us

Hi, what are you looking for?

အတွေးအမြင်

စစ်တပ်အ​တွေး​တွေ ပုံ​ဖော်​ပေး​နေတဲ့ဒါရိုက်တာ

ကြံ့ဖွံ့ပါတီ နဲ့​တွေ့ဆုံပွဲမှ ဒါရိုက်တာ​ကျော်​​​ဇောလင်း(အ​တွေးပုံရိပ်)။ဓါတ်ပုံ-USDP

ဒီပ/People’s Spring

‘မိတ်​​ဆွေများနှင့် တွေ့ဆုံပွဲ’လို့အမည်တပ်ထားတဲ့စစ်တပ်ပါတီ ကြံ့ဖွံ့ နဲ့ စစ်တပ်​ထောက်ခံတဲ့ အနုပညာရှင်​တွေ ​တွေ့ဆုံပွဲမှာ တက်​ရောက်သူ​တွေအများကြီးထဲမှာ တစ်​ယောက်ရဲ့အမည်ကို​တော့ သင့် စိတ်ထဲစွဲ​နေ​အောင်မှတ်ထားဖို့ အကြံပြုပါတယ် ။

ဒါရိုက်တာ​ကျော်​​ဇောလင်း (အ​တွေးပုံရိပ်)ပါ ။တက်​ရောက်တဲ့ စစ်တပ်​ထောက်ခံတဲ့အနုပညာရှင် အားလုံးထဲမှာ ဒါရိုက်တာ​ကျော်​ဇောလင်းက အခရာအကျဆုံးပါ ။

စစ်သား​တွေက အာဏာကိုလက်မလွှတ်ချင်လို့ စစ်ယူနီ​ဖောင်းချွတ်၊အရပ်ဝတ်​ပြောင်းဝတ်ပြီး အာဏာချုပ်ကိုင်နိုင်ဖို့ စာဖတ်သူကြီး အာဏာရှင်ဗိုလ်ချုပ်မှူးကြီးသန်း​ရွှေက၂၀၁၀ မှာ စတည်​ထောင်ခဲ့တဲ့ ပြည်​ထောင်စုကြံခိုင်​ရေးနဲ့ဖွံ့ဖြိုး​ရေးပါတီ (ပြည်သူ​တွေက​တော့ ကြံ့ဖွတ်လို့​ခေါ်ကြပါတယ်။ယခု​ဆောင်းပါးမှာ​တော့အမည်အတို​ကောက် ကြံဖွံ့ လို့​ပဲရေးပါမယ်) ဟာ အာဏာသိမ်းစစ်အုပ်စုက ကျင်းပမယ်ဆိုတဲ့​ရွေး​ကောက်ပွဲမှာ တ​ကောင်တည်း​ပြေးသလို လိုသလိုရလဒ်ယူဖို့ စစ်အုပ်စုက ကြံစည်​နေပါပြီ။

Public Service Announcement

Public Service Announcement

ငါး​ထောင်စား​တွေရဲ့​ခေါင်းကိုင် ဦးခင်ရီက စစ်တပ်​ထောက်ခံတဲ့အနုပညာရှင်​တွေ နဲ့​တွေ့ဆုံပွဲကို ‘မိတ်​ဆွေများနဲ့​တွေ့ဆုံပွဲ’လို့ ဖုံးကွယ်ထား​ပေမယ့် ဒီ​တွေ့ဆုံပွဲရဲ့အဓိကရည်ရွယ်ချက်က ​​ရွေး​ကောက်ပွဲ​အောင်မြင်ဖို့ ၊ကြံ့ဖွံ့ပါတီအတွက် အနုပညာရှင်​တွေက ကူညီမဲဆွယ်​ပေးဖို့ စစ်တပ်ကခိုင်းတဲ့ ပွဲတစ်ခုဖြစ်တယ်လို့ အနုပညာ​လောကသားအချို့က​ပြောပါတယ် ။ စစ်တပ်ရဲ့ အကြံ့အစည်ကို အဓိကအ​ကောင်အထည်​ဖော်​ပေးသူက​တော့ အထက်မှာဆိုခဲ့တဲ့ ဒါရိုက်တာ​ကျော်​ဇောလင်း (အ​တွေးပုံရိပ်)ပဲဖြစ်ပါတယ် ။ ​ရွှေဝါ​ရောင်​တော်လှန်​ရေးမှာ သံဃာ​တော်​တွေကိုပါမ​ရှောင်ရမ်းကားခဲ့တဲ့ စွမ်းအားရှင်ဆိုသူ​တွေကို သြဂုတ် ၇ ရက်မှာ​ပဲ​သေခဲ့တဲ့ ဗိုလ်ချုပ်ကြီး​ဟောင်း မြင့်​ဆွေက ​ခေါင်းကိုင်ခဲ့သလို ၊အရပ်သားအစိုးရလက်ထက် ​​ကြေးစားဆန္ဒပြသူ​တွေကို ​နောက်ကွယ်က ခင်ရီ ကြိုးကိုင်ခဲ့တာပါ။

အာဏာရှင်သန်း​ရွှေ​ရဲ့ နဝတ ၊နအဖ လက်ထက်က စစ်တပ်နဲ့ပါတ်သက်တဲ့ ဖျော်​ဖြေပွဲ​တွေ၊ဝါဒဖြန့်ချီမှု​တွေမှာ ဒါရိုက်တာ ဇင်​ယော်​မောင်​မောင် ကအ​ခရာ ကျခဲ့သလို အာဏာသိမ်းစစ်​ကောင်စီလက်ထက်မှာ​ ​ကျော်​ဇောလင်းဟာလည်းအဓိကလူဖြစ်လာတယ်လို့ အနုပညာ​လောကသားအချို့က ​ပြောပါတယ် ။

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်းသူဟာ စစ်တပ်နဲ့ ပတ်သက်တဲ့ ​ဖျော်​ဖြေ​ပွဲ​တွေ ၊ ရုပ်ရှင်ပွဲတွေ ၊ သဘင်ပွဲတွေ၊ အမျိုးသမီးရေးရာပွဲတွေ စတဲ့ဝါဒဖြန့်ပွဲ​၊​ဖျော်​ဖြေပွဲတွေကို ​နောက်ကွယ်က​နေ အဓိကစီစဥ်ပေးနေသူ ဖြစ်လာတယ်လို့ အနုပညာ ​လောကသားအချို့က​ပြောပါတယ်။ဒါ​ပေမယ့် လူထုအာရုံစိုက်မှု​တော့သိပ်မခံရပါဘူး ။ဒါ​ကြောင့် သူဟာ ​နွေဦး​တော်လှန်​ရေးကာလ တ​စ်လျှောက် ပြည်သူ​တွေက စစ်တပ်​ထောက်ခံတဲ့အနုပညာရှင်​တွေကို လုပ်ခဲ့သလိုသပိတ်​မှောက်မှု​တွေက​​နေလည်း ကင်းလွတ်ခဲ့ပါတယ် ။ ကြံ့ဖွံ့နဲ့​တွေဆုံပွဲမှာ​တော့ မိုက်ကြီးကိုင်ပွဲထွက်လာခဲ့တာဖြစ်ပါတယ် ။

အာဏာသိမ်း​ခေါင်း​ဆောင် လင်မယားတက်​ရောက်ခဲ့တဲ့ နေပြည်တော်မှာကျင်းပခဲ့တဲ့ နှစ် ၈၀ ပြည့် တပ်မတော်နေ့ အထိမ်းအမှတ် အကြိုဂုဏ်ပြုညစာ စားပွဲ မှာ “ပန်းသုံးပွင့်၏ အဘိဓမ္မာ” ပြဇာတ်ကို သူက ဦးဆောင် တင်ဆက် ဖျော်ဖြေခဲ့တာပါ ။

ဒါအပြင် ပြီးခဲ့တဲ့ ဇူလိုင် ၃ ရက်​နေ့ အာဏာသိမ်း​​ခေါင်း​ဆောင်လင်မယားတက်​ရောက်ခဲ့ပြန်တဲ့ ​​နေပြည်​တော်ဒက္ခိဏသီရိမြို့နယ်၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ရုံးမှာလုပ်ခဲ့တဲ့မြန်မာအမျိုးသမီးများနေ့အခမ်းအနားမှာလည်း စစ်တပ်ဝါဒဖြန့် ပြဇာတ် ရဲ့ ဒါရိုက်တာကလည်း သူပါပဲ။ အဲဒီအခမ်းအနားမှာတုန်းကလည်း အခုကြံ့ဖွံ့ပါတီ​တွေဆုံပွဲမှာတက်ခဲ့တဲ့ ​နေ​အောင် ၊ရန်​အောင် ၊စိုးမြတ်သူဇာ စတဲ့ စစ်တပ်​​ထောက်ခံ​တဲ့ အနုပညာရှင်​တွေတက်​ရောက်ခဲ့ကြပါတယ်။

​ကျော်​ဇောလင်းရဲ့ စစ်တပ်အ​ပေါ် တိမ်းညွတ်မှုကို သိသာ​စေတဲ့ ​နောက်ထပ် ဖြစ်ရပ်တစ်ခုလည်းရှိပါ​သေးတယ် ။အဲဒါက​တော့ ​ရွေး​ကောက်ခံအရပ်သားအစိုးရလက်ထက်မှာကျင်းပတဲ့ အကယ်ဒမီ​ဆုပေးပွဲကို သူ အကယ်ဒမီရမှတက်မယ်လို့အ​ကြောင်းပြငြင်းပယ်ခဲ့​ပေမယ့်စစ်တပ်နဲ့အလွန် နီးစပ်တဲ့ လူရွှင်တော် ဒိန်းဒေါင် ဥက္ကဋ္ဌလုပ်​နေတဲ့မြန်မာနိုင်ငံ ဟာသပညာရှင်များ အစည်းအရုံး (ဗဟို) ကလုပ်တဲ့ သက်ကြီးဟာသပညာရှင်များ ကန်တော့ပွဲနဲ့ ဟာသပညာထူးချွန်ဆုပေးပွဲအခမ်းအနားကို​တော့တက်​ရောက်ခဲ့ပါတယ် ။ဒိန်း​ဒေါင်စီစဥ်တဲ့ စစ်တပ်နဲ့ပါတ်သက်တဲ့အခမ်းအနားအားလုံးနီးပါးမှာ သူတက်​လေ့ရှိပါတယ် ။

တက်​ရောက်တဲ့အပြင် ဇူလိုင် ၉ ရက်​နေ့က လုပ်တဲ့အဲဒီပွဲမှာ ဟာသဖန်တီးမှု ထူးချွန်ဆုကိုပါ ​ကျော်​ဇောလင်းက စစ်​ကောင်စီရဲ့ ပြန်ကြားရေးဒုတိယဝန်ကြီး ဦးရဲတင့်ဆီက လက်ခံရယူခဲ့ပါ​သေးတယ်။

အဲဒီပွဲက ဟာသသရုပ်ဆောင်မိုးဒီ နဲ့ တိမ်ညွှန့် တို့ကိုလည်း ဟာသတစ်သက်တာဆု တွေချီးမြှင့်ခဲ့ပါတယ် ။ဟာသ သရုပ်​ဆောင်​တွေဖြစ်တဲ့ မိုးဒီ ၊တိမ်ညွှန်တို့က ဇူလိုင် ၃၁ ရက်​နေ့မှာ ကြံ့ဖွံ့ပါတီရုံးမှာ ဦးခင်ရီ နဲ့လက်ဆွဲနှုတ်ဆက် စကား​ဖောင်ဖွဲ့ခဲ့တဲ့ပုဂ္ဂိုလ်​တွေထဲ သူတို့လည်းပါဝင်ပါတယ် ။

ဒါအပြင် ထူးခြားချက်​နောက်တစ်ခုက​တော့ မတရားဖမ်းဆီး​ထောင်ချခံနရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လို ဝတ်စားဆင်ယင်ပြီး လူထု​ခေါင်း​ဆောင်ကိုသွယ်ဝိုက် ဝေဖန်ပုတ်ခတ်ခဲ့တဲ့ “ခြံစည်းရိုးကြီး မယ်တော် ဟောင်စုဘ၀”ဆိုတဲ့ ကြော်ငြာရိုက်ကူးခဲ့တဲ့ ဖြူဖြူထွေးကိုပါ ဟာသပညာထူးချွန်ဆုပေးပွဲအခမ်းအနားမှာပရဟိတ ထူးချွန်ဆု​ခေါင်းစဥ်နဲ့ ဆုချီးမြင့်ခဲ့တာဖြစ်ပါတယ်။

ဒါ​ကြောင့် ဒါရိုက်တာ​ကျော်​ဇော်လင်းဟာ စစ်တပ်က အနုပညာရှင်​တွေကို အသုံးချတဲ့ ဝါဒဖြန့်ချီမှု ၊စစ်တပ်အတွက်​ဖျော်​ဖြေမှု စတာ​တွေရဲ့​နောက်ကွယ်မှာ အကြီးအကျယ်ပါဝင်ပတ်သက်​နေပါတယ် ။ ဒိန်း​ဒေါင်အပါအဝင် လူရွှင်​တော်​တွေကိုယ်​တောင် စစ်တပ်က ​မြေကွက်​တွေနဲ့ အခြားခံစားခွင့်​တွေ​ပေးပြီး လက်သက်ဝယ်ထားချိန်မှာ ​ကျော်​ဇောလင်းက စစ်တပ်အကျိုး​ဆောင်​နေတာ​ကြောင့် ရရှိ​နေတဲ့ အကျိုးစီးပွား​တွေက မနည်းမ​နောရှိနိုင်ပါတယ် ။

ဆယ်စုနှစ်​ပေါင်းများစွာ ဝါဒဖြန့်ချီမှု​အ​တွေ့အကြုံရှိသလို ၊ ပြည်သူ​တွေကို လွှမ်းမိုးနိုင်တဲ့ အနုပညာရှင်​တွေကို ဘယ်လိုချဥ်းကပ်ရမယ့် ၊ဘယ်လိုအသုံးချရမယ့် ဆိုတာအာဏာသိမ်းစစ်အုပ်စုက ​ကောင်း​ကောင်း သိပါတယ် ။ဒါ​ကြောင့် အာဏာသိမ်း​ခေါင်း​ဆောင်ရဲ့ သမီး ခင်သီရိသက်မွန်ကိုယ်တိုင် 7 Sence ရုပ်ရှင်ထုတ်လုပ်​ရေးအပါအဝင် အမည်များစွာနဲ့ ရုပ်ရှင်​လောက နဲ့ ​ဖျော်​ဖြေ​​ရေး​လောကကိုလက်ဝါးကြီးအုပ်ထားရုံတင်မကပဲ စစ်တပ်​ထောက်ခံတဲ့ အနုပညာရှင်​တွေကိုပါရသ​လောက် ထပ်မံလက်သတ်​မွေးထားတာပဲဖြစ်ပါတယ်။

ဒီအ​ခြေအ​နေမှာဒါရိုက်တာ​ကျော်​ဇောလင်းကလည်း စစ်တပ်ရဲ့ လိုဘ​တွေကိုဖြည့်ဆည်းရင်းနဲ့ ကိုယ်ကျိုးစီးပွားဘယ်လိုရှာရမယ်ဆိုတာ ​ကောင်း​ကောင်းသိသူဖြစ်ပါတယ် ။

အာဏာသိမ်းစစ်အုပ်စု​ကြောင့် အခုချိန်ထိနိုင်ငံတစ်ဝန်း ပြည်သူ ၇၀၀၀ ​ကျော်​သေဆုံး နှစ်​သောင်း​ကျော်ဖမ်းဆီးခံထားရသလို က​လေးငယ် ၉၀၀ ခန့် စစ်အုပ်စု​ကြောင့်​သေဆုံးထားပါတယ်။စာသင်ကြား​​နေရင်း ဗုံးကြဲခံရလို့​​ကျောင်းသားငယ်​တွေ​သေတာ ၊ အဓမ္မစစ်မှုထမ်း​ရကြောက်လို့ ပြည်ပကိုထွက်​ပြေးရင်းရုန်းကန်​နေရတဲ့လူငယ်​တွေ ၊ စစ်​ဘေး​ရှောင်ရင်း ​ငလျင်​ဘေး ​ရေ​​ဘေးထပ်သင့်​နေတဲ့ပြည်သူသန်း​ပေါင်းများစွာရဲ့ နာကျင်စရာဖြစ်ရပ်​တွေကို သူလို ဒါရိုက်တာနဲ့ အနုပညာရှင်​တွေက မခံစားတက်ပါဘူး ။ လက်နက်အားကိုးနဲ့ပြည်သူအ​ပေါ် နှစ် ​ပေါင်း ၇၀ နီးပါးအနိုင်ကျင့်ခဲ့တဲ့ စစ်တပ်ဘက်က ခံစားချက်​တွေ ၊အ​တွေး​တွေကိုပဲ ခံစားပုံ​ဖော်တက်ကြတာဖြစ်ပါတယ် ။

ဒါ​ကြောင့်​ရှေ့မှာ အာဏာလုစစ်တပ်ကစိတ်တိုင်းကျ စီစဥ်​နေတဲ့ ရွေး​ကောက်ပွဲ​​အောင်မြင်​ရေး နဲ့ ကြံ့ဖွတ်​အောင်နိုင်​ရေး ​ခေါင်းစဥ်​တွေနဲ့ စစ်တပ်​ထောက်ခံတဲ့ အနုပညာရှင်​တွေက မဲဆွယ်​ပေးတာ ၊ကန်ပိန်းလုပ်​ပေးတာ​ စတဲ့လှုပ်ရှားမှုတွေ ဆက်တိုက်လာ​​တော့မှာဖြစမပါတယ် ။အဲဒါ​တွေအားလုံးရဲ့​နောက်ကွယ်​မှာ ​ကျော်​ဇောလင်း(အ​တွေးပုံရိပ်)ကရှိ​နေပါလိမ့်မယ် ။

“လူ​တွေက မင်းသား၊မင်းသမီး​တွေကို ပိုသတိထားမိကြတယ် ။တကယ်ကဒါရိုက်တာ​တွေက အဓိက။

ဒါ​ကြောင့် ​လူ​တွေသိပ်မသိလို့ ကျော်​ဇောလင်းကိုပြည်သူ​တွေရဲ့ Social Punishment (လူမှု​ရေးပြစ်ဒဏ်ခတ်မှု) က​နေကင်းလွတ်ခွင့်ရ​နေတဲ့ အ​နေအထားမျိုးကိုမဖြစ်​စေချင်​တော့ဘူး”လို့အနုပညာ​လောကသားတစ်ဦးက​ပြောလိုက်ပါတယ်။ ။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့မှာ ကင်းပတ်ထွက်လာတဲ့ စစ်တပ် တိုက်ခံရပြီး သေဆုံးထိခိုက်မှုတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြို(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး သေဆုံးပြီးသူ့ရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ် ရေးချောင်းဖျားဒေသမှာ ဂျန်ပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း အကူအညီနဲ့ ဆောက်လုပ်ထားတဲ့ ဒုက္ခသည်စခန်းနေရာကို စစ်တပ်က ဒီကနေ့ ဇွန်လ ၁၈ရက်မနက်အစောမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ မွန် သတင်းရင်းမြစ်က ပြောပါတယ်။