Connect with us

Hi, what are you looking for?

သတင်း

Sky Villa ကွန်ဒိုကနေ နှစ်ရက်အတွင်းရုပ်အလောင်း ၅ လောင်းထပ်တွေ့

စစ်ကိုင်းငလျင်ကြီးဒဏ်ကြောင့်လူရာဂဏန်းသေဆုံးခဲ့ရတဲ့ မန္တလေးမြို့ Sky Villa ကွန်ဒိုပြိုကျမှု ဖြစ်စဉ်မှာ ငလျင်အပြီးလေးလခွဲကျော်လာတဲ့တိုင်ရုပ်အလောင်းအချို့ကို ရှာတွေ့နေဆဲပါ။

ပြိုကျ Sky villa အဆောက်အအုံမှ ထပ်မံတွေ့ရှိသည့်ရုပ်အလောင်းအား သယ်ဆောင်လာစဥ်။ ဓာတ်ပုံ-MFSD

သြဂုတ်-၁၄ ၊၂၀၂၅။ဆိုင်းမင်း၊​မေရီ/People’s Spring

စစ်ကိုင်းငလျင်ကြီးဒဏ်ကြောင့်လူရာဂဏန်းသေဆုံးခဲ့ရတဲ့ မန္တလေးမြို့ Sky Villa ကွန်ဒိုပြိုကျမှု ဖြစ်စဉ်မှာ ငလျင်အပြီးလေးလခွဲကျော်လာတဲ့တိုင်ရုပ်အလောင်းအချို့ကို ရှာတွေ့နေဆဲပါ။

မနေ့ သြဂုတ် ၁၃ ရက်နဲ့ ဒီနေ့ ၁၄ ရက်တို့မှာ ဆိုရင်နှစ်ရက်အတွင်း ရုပ်အလောင်း ငါးလောင်းကို ရှာတွေ့ခဲ့တယ်လို့ မီးသတ်ထံကသိရပါတယ်။

မနေ့က မနက်ပိုင်း ၁၀ နာရီခွဲခန့်ကကွန်ဒို A အဆောင်ကိုရှင်းလင်းရာမှာအမျိုးသားရုပ်အလောင်းတစ်လောင်းတွေ့ခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

ဒီနေ့မှာညနေပိုင်းမှာလည်းAအဆောင်ကနေအမျိုးသားတစ်လောင်းနဲ့အမျိုးသမီးသုံးလောင်း ရုပ်အလောင်း လေးလောင်း ထပ်မံတွေ့ရှိရတာလို့ မီးသတ်က ထုတ်ပြန်ပါတယ်။

“တခုလုံးအပိခံရတာဆိုတော့ အောက်ထိဖော်လေတွေ့လေပဲ။မိသားစုလိုက်ပိတဲ့သူတွေ၊သီးသန့်နေတဲ့သူတွေဆို ဘယ်သူမှသိကြမှာမဟုတ်ဘူး”လို့ ဒေသခံတဦးက မှတ်ချက်ပြုပါတယ်။

ငလျင်ကြီးလှုပ်ခတ်ပြီးတာ လေးလခွဲကျော် ကြာမြင့်ခဲ့ပြီဖြစ်ပေမယ့် Sky Villa မှာ ရုပ်အလောင်းထုတ်ယူမှုမပြီးပြတ်သေးတာကိုမြို့ခံတွေကဝေဖန်နေကြပါတယ်။

မှတ်တမ်းတွေအရတော့ ငလျင်အပြီး လေးလကျော် ဒီနေ့ အထိ Sky Villa ကွန်ဒိုကနေ ရုပ်အလောင်း ၂၀၁ လောင်းထိ တွေ့ရှိထားပြီး ဖြစ်တယ်လို့သိရပါတယ်။

အဲဒီရုပ်အလောင်းတွေမှာ အမျိုးသား ၆၉ လောင်း ၊ အမျိုးသမီးရုပ်အလောင်း ၁၁၀ ၊ ကလေး ၁၃ လောင်း နဲ့ ကျား၊ မ မခွဲခြားနိုင်တော့တဲ့ ရုပ်အလောင်း၉ လောင်းတို့ ဖြစ်ပါတယ်။

ငလျင်မလှုပ်ခတ်ခင် မတ်လ ၂၇ ရက်အထိ Sky Villa ကွန်ဒိုမှာနေထိုင်သူဦးရေ ၃၄၈ ဦးရှိတယ်ဆိုတာကို မန္တလေးတိုင်းထွေအုပ်ရဲ့ စာရင်းတွေအရ သိရတယ်လို့ ကယ်ဆယ်ရေးအဖွဲ့ဝင်အချို့ ထံက တဆင့် သိရပါတယ်။

ငလျင်အပြီး ပြိုကျသွားတဲ့ကွန်ဒိုအပျက်အစီးတွေထဲမှာပိတ်မိနေသူတွေကို ​ရှာဖွေကယ်ဆယ်ရေးလုပ်ခဲ့ရာမှာတော့ အသက်ရှင်လျက် ၅၂ ဦးကယ်ဆယ်နိုင်ခဲ့တယ်လို့ မီးသတ်က ဆိုထားပါတယ်။

မန္တလေးမြို့ လမ်း ၆၀ ၊၂၃ လမ်း နဲ့ ၂၄ လမ်းကြားမှာရှိတဲ့ Sky Villa ကွန်ဒိုကို ၁၁ ထပ်စီ ရှိတဲ့ အဆောက်အဦး လေးလုံး နဲ့ဖွဲ့စည်းထားပြီး ငလျင်လှုပ်ခတ်ချိန် အဆောက်အဦး သုံးလုံးပြိုကျ သွားခဲ့တာပါ။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်က ငလျင်ကြောင့်ပြိုကျသွားတဲ့ SKY Villa ကွန်ဒိုက ကားအဟောင်းတွေ စုပြုံထားတဲ့နေရာ ဒီနေ့ နေ့လယ်ပိုင်းမှာ မီးလောင်မှု ဖြစ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း၊ရေတာရှည်မြို့နယ်တိုက်ပွဲမှာ သေဆုံးခဲ့တဲ့ စစ်ကောင်စီတပ်သား ရုပ်အလောင်းတချို့ စစ်တောင်းမြစ်အတွင်း မျောနေတယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်ထဲက ၈ ထပ်ရေတံခွန်မှာ ပြုတ်ကျပြီးပျောက်ဆုံးနေတဲ့ အမျိုးသမီးနှစ်ဦးအနက် အမေရိကန်နိုင်ငံသူရဲ့ ရုပ်အလောင်းကိုဒီနေ့ (စက်တင်ဘာလ ၃၀ ရက် )မှာပြန်တွေ့ပြီလို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေး) တိုင်းက ထုတ်ပြန်လာပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ လှည့်ပတ်စစ်ကြောင်းထိုးနေတဲ့စစ်တပ် မိုင်းမိပြီး သေဆုံးနေတဲ့ ရုပ်အလောင်း ၅လောင်းတွေ့ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။