Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထရမ့်နဲ့ မိုဒီ အမေရိကန်မှာ တွေ့ဆုံဖို့ ဆွေးနွေးနေတယ်လို့ဆို

အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီဟာ စက်တင်ဘာလထဲမှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ တွေ့ဆုံ ဆွေးနွေးဖို့ ညှိနှိုင်းနေကြောင်း သိရပါတယ်။

Reuters

အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီဟာ စက်တင်ဘာလထဲမှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ တွေ့ဆုံ ဆွေးနွေးဖို့ ညှိနှိုင်းနေကြောင်း သိရပါတယ်။

သူဟာ ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ရောက်ဖို့ နယူးယောက်ကို သွားရောက်မှာဖြစ်ပြီး အဲဒီ ခရီးစဉ် အတောအတွင်း ထရမ့်နဲ့ လူချင်းတွေ့ဖို့ ဖြစ်နိုင်ခြေတွေ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ နှစ်ဖက် အစိုးရတွေကြားမှာ အဲဒီ ဆွေးနွေးပွဲ ဖြစ်မြောက်ဖို့အတွက် နောက်ကွယ်မှာ ညှိနေကြတယ်လို့လည်း ဆိုပါတယ်။

ထရမ့်ရဲ့ အခွန်စည်းကြပ်မှု မူဝါဒတွေကြောင့် အိန္ဒိယနဲ့ အမေရိကန် ဆက်ဆံရေးဟာ ဆယ်စုနှစ်တွေအတွင်း အနိမ့်ကျဆုံး အခြေအနေမျိုးကို ရောက်နေပါတယ်။ ထရမ့်ဟာ အမေရိကန်ဆီ တင်သွင်းတဲ့ အိန္ဒိယ ကုန်စည်တွေအပေါ် အခွန် ၂၅ ရာခိုင်နှုန်း စည်းကြပ်ထားတဲ့အပြင် ရုရှားဆီက ရေနံကို အိန္ဒိယက ဆက်လက် ဝယ်ယူနေတာကြောင့်ဆိုတဲ့ အကြောင်းပြချက်နဲ့ အပိုဆောင်း အခွန် ၂၅ ရာခိုင်နှုန်း တိုးမြှင့် သတ်မှတ်ခဲ့ပါတယ်။

ဒါကြောင့် အမေရိကန်ဟာ အိန္ဒိယအပေါ် အခွန် စုစုပေါင်း ၅၀ ရာခိုင်နှုန်း စည်းကြပ်တဲ့သဘော ဖြစ်လာပြီး အမေရိကန်ရဲ့ ကုန်သွယ်ဖက်တွေထဲမှာ အခွန်နှုန်း အမြင့်ဆုံး ပေးဆောင်ရမယ့် နိုင်ငံတစ်ခုအဖြစ် အိန္ဒိယကို စာရင်းဝင်သွားစေပါတယ်။

Public Service Announcement

Public Service Announcement

မိုဒီဟာ ဩဂုတ် လကုန်ပိုင်းမှာလည်း တရုတ်နိုင်ငံကို သွားရောက်ပြီး ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ညီလာခံကို တက်ရောက်မှာပါ။ ဒါဟာ သူ့ရဲ့ ၇ နှစ်တာအတွင်း ပထမဆုံး တရုတ်နိုင်ငံ ခရီးစဉ်လည်း ဖြစ်လာမယ်လို့ သိရပါတယ်။

တရုတ်နဲ့ အိန္ဒိယတို့ဟာ နယ်စပ်အငြင်းအခုံ ကိစ္စတွေ အပါအဝင် ဆက်ဆံရေး တင်းမာမှုတွေ ရှိနေခဲ့ပေမယ့် ထရမ့်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ဖိအားပေးမှုတွေကို နှစ်နိုင်ငံလုံး ကြုံတွေ့လာတဲ့နောက် သဘောထား ကွဲလွဲမှုတွေကို ပြင်ဆင်ဖို့ နှစ်ဖက်စလုံးက လိုလိုလားလား အားထုတ်လာနေကြောင်းလည်း လေ့လာသူတွေက သုံးသပ်ထားပါတယ်။

မိုဒီရဲ့ အမေရိကန် ခရီးစဉ် အတောအတွင်း ထရမ့်နဲ့ တွေ့ဆုံဖြစ်ခဲ့ရင်တော့ ကုန်သွယ်ရေး ကိစ္စတွေနဲ့ အခွန်စည်းကြပ်မှု အခြေအနေတွေ အကြောင်းကို ဦးစားပေး ဆွေးနွေးနိုင်ဖို့ ရည်ရွယ်ထားကြောင်း အိန္ဒိယ အစိုးရ သတင်းရင်းမြစ် တချို့က ပြောကြားထားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်နဲ့ စစ်ပြေငြိမ်းရေး နားလည်မှု စာချွန်လွှာ (MoU)ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ညစာစားရင်း လက်မှတ် ရေးထိုးခဲ့ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ပြေငြိမ်းရေး သဘောတူညီမှုရဖို့ အမေရိကန်က အီရန်မှာ ဒေါ်လာ ၃၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံပေးရမယ်ဆိုတာ မဟုတ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို သောကြာနေ့၊ ဇွန်လ ၁၉ ရက်မှာ အလုံးစုံ ပြန်ဖွင့်နိုင်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။