Connect with us

Hi, what are you looking for?

သတင်း

မတ္တရာမြို့နယ်အရှေ့ခြမ်းကို စစ်တပ်က စစ်ကြောင်းပြန်ထိုး

စစ်ကောင်စီတပ်ဟာမန္တလေးတိုင်း၊မတ္တရာမြို့နယ်အရှေ့ခြမ်းကိုပုသိမ်ကြီးမြို့နယ်နဲ့ပြင်ဦးလွင်မြို့နယ်အစပ်ကနေ တဆင့် စစ်ကြောင်းတွေ ထိုးလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဩဂုတ်−၁၉၊၂၀၂၅၊မေ/People’s Spring

စစ်ကောင်စီတပ်ဟာမန္တလေးတိုင်း၊မတ္တရာမြို့နယ်အရှေ့ခြမ်းကိုပုသိမ်ကြီးမြို့နယ်နဲ့ပြင်ဦးလွင်မြို့နယ်အစပ်ကနေ တဆင့် စစ်ကြောင်းတွေ ထိုးလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ခြေလျင်တပ်အပြင် စစ်ကား၊အိမ်စီးကားတချို့ပါပြီး ပုသိမ်ကြီးမြို့နယ်အရှေ့ခြမ်းက တောင်ကျော၊နှမ်းကြဲရွာဘက်ကနေ တဆင့် စစ်ကြောင်းထိုးလာတာလို့ ဒေသခံတွေက ပြောပါတယ်။

“ဒီဘက်ကနေစစ်ကြောင်းထိုးလာတာက နှစ်ခုစဉ်းစားစရာရှိတယ်။အယ်ဖာလ်ကိုပဲ ဝင်အောင်းမလား။ ဒီဘက် အ‌ယောင်ပြပြီး မြကန်သာရွာကိုဝင်ပတ်လား ပေါ့။လမ်းကြောကတော့ သင့်တယ်။ဒီဘေးပတ်လည်ကလည်းတပ်နဲ့ တပ်ဂိတ်တွေပဲရှိတော့ လုံခြုံရးလည်း စစ်ကြောင်းတွေအတွက်က အဆင် ပြေတယ်လေ”လို့ ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဩဂုတ် ၁၈ ရက်ကစတင်ပြီးနှမ်းကြဲ‌‌ရွာရဲ့အရှေ့ဘက်ကရှမ်းရိုးမတောင် တန်းဘက်ကနေ စစ်ကြောင်းလှုပ်ရှားတာ တွေရှိနေတယ်လို့ သိရပါတယ်။

အဲဒီစစ်ကြောင်းမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးတွေလည်းပါဝင်ပြီး ဒီတောင်တကြောမှာ ပြီးခဲ့တဲ့နှစ်ရက် လောက်ကတည်းက လက်နက်ကြီး အထိုင်ချထားတာ တွေလည်းပြုလုပ်ထားတယ်လို့ ဒေသခံ တွေကပြောပါတယ်။

မတ္တရာမြို့နယ်မှာ စစ်ကောင်စီတပ်က မန္တလေး- မတ္တရာလမ်းပိုင်းကို စိုးမိုးဖို့ကြိုးစားနေချိန် မြကန်သာကျေးရွာကို တော်လှန်ရေး ပူးပေါင်းတပ်တွေက ဝင်သိမ်းခဲ့ပြီးတဲ့နောက် စစ်တပ်က ပြန်လည်ထိုးစစ်ဆင်ဖို့ ကြိုးစားနေတာလို့ သိရပါတယ်။

(ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ − MDY PDF)

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဥဒိန်ရွာကို စစ်တပ်က အင်အားထပ်တိုးပြီးတဲ့နောက် ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘိုကြီးကျွန်းရွာ ဘုန်းကြီးကျောင်းပေါ် ဗုံးကျပြီး အမျိုးသားတစ်ဦး သေဆုံးကာ သံဃာတစ်ပါး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

မတ္တရာမြို့နယ်အရှေ့‌‌ခြမ်း နဲ့ မြို့အနီးကစစ်တပ် တက်စွဲထားရာ​နေရာ အများစုက​နေပြန်ဆုတ်နေပြီး မတ္တရာမြို့တွင်းမှာ စုဖွဲ့မှု ပြန်လုပ် နေတယ်လို့ ဒေသတွင်း တော်လှန်ရေး သတင်းအရင်းမြစ်တွေကပြောပါတယ်။

သတင်း

မကွေးတိုင်း၊မင်းတုန်းအနောက်ခြမ်းကတဆင့် ရခိုင်ရိုးမပေါ် စစ်ကြောင်းထိုးဖို့ ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေအနေနဲ့ စစ်အုပ်စုအရာရှိတွေကို ရှင်းလင်းနိုင်ခဲ့ရင် ကျပ်သိန်း ၁၀၀ ကနေ ၁၀၀၀ အထိ ရာထူးအဆင့်ပေါ်မူတည်ပြီး ဆုပေးမယ်လို့ သရက်ခရိုင်ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)တာ၀န်ခံကိုဗဟိန်းက ပြောကြားလိုက်ပါတယ်။

သတင်း

မန္တလေးတိုင်း၊မတ္တရာမြို့နယ်အတွင်း စစ်တပ် တပ်စွဲထားတဲ့ကြိမ်တောရွာ နဲ့ ကုန်းတန်းကြီးရွာတို့ကိုတော်လှန်ရေးပူးပေါင်းတပ်တွေ ကဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား၆ဦး ထပ်မနည်း သေဆုံးခဲ့တယ်လို့ တော်လှန်ရေး တပ် တွေက ထုတ်ပြန်ထားပါတယ်။

Facebook