Connect with us

Hi, what are you looking for?

သတင်း

သီပေါမြို့ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု ပြည်သူ သုံးဦး ဒဏ်ရာရ

ဩဂုတ်-၁၈၊ ၂၀၂၅။ ထားမြတ်/People’s Spring

တအာင်းတပ်မတော်(TNLA)သိမ်းပိုက်ထားသည့် သီပေါမြို့ကို အာဏာသိမ်းစစ်ကောင်စီက ယနေ့ ဩဂုတ် ၁၈ရက် မနက် ၉နာရီခွဲတွင် လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသားတဦးနှင့် အမျိုးသမီး ၂ဦး ဒဏ်ရာရခဲ့သည်ဟု TNLA က ထုတ်ပြန်သည်။

သီပေါမြို့အနောက်ရပ်ကွက်နှင့် တောင်မြို့ရပ်ကွက်ရှိ ပြည်သူများရှိရာသို့ ဗုံးများကြဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နေအိမ် ၇လုံး ပျက်စီးခဲ့ကြောင်းလည်း အသိပေးသည်။

စစ်ကောင်စီတပ်သည် ဩဂုတ်အတွင်း သီပေါမြို့ကို လေကြောင်းတိုက်ခိုက်မှုသုံးကြိမ်ပြုလုပ်ခဲ့သည်။ ဩဂုတ် ၃ရက်နှင့် ၉ရက်က သီပေါမြို့ကို လေကြောင်း ဗုံးကြဲခဲ့ရာ ပြည်သူထိခိုက်မှုရှိခဲ့သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသည် ယခုလအတွင်း TNLA ထိန်းချုပ်ထားသည့် သီပေါ၊ ကျောက်မဲ၊ မိုးကုတ် မြို့များကို လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု ၈ကြိမ်ပြုလုပ်ခဲ့ရာ ကလေးငယ်နှင့် အမျိုးသမီးများ၊သံဃာများ အပါအဝင် ၃၈ဦးသေဆုံးကာ ၃၀ ဦး ဒဏ်ရာရရှိခဲ့ဟု TNLAက ထုတ်ပြန်ထားသည်။

စစ်ကောင်စီက ပြည်သူကို ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုများကျူးလွန် နေ၍ ပြည်သူများ စစ်ရေးသတိရှိရန်၊ လေကြောင်းရန်ကာကွယ် ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန် TNLAက တိုက်တွန်းထားသည်။

(သီပေါမြို့အား စစ်ကောင်စီလေကြောင်းတိုက်ခိုက်၍ နေအိမ်များ ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ – TNLA)

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ခင်ဦးမြို့နယ်တွေမှာ စာသင်ကျောင်းအပါအဝင် နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒေသခံတွေ ယခုရက်ပိုင်း ရင်ဆိုင်နေရတဲ့ရေဘေးကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ KPDF က စစ်ရေးလှုပ်ရှားမှုရပ်နားထားပေမယ့်စစ်တပ်ကဒီကနေ့ ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲပြီး စက်သေနတ်နဲ့ပါ ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ယောဒေသက ဆောမြို့နယ် နဲ့ထီးလင်းမြို့နယ်ကြားကို စစ်တပ်က လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။

သတင်း

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ရဲဘော်အထိအခိုက်မရှိခဲ့ပေမယ့် စခန်းပျက်စီးဆုံးရှုံးမှုများခဲ့တယ်လို့ မကွေးတိုင်း၊ရေစကြိုမြို့နယ် အခြေစိုက် Yesagyo Revolution Group (YRG) က ဒီကနေ့ ထုတ်ပြန်ပါတယ်။

Facebook