Connect with us

Hi, what are you looking for?

သတင်း

အခုနှစ်အတွင်း KNU ဌာနချုပ်ကို စစ်ကောင်စီ သုံးကြိမ် တိုက်ခိုက်ခဲ့

ကရင်အမျိုးသားအစည်းအရုံး(KNU)ဗဟိုဌာနချုပ်ကို စစ်ကောင်စီတပ်က ဩဂုတ် ၁၁ ရက်ညပိုင်းမှာ လေကြောင်းတိုက်ခိုက်မှုတစ်ရပ်ပြုလုပ်ခဲ့ပြီး အခုနှစ်အတွင်းမှာ KNU ဌာနချုပ်ကို လေကြောင်းနဲ့ ဒရုန်းတိုက်ခိုက်မှု စုစုပေါင်း သုံးကြိမ် ရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။

သြဂုတ် – ၁၂ ၊၂၀၂၅ ၊ နိုင်ပကောင်း/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU)ဗဟိုဌာနချုပ်ကို စစ်ကောင်စီတပ်က ဩဂုတ် ၁၁ ရက်ညပိုင်းမှာ လေကြောင်းတိုက်ခိုက်မှုတစ်ရပ်ပြုလုပ်ခဲ့ပြီး အခုနှစ်အတွင်းမှာ KNU ဌာနချုပ်ကို လေကြောင်းနဲ့ ဒရုန်းတိုက်ခိုက်မှု စုစုပေါင်း သုံးကြိမ် ရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။

ကရင်ပြည်နယ်၊လှိုင်းဘွဲမြို့နယ်၊ထိုင်းနယ်စပ်နားမှာရှိတဲ့ KNU ဗဟိုဌာန ချုပ် တပ်မဟာ ၇ နယ်မြေကို ဩဂုတ်လ ၁၀ ရက်နေ့ ည ၈ နာရီအချိန်ခန့်မှာ လေကြောင်းကနေတဆင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ လူတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး အဆောက်အဦးနဲ့ ဈေးဆိုင်တချို့ ထိခိုက်ပျက်စီးခဲ့ရပါတယ်။

စစ်ကောင်စီက KNU ဗဟိုဌာနချုပ်ကို လေယာဉ်သုံးပြီး ဗုံးကြဲတိုက်ခိုက်တာဟာ ပထမဦးဆုံးအကြိမ်ဖြစ်ပါတယ်။ဒါပေမယ့်အခုတိုက်ခိုက်မှုမတိုင်ခင်ကတော့ ဒရုန်းနဲ့တိုက်ခိုက်ခဲ့တာမျိုးရှိထားပါတယ်။

Public Service Announcement

Public Service Announcement

အခုနှစ် ဇန်နဝါရီလ ကရင့်တော်လှန်ရေးနေ့က တစ်ကြိမ်၊ မတ်လပိုင်းက တစ်ကြိမ် စုစုပေါင်းနှစ်ကြိမ် စစ်ကောင်စီက ဒရုန်းကိုအသုံးပြုပြီး တိုက်ခိုက်မှု ပြုလုပ်ခဲ့ပေမယ့် ထိခိုက်မှုတော့မရှိပါဘူး။

ဌာနချုပ်လေကြောင်းတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)ဘက်ကတော့ ဩဂုတ်လ ၁၂ ရက် မွန်းလွဲပိုင်း ၂ နာရီအထိ တစုံတရာသတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

ကရင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက KNU ဗဟိုဌာနချုပ်ကို ဗုံးကြဲတိုက်ခိုက်တဲ့လုပ်ရပ်ဟာ အာရှလမ်းမကြီး ပြန်လည်ဖွင့်လှစ်ဖို့အတွက် စစ်ကောင်စီက ဖိအားပေးလုပ်ဆောင်တာဖြစ်တယ်လို့ ယူဆရကြောင်း ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ ထိုင်း -မြန်မာ နယ်စပ်ကုန်သွယ်ရေး ပင်မလမ်းကြောင်းဖြစ်တဲ့ ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးကို ပြန်လည်စိုးမိုးထိန်းချုပ်နိုင်ဖို့အတွက် စစ်ရေးပြင်ဆင်မှုတွေ လုပ်ဆောင်လာနေတာပါ။

ဒီရက်ပိုင်းထဲမှာ ကော့ကရိတ်မြို့ကနေ တော်လှန်ရေးတပ်တွေရှိနိုင်မယ့် နေရာတွေဆီ လက်နက်ကြီးတွေနဲ့ လှမ်းပစ်တာ၊ လေယာဉ်ကင်းထောက်ပျံဝဲတာတွေ လုပ်ဆောင်နေတယ်လို့ ကရင်စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။

ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်းကို ပြန်လည်သိမ်းယူနိုင်ခဲ့ပြီးတဲ့နောက် အာရှလမ်းမကြီးကိုပါ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းက စစ်ကောင်စီက ပြောဆိုထားပါတယ်။

ဒါ့အပြင် တိုက်ပွဲပြင်းထန်နေတဲ့ နယ်စပ်က ဝေါ်လေဗျူဟာမှာလည်း ဩဂုတ်လ ၁၀ ရက်နေ့က စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်တွေကလည်း ဗျူဟာကုန်းကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ကရင်သတင်းရင်းမြစ်ရဲ့ ပြောပြချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ညအချိန်လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က စက်တင်ဘာ ၁၉ရက်မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက သတင်းထုတ်ပြန်ပါတယ်။