Connect with us

Hi, what are you looking for?

သတင်း

လားရှိုးဆွေး‌နွေးပွဲအဆင်မပြေဖြစ်ပြီးနောက် လေကြောင်းအန္တရာယ်စိုးရိမ်မှုမြင့်တက်၊ ကွတ်ခိုင်နှင့် နမ့်ဖက်ကာတွင်စာသင်ကျောင်းများပိတ်

MNDAA နှင့် စစ်ကောင်စီ လားရှိုးမြို့၌ သြဂုတ် ၁၄ ရက်​နေ့တွေ့ဆုံဆွေးနွေးမှု အဆင်မပြေဖြစ်ပြီးနောက်ရှမ်းပြည်နယ်မြောက်ပိုင်းအား လေကြောင်းတိုက်ခိုက်နိုင်သည့်သတင်းများ ထွက်ပေါ်နေပြီး ကွတ်ခိုင်၊ နမ့်ဖက်ကာမြို့တို့တွင် စာသင်ကျောင်းများ ပိတ်လိုက်ပြီး ကျောင်းသားများကို ပြန်လွှတ်နေကြောင်း​ဒေသခံအချို့က​ပြောသည်။

သြဂုတ်-၁၅၊၂၀၂၅။လူအေး/People’s Spring

MNDAA နှင့် စစ်ကောင်စီ လားရှိုးမြို့၌ သြဂုတ် ၁၄ ရက်​နေ့တွေ့ဆုံဆွေးနွေးမှု အဆင်မပြေဖြစ်ပြီးနောက်ရှမ်းပြည်နယ်မြောက်ပိုင်းအား လေကြောင်းတိုက်ခိုက်နိုင်သည့်သတင်းများ ထွက်ပေါ်နေပြီး ကွတ်ခိုင်၊ နမ့်ဖက်ကာမြို့တို့တွင် စာသင်ကျောင်းများ ပိတ်လိုက်ပြီး ကျောင်းသားများကို ပြန်လွှတ်နေကြောင်း​ဒေသခံအချို့က​ပြောသည်။

“ကျောင်းသားတွေကိုမိဘတွေကလာခေါ်နေတယ်။ ကျောင်းတွေပိတ်လိုက်တာဟုတ်တယ်။ လေကြောင်းကို ကြောက်နေကြတာ”ဟုကွတ်ခိုင်မြို့ခံတစ်ဦးကဩဂုတ်လ၁၅ရက် နံနက်ပိုင်းအခြေအနေကို ပြောသည်။

MNDAA အရာရှိအချို့ နှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)တိုင်းမှူးဗိုလ်မှူးချုပ်အေးမင်းဦးတို့သည် လားရှိုးမြို့၌ ယမန်နေ့(ဩဂုတ်လ ၁၄ရက်)ကထပ်မံတွေ့ဆုံဆွေးနွေးခဲ့ကြသည်။သိန္နီမြို့ကိုပြန်ပေးရေးအပါအဝင်စစ်ကောင်စီဘက်ကတောင်းဆိုမှုများကိုMNDAAကလက်မခံ၍ဆွေးနွေးပွဲအဖြေမထွက်ခဲ့ဟုဒေသခံသတင်းရင်းမြစ်ကပြောသည်။

Public Service Announcement

Public Service Announcement

သြဂုတ် ၁၄ ရက်ညပိုင်း နှင့် သန်းခေါင်အချိန်တွင် ရှမ်းမြောက်နှင့် နယ်စပ်မြို့များဖြစ်သည့် မန္တလေးတိုင်း၊ မိုးကုတ်မြို့ နှင့် ကချင်ပြည်နယ် မန်ဝိန်းကြီးဒေသကို စစ်ကောင်စီတပ်က ဗုံးကြဲခဲ့သည်။

“သူတောင်းတာမပေးရင် လေယာဉ်နဲ့ဗုံးကြဲမယ်ဆိုတာပေါ်တင်ကြေညာထားတာဆိုတော့ဒေသခံတွေ အရမ်းလန့်နေကြတယ်”ဟုသိန္နီမြို့ဒေသခံတစ်ဦးကပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၃၀ရက် နံနက်က ကွတ်ခိုင်မြို့၊ရပ်ကွက်(၂)ရှိ ရာစုသစ်ဟိုတယ်(၂) အနီးကို စစ်ကောင်စီက ဗုံးကြဲခဲ့ပြီး ယင်းလုပ်ရပ်သည်တရုတ်အစိုးရ၏စေ့စပ်ညှိနှိုင်းမှုများဖြင့်ခက်ခဲစွာရရှိထားသည့် အပစ်ရပ်သဘောတူညီချက်ကို ပြင်းထန်စွာ ချိုးဖောက်လိုက်ခြင်းဖြစ်ပြီး နှစ်ဖက်ယုံကြည်မှုကို ထိခိုက်စေကာရှမ်းပြည်မြောက်ပိုင်း၌ တိုက်ပွဲများပြန်ဖြစ်နိုင်ခြေကို အရှိန်မြင့်လိုက်ခြင်းဖြစ်ကြောင်းMNDAAက ထိုနေ့မှာပင် သတင်းထုတ်ပြန်ခဲ့သည်။ MNDAA ဘက်မှ ထိန်းသိမ်းနိုင်စွမ်းကို ဆက်လက်ထိန်းသိမ်းထားဆဲဟုအသိပေးထားပြီး လူထုဘေးကင်းလုံခြုံရေးအတွက် လိုအပ်သော အစီအစဥ်များချမှတ်သွားမည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။

ကွတ်ခိုင်မြို့အား ဗုံးကြဲမှုတွင်အရပ်သား (၇) ဦးသေဆုံး၊ (၁၃) ဦးဒဏ်ရာရခဲ့သည်။ဒဏ်ရာရရှိသူများတွင် အသက် ၂၀ အရွယ် တရုတ်နိုင်ငံသားတစ်ဦး ပါဝင်ခဲ့သည်။ ထို့နောက်ပိုင်းတွင်လည်း စစ်ကောင်စီကကွတ်ခိုင်မြို့နယ်အတွင်း လေကြောင်းမှကင်းထောက်မှုများ ဆက်တိုက်ပြုလုပ်နေသည်။

“ကွတ်ခိုင်နဲ့အနီးပတ်ဝန်းကျင်အပြင်ဗုံးကြဲတာတွေ ဆက်လာရင်တော့ ၁၀၂၇ တတိယလှိုင်း စလိမ့်မယ်” ဟု ရှမ်းပြည်နယ်မြောက်ပိုင်းမှသတင်းရင်းမြစ်တစ်ဦးကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုနဲ့ ဝက်လက်မြို့နယ်က သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ စစ်ကျွန်ပညာရေးဆန့်ကျင်ဖို့ နဲ့ လေကြောင်းအန္တရာယ်ကာကွယ်ဖို့ အသိပညာပေးလှုပ်ရှားမှုတွေ ဒီကနေ့ (ဇွန် ၂) မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

ကျောင်းသူတွေ နေတဲ့ အဆောင်ကို တမင် မီးရှို့ခဲ့တယ်ဆိုတဲ့ သံသယကြောင့် ကင်ညာရဲတပ်ဖွဲ့ဟာ ကျောင်းသူ မိန်းကလေး ၈ ဦးကို ဖမ်းဆီးထားပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်မှာ Depeyin Youth Community (DYC) အဖွဲ့မှ ရဲဘော်တွေက ပြည်သူလူထုကို လေကြောင်းအန္တရာယ်ကင်းစေဖို့ ရည်ရွယ်ကာ ကြိုတင်ကာကွယ်ရေးနဲ့ စစ်တပ်လေကြောင်းတိုက်ခိုက်မှုအတွင်း ဆောင်ရန်၊ ရှောင်ရန်တွေကို ဒီကနေ့ (မေလ ၂၃) မှာ အသိပညာပေးဟောပြောခဲ့ပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ထဲ အမြောက်တပ် အမတ ၃၄၄ကို အာရက္ခတပ်တော်(AA)နဲ့မဟာမိတ်တွေကမေလ ၁၅ရက်နေ့မှာ ယာယီထိန်းချုပ်နိုင်ခဲ့ပြီး လေကြောင်းရန်ကြောင်း ပြန်ဆုတ်ထားသလို အပြီးသတ်သိမ်းပိုက်နိုင်ရေး ဆက်လက်ထိုးစစ်ဆင်နေတယ်လို့စစ်​ရေးသတင်းရင်းမြစ်​တွေက​ပြောပါတယ်။