Connect with us

Hi, what are you looking for?

သတင်း

ကေတုမတီမြို့ဟောင်း တူးဖော်ရေးကိစ္စ နောက် ကွယ်မှာ အကျိုးစီးပွားတွေပါနေတယ််လို့​ဒေသခံ​တွေ​ပြော

အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ညွှန်ကြား ချက်နဲ့ ပဲခူးတိုင်းအစိုးရအဖွဲ့က တောင်ငူကေတုမတီမြို့ဟောင်းပြန်လည်တူးဖော်ရေးလုပ်ကိုင်ဖို့ အဆင့်ဆင့်ညွှန်ကြားလာတာဟာ နောက်ကွယ်မှာ အကျိုးစီးပွားအတွက် တွန်းအားပေးနေတာမျိုးတွေ ရှိနေနိုင်တယ်လို့ ​ဒေသခံ​တွေကြားသုံးသတ်မှုတွေ ရှိနေပါတယ်။

အာဏာသိမ်း​ခေါင်း​ဆောင် ​ကေတုမတီမြို့​ဟောင်းသွားစဥ်။ ဓါတ်ပုံ-စစ်​ကောင်စီ

သြဂုတ်-၂၀၊၂၀၂၅။အာရုဏ်ဦး/People’s Spring

အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ညွှန်ကြား ချက်နဲ့ ပဲခူးတိုင်းအစိုးရအဖွဲ့က တောင်ငူကေတုမတီမြို့ဟောင်းပြန်လည်တူးဖော်ရေးလုပ်ကိုင်ဖို့ အဆင့်ဆင့်ညွှန်ကြားလာတာဟာ နောက်ကွယ်မှာ အကျိုးစီးပွားအတွက် တွန်းအားပေးနေတာမျိုးတွေ ရှိနေနိုင်တယ်လို့ ​ဒေသခံ​တွေကြားသုံးသတ်မှုတွေ ရှိနေပါတယ်။

မြို့ဟောင်းတူးဖော်ရေးလုပ်ငန်းမှာ စီးပွားရေးအကျိုးအမြတ်အရ နောက်ကွယ်ကပါဝင်နိုင်သူဟာတောင်ငူမြို့သား CB ဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးဖြစ်နိုင်ပြီး လက်ရှိမှာလည်း တောင်ငူမှာရှိတဲ့ လေးကျွန်းကန်တော်ကြီးကို ပြုပြင်ထိန်းသိမ်းဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ နှစ်ရှည်ငှားရမ်းလုပ်ကိုင်နေတယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။ ဒါ့အပြင် မြို့ဟောင်းတူးဖော်ရေးလုပ်ငန်းတွေမှာလည်း ပါဝင်ပံ့ပိုးတာမျိုးတွေ လုပ်ဆောင်နေသူဖြစ်တယ်ဆိုတာ တောင်ငူ​​သေခံတွေ သိရှိကြပြီးဖြစ်တယ်လို့ အကြောင်းစုကိုသိရှိထားပြီးဖြစ်တဲ့ မြို့ခံတချို့က ပြောပါတယ်။

“သမ္မတကြီး ဦးသိန်းစိန်လက်ထက်ကတည်းက တောင်ငူမှာ ရှေးဟောင်းနေရာတွေ၊ စေတီ၊ ဘုရားကျောင်းကန်တွေဖော်ထုတ်တယ်၊ပြန်လည်တည်ဆောက်တယ်ဆိုရင် အလှူ့ဒါယကာကြီးကဘယ်သူ၊ ဘယ်သူတွေလုပ်တယ်ဆိုတာ တောင်ငူမြို့သားတွေ သိကြမှာပါ။ အဓိက CB ဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးပါ”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အခုလက်ရှိကေတုမတီမြို့ဟောင်းတူးဖော်ရေးအကောင်အထည်ဖော်ချင်သူတွေထဲမှာစစ်ခေါင်းဆောင်မင်းအောင်လှိုင်ပြီးရင် ဦးခင်မောင်အေးဟာ ထိပ်ဆုံးစာရင်းကပါဝင်နိုင်တယ်လို့ အဲဒီမြို့ခံက သူ့အမြင်ကို ပြောပါတယ်။

မြို့ဟောင်းတူးဖော်ရေးလုပ်ငန်းနဲ့စပ်လျဥ်းပြီး ရှေးဟောင်းယဥ်ကျေးမှုဇုန်နဲ့ မလွတ်ကင်းဘူးဆိုကာ ဘုရားတစ်ဆူနဲ့ ဘာသာရေးကျောင်းပေါင်း ၂၀ ကိုဖယ်ရှားရှင်းလင်းဖို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းအစိုးရအဖွဲ့က သြဂုတ် ၇ ရက်နေ့အစည်းအဝေးဆုံးဖြတ်ချက်နဲ့ အမိန့်ထုတ်ထားပါတယ်။

ကေတုမတီမြို့ဟောင်း မြို့ရိုးနဲ့ ကျုံးပြန်လည်တူးဖော်ဖို့တိုင်းတာရာမှာ ယဥ်ကျေးမှုဇုန်နဲ့မလွတ်ကင်းတဲ့ ဘုရားတစ်ဆူ၊ သီလရှင်ကျောင်းတစ်ကျောင်း၊ ဘုန်းကြီးကျောင်း ၁၈ ကျောင်းနဲ့ ခရစ္စယာန်ဘုရားကျောင်းတစ်ကျောင်းပါဝင်တယ်လို့ စစ်ကောင်စီသာသနာရေးဦးစီးဌာနရဲ့ တောင်ငူမြို့နယ် သံဃနာယကအဖွဲ့ထံလျှောက် ထားချက်မှာ ဖော်ပြပါတယ်။

“တကယ်ဆိုရင်တိုင်းပြည်ဖွံဖြိုးရေးဆိုတာ နိုင်ငံမှာစီးပွား​ရေး စားဝတ်နေရေးတွေကိုအရင် တိုးတက်အောင်အဓိကလုပ်ရမယ်လို့ထင်ပါတယ်။ အေးချမ်းတည်ငြိမ်မှသာ ဒါမျိုးတွေလုပ်သင့်ပါတယ်။ လူတွေကစားဝတ်နေရေးခက်ခဲနေချိန်မှာ တပူပေါ်တပူဆင့် ဆိုသလိုမျိုးတွေလုပ်ဆောင်နေတာကို ဘေးနားအကြံ‌ပေးတဲ့သူတွေလဲဦးနှောက်ရှိသင့်ပါတယ်”လို့ စစ်ကောင်စီရဲ့ မြို့ဟောင်းတူးဖော်မယ့်လုပ်ရပ်အပေါ် တောင်ငူဒေသခံတစ်ဦးက မှတ်ချက်ပေးပါတယ်။

ယနေ့ခေတ်ကမ္ဘာကြီးမှာ အပြိုင်အဆိုင်ဖွံဖြိုး​ပြီးအာကာသထိ တက်နေကြချိန်မှာ ဒီနိုင်ငံကတော့ ဘိုးတော်ဘုရားလေးဘက်သွားတဲ့ခေတ်ကို ပြန်ရှာဖွေနေတာဟာ လမ်းလွဲနေသလိုဖြစ်နေတယ်လို့ သူ့အမြင်ကို ဆက်ပြောပါတယ်။

စစ်ခေါင်း ဆောင်မင်းအောင်လှိုင်ကိုယ်တိုင် သြဂုတ် ၂ ရက်မှာ တောင်ငူမြို့နှင့် ကေတုမတီမြို့ဟောင်းသို့သွားရောက်ခဲ့ပြီး အရှေ့ဘက်မြို့ရိုးမှာရှိတဲ့ ယိုးဒယားဘောင်၊ အနောက်ဘက်မြို့ရိုးတူးဖော်ထားရှိမှု၊ ရေကျုံးနဲ့ မြို့ပတ်လမ်းစတဲ့နေရာတွေကို လှည့်လည်ကြည့်ရှူ့ပြီး မြို့ဟောင်းတူဖော်ရေးနဲ့ ထိမ်းသိမ်းစောင့်ရှောက်ရေးလုပ် ငန်းတွေလုပ်ကိုင်အမိန့်ထုတ်ခဲ့တယ်လို့ စစ်ကောင်စီမီဒီယာတွေမှာ ဖော်ပြခဲ့ပါတယ်။

မင်းအောင်လှိုင်အပါအဝင် အာဏာသိမ်းစစ်အုပ်စုတစ်ခုလုံးဟာ ဗေဒင်ယတြာတွေကိုယုံကြည်ပြီး ဘုရားတည်တာ၊ ကျောင်းဆောက်တာ၊ထီး​တော်တင်၊သိမ်တင်တာတွေကိုခမ်းခမ်းနားနားလုပ်​လေ့ရှိသလို တဖက်မှာ​ပြည်သူ​တွေကိုမကြာ ဗုံးကြဲသတ်ဖြတ်သလို ၊ဘာသာ​ရေးအ​ဆောက်အအုံ​တွေကိုလည်းဗုံးကြဲဖျက်ဆီး​လေ့ရှိပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ တောင်ငူမြို့ကိုအာဏာသိမ်းခေါင်း​ဆောင် မင်းအောင်လှိုင်လာပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းရုပ်ထု ဖယ်ရှားခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က ယာဥ်အိုယာဥ်ဟောင်းတွေ အပ်နှံပြီး လျှပ်စစ်သုံးယာဉ်(EV) တင်သွင်းမယ့်စနစ် စတော့မယ်လို့ သိရပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ အိန္ဒိယခရီးစဥ်အပေါ် နယူးဒေလီရောက် မြန်မာတွေက ငြိမ်းချမ်းစွာဆန္ဒပြဖို့ ခွင့်ပြုချက်ကို ရဲတပ်ဖွဲ့ဒုတိယမဟာမင်းကြီးဆီ တောင်းဆိုလိုက်ပါတယ်။

အတွေးအမြင်

မြန်မာပြည်မှာ အာဏာရှင်တွေဟာ သူတို့ဟာ ဘုန်းကံရှင်တွေ မင်းကောင်းမင်းမြတ်တွေ အဖြစ် အများပြည်သူတွေ ထင်လာအောင် လုပ်တဲ့နည်းအချို့ ရှိပါတယ်။