Connect with us

Hi, what are you looking for?

သတင်း

PDFတွေမှန်းမသိဘဲ စစ်တပ်ထဲဝင်ဖို့စည်းရုံးတဲ့ အရာခံဗိုလ်နဲ့ တပ်ကြပ်ကြီးတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ရဲဘော်တွေ မှန်းမသိဘဲ ခရီးသွားရင်း စစ်တပ်ထဲဝင်ဖို့ စည်းရုံးမိတဲ့ စစ်ကောင်စီတပ်မှ အရာခံဗိုလ်တစ်ဦးနဲ့ တပ်ကြပ်ကြီးတစ်ဦးကို ပစ်ခတ်ခံရပြီး နှစ်ဦးလုံးသေဆုံးသွားတယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့အုတ်ဖိုမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သေဆုံးသွားတဲ့ စစ်တပ်အရာခံဗိုလ်နဲ့ တပ်ကြပ်ကြီးထံမှ သိမ်းဆည်းရရှိပစ္စည်းများ။ ဓာတ်ပုံ - UGF-OKPO

သြဂုတ်-၈၊ ၂၀၂၅။ ကျော်ဇော/People’s Spring

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ရဲဘော်တွေ မှန်းမသိဘဲ ခရီးသွားရင်း စစ်တပ်ထဲဝင်ဖို့ စည်းရုံးမိတဲ့ စစ်ကောင်စီတပ်မှ အရာခံဗိုလ်တစ်ဦးနဲ့ တပ်ကြပ်ကြီးတစ်ဦးကို ပစ်ခတ်ခံရပြီး နှစ်ဦးလုံးသေဆုံးသွားတယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့အုတ်ဖိုမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မနေ့ သြဂုတ် ၇ ရက်မနက် ၉ နာရီကျော်လောက်က အုတ်ဖိုမြို့နယ်၊ တိမ်မြှပ်ကျေးရွာအခြေစိုက် ခမရ (၆)တပ်ရင်းမှ အရာခံဗိုလ်လှကျော်နဲ့ တပ်ကြပ်ကြီးညီညီမိုးတို့နှစ်ဦးဟာ အရပ်ဝတ်နဲ့ အုတ်ဖိုတာဆုံဘက် ဆိုင်ကယ်နဲ့ထွက်လာစဥ် သဖန်းပင်ဆိပ်ရွာအနီး မြေအောက်ပြောက်ကျားတပ်ဖွဲ့မှ ရဲ ဘော်တွေနဲ့ အမှတ်မထင်ဆုံတွေ့ခဲ့တာလို့ သိရပါတယ်။

“မနေ့က ကျွန်တော်တို့ရဲဘော်တွေ ကိစ္စတစ်ခုနဲ့အဲ့ဘက်ကို သွားတာဗျ။ အဲ့မှာ တိမ်မြုတ်က စကစနှစ်ကောင်က ဆိုင်ကယ်တားပြီး စစ်မှုထမ်းဖို့ စည်းရုံးတာပေါ့ဗျာ။ အဲမှာ ပစ်ခဲ့တာ”လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့အုတ်ဖိုမှ တာဝန် ရှိသူတစ်ဦးက ဖြစ်စဥ်အား People’s Spring ကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်မှုထမ်းဖို့စည်းရုံးတဲ့ အရာခံဗိုလ်လှကျော်နဲ့ တပ်ကြပ်ကြီးညီညီမိုးတို့ကို တော်လှန်ရေးရဲဘော်တွေက အနီးကပ် ဦးခေါင်းကို သေနတ်နဲ့တစ်ချက်စီပစ်ခတ်ခဲ့ရာ နေရာမှာတင် သေဆုံးသွားကြတယ်လို့ အဲဒီတာဝန်ရှိသူက ဆက်ပြောပါတယ်။

ပစ်ခတ်ခံရပြီး သေဆုံးသွားတဲ့ အရာခံဗိုလ် လှကျော်နဲ့ တပ်ကြပ်ကြီးညီညီမိုးတို့ထံကနေ လက်ပစ်ဗုံးတစ်လုံး၊ ငွေကျပ်နှစ်သိန်း၊ စစ်မှုထမ်းစိစစ်ရေးစာအုပ်တစ်အုပ်၊ ဖုန်းနှစ်လုံးအပါအဝင် ပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့ကာ ၎င်းတို့စီးလာတဲ့ဆိုင်ကယ်ကို အခင်းနေရာမှာဘဲ ပစ်ထားခဲ့တယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့အုတ်ဖိုက အသိပေးပါတယ်။

မြေအောက်ပြောက်ကျားတပ်ဖွဲ့အုတ်ဖိုအနေနဲ့ စစ်ကောင်စီတက်အပါအဝင် ပြည်သူကိုဒုက္ခပေးနေတဲ့ ၎င်းရဲ့ထောက်တိုင်အားလုံးကို ပြင်းပြင်း ထန်ထန် တိုက်ခိုက်သွားမှာဖြစ်လို့ ပြည်သူတွေအနေနဲ့ ၎င်းတို့အနီး သွားလာနေထိုင်ခြင်းမပြုကြဖို့ သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊နတ်မောက်နဲ့ မြို့သစ်လမ်းပိုင်းမှာ နတ်မောက်မြို့ရဲစခန်းမှူးလိုက်ပါလာတဲ့ ကား ပစ်ခတ်ခံရပြီး စခန်းမှူး သေဆုံးသွားတယ်လို့ နေပြည်တော်တိုင်းစစ်ဌာန အမှတ်(၉၀၂)တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။